သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုကမ်းခြေရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသခံတွေမောင်းထုတ်ခဲ့


အင်ဒိုနီးရှားနိုင်ငံ၊ အာချေးအနောက်ပိုင်းဒေသကို ထပ်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ? (မတ်လ ၂၃၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးအနောက်ပိုင်းဒေသကို ထပ်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ? (မတ်လ ၂၃၊ ၂၀၂၄)

အင်ဒိုနီးရှားရဲ့ အနောက်ဘက်ဆုံးကမ်းခြေကို ရောက်လာခိုလှုံနေကြတဲ့ရိုဟင်ဂျာတွေကို သူတို့ ယာယီခိုနားရာနေရာကနေ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ယာယီစခန်းတွေကနေ ကားနဲ့ ဆယ်မိနစ်လောက်သွားရတဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူးရုံး နောက်ဘက်ကဝင်းကို ရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ထွက်ပြေးနေထိုင်နေကြရတဲ့ ရိုဟင်ဂျာတွေဟာ နှစ်စဥ် ပင်လယ်ပြင်ကိုဖြတ်သန်းပြီး မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေကို သွားကြတာပါ။ ဒါပေမဲ့ မကြာမီလတွေအတွင်း အာချေးကိုရောက်လာတဲ့ ရိုဟင်ဂျာလှေတွေနဲ့ ယာယီခိုလှုံရာစခန်းရောက်ပြီးသူတွေကို ဒေသခံတွေက ပြန်နှင်ထုတ်လာကြပါတယ်။ အရင်အပတ် ကြာသပတေးတုန်းက မှောက်နေတဲ့လှေပေါ်ကနေ ရိုဟင်ဂျာဒုက္ခသည် ၆၉ ယောက်ကို အာဏာပိုင်တွေက ကယ်တင်ခဲ့တာပါ။ တခြား ၆ ယောက်ကိုတော့ သည့်အရင်တရက်က တံငါတွေက ကယ်တင်ခဲ့ကြပါတယ်။

လှေမမှောက်ခင်က လူ ၁၅၀ လောက်ပါတယ်လို့ အကယ်ခံရသူတွေက ပြောပါတယ်။ သူတို့ကို ကြက်ခြေနီအဆောက်အဦဟောင်းထဲမှာထားပေမဲ့ ဒေသခံတွေက အင်္ဂါနေ့ကဝင်ရောက်ပြီး ထွက်ခိုင်းခဲ့ကြတာပါ။ ရိုဟင်ဂျာတွေပြုမူပုံက လူမှုရေးအရဆိုးဝါးတယ်လို့ ဒေသခံတွေက ပြောကြောင်း အေအက်ဖ်ပီသတင်းက ဆိုပါတယ်။

အင်ဒိုကမ်းခြေရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဒေသခံတွေမောင်းထုတ်ခဲ့
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG