သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ့်နယ်ခြားစောင့်တပ် ရိုက်နှက်ပြန်ပို့ခဲ့ (Fortify Rights)


မြန်မာနယ်စပ်မှာလုံခြုံရေးယူနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားများ (ယခင်ပုံဟောင်း)
မြန်မာနယ်စပ်မှာလုံခြုံရေးယူနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားများ (ယခင်ပုံဟောင်း)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀ လောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေက ရိုက်နှက်ပြီး မြန်မာနိုင်ငံဘက် အနည်းဆုံး ၆ ကြိမ် အတင်းအကျပ် ပြန်ပို့ခဲ့တဲ့အကြောင်း ဒေသအတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီလို ရိုက်နှက် ပြန်ပို့ခဲ့တဲ့ တာဝန်ရှိသူတွေကို စုံစမ်း အရေးယူပေးဖို့ Fortify Rights အဖွဲ့ကြီးက ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ပဋိပက္ခတွေ တိုးလာပြီး အသက် အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကို သိသိနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရက်စက်မှုတွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေက ရိုက်နှက် ပြန်ပို့ခဲ့တဲ့ အကြောင်း Fortify Rights အဖွဲ့ကြီးက ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်းတောမြို့နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉ ဦးကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလနဲ့ ဧပြီလအတွင်း Fortify Rights အဖွဲ့ကြီးက တွေ့ဆုံမေးမြန်းခဲ့တဲ့အကြောင်းနဲ့၊ သူတို့ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေက အတင်းအကျပ်ပြန်ပို့ခဲ့တဲ့အကြောင်းနဲ့၊ ၆ ယောက်က သူတို့ ရိုက်နှက်ခံရတဲ့အကြောင်းတွေ ပြောပြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ AA အာရက္ခတပ်တော်တို့အကြား ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်၊ မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေပြီး အန္တရာယ်ရင်ဆိုင်နေရချိန်မှာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့တာဖြစ်တယ်လို့ Fortify Rights အဖွဲ့ကြီးက ပြောပါတယ်။ ဒီလို ပြန်ပို့တာကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတွေကိုယ်တိုင် ဝန်ခံပြောဆိုထားတဲ့အကြောင်းတွေကို ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG