သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G7 ၃ ရက်ကြာ ထိပ်သီးအစည်းဝေး အီတလီမှာ စတင်


G7 နိုင်ငံခြားရေးဝန်ကြီးတွေ သုံးရက်ကြာအစည်းအဝေး အီတလီနိုင်ငံ Capri ကျွန်းမှာ ကျင်းပနေ။ (April 17, 2024)
G7 နိုင်ငံခြားရေးဝန်ကြီးတွေ သုံးရက်ကြာအစည်းအဝေး အီတလီနိုင်ငံ Capri ကျွန်းမှာ ကျင်းပနေ။ (April 17, 2024)

G7 ခေါ် စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အီတလီနိုင်ငံ Capri ကျွန်းမှာ သုံးရက်ကြာ အစည်းအဝေး ကို ဗုဒ္ဓဟူးနေ့မှာ စလိုက်ကြပါတယ်။

အစ္စရေးနဲ့ အီရန်ကြား တင်းမာမှု၊ ဂါဇာစစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲတွေက အစည်းအဝေးရဲ့ အဓိက အကြောင်းရပ်တွေ ဖြစ်ကြမှာပါ။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ကနေဒါ နဲ့ ဂျပန်တို့ တက်ရောက်နေကြတာပါ။

အလှည့်ကျ သဘာပတိ အီတလီ က ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် တွန်းအားပေးပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခ ပြေလျော့ရေးကို ပြောပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေက ချုပ်တီးဖို့ ပြောပေမဲ့ အစ္စရေးက လက်တုံ့ပြန်ဖို့ အလားအလာ များနေပါတယ်။

နိုင်ငံတကာ တင်းမာမှုနောက်ခံမှာ အီတလီဦးဆောင်တဲ့ G7 အဖွဲ့ ဟာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရပါမယ်လို့ အီတလီ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani က သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ညနေမှာ အီရန်နဲ့ ဂါဇာအရေး ဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းစစ်ပွဲကလည်း အရေးကြီး အကြောင်းတစ်ရပ်ဖြစ်ပြီး ကြာသပတေးနေ့ မှာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုး အတွင်းရေးမှူးချုပ် Jens Stoltenberg တို့လည်း အစည်းအဝေး တက်ရောက်ကြမှာ ဖြစ်ပါတယ်။

G7 ၃ ရက်ကြာ ထိပ်သီးအစည်းဝေး အီတလီမှာ စတင်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG