သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-7 အစည်းအဝေးအတွက် ကန်နိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံရောက်ရှိ

 G7 စက်မှုထိပ်သီးအစည်းအဝေးတက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
G7 စက်မှုထိပ်သီးအစည်းအဝေးတက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီကနေ့ အင်္ဂါနေ့ ဂျပန်နိုင်ငံမှာ G7 စက်မှုထိပ်သီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ၂ ရက်ကြာဆွေးနွေးပွဲစတင်ပါတယ်။ ဒီ ဆွေးနွေးပွဲမှာ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုအပေါ် အစ္စရေးရဲ့ လက်တုံ့ပြန်မှုတွေကြား ဆိုးရွားလာနေတဲ့ ဂါဇာကမ်းမြောင်ဒေသက လူသားချင်းစာနာထောက်ကူမှု ပြဿနာတွေကို ဖြေရှင်းဖို့ အဓိကထား ဆွေးနွေးမှာဖြစ်ပါတယ်။

ဂျပန်ခရီးစဉ်မတိုင်ခင် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံရာမှာတော့ စာနာမှုဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့တာပါ။

"အသေးစိတ် ကိစ္စတွေကို နေ့စဉ်နဲ့အမျှ ဆွေးနွေးနေပြီး အထူးသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေပါ။" လို့ ဝန်ကြီး Blinken ပြောသွားတာပါ။

ဝန်ကြီး Blinken ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ရုရှား-ယူကရိန်းစစ်ပွဲ၊ မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုအသစ်လုပ်နေတဲ့ အပေါ်စိုးရိမ်မှုတွေနဲ့ တရုတ်ရဲ့ ဩဇာကြီးထွားလာတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့လည်း G7 နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်သွားမယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။

ဂျပန်ခရီးစဉ် အပြီးမှာတော့ အမေရိကန်နဲ့ မဟာမိတ် နှစ် ၇၀ ပြည့်အဖြစ် တောင်ကိုရီးယားကို ခရီးဆက်ပြီး သမ္မတ Yoon Suk Yeol နိုင်ငံခြားရေးဝန်ကြီး Park Jin တို့နဲ့ တွေ့ဆုံမှာပါ။ ဒီနောက်မှာတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က 12+2 ဆွေးနွေးပွဲကို တက်ရောက်ဖို့လည်း စီစဉ်ထားပါတယ်။

G-7 အစည်းအဝေးအတွက် ကန်နိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံရောက်ရှိ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG