သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးတဲ့နှုန်း ကျဆင်းလာ (UNICEF)


ကိုဗစ်ကာကွယ်ရေးထိုးနေစဉ် (ယခင်ပုံဟောင်း)
ကိုဗစ်ကာကွယ်ရေးထိုးနေစဉ် (ယခင်ပုံဟောင်း)

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကာကွယ်ဆေးထိုးတဲ့နှုန်း ကျဆင်းလာခဲ့ပြီး ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေ ကူးစက်နိုင်ခြေ တိုးလာတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေ အဖွဲ့ UNICEF က ဒီကနေ့ သတိပေးထားပါတယ်။

ဒါကြောင့် ကလေးသူငယ်တွေအတွက် ကာကွယ်နိုင်တဲ့ ရောဂါတွေ ကူးစက်ခံစားရတာမျိုး မဖြစ်အောင် အချိန်မီ ကာကွယ်ဆေးထိုးဖို့ ဧပြီလ ၂၄ ရက်ကနေ ၃၀ ရက်နေ့အတွင်း ကမ္ဘာ့ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး ရက်သတ္တပတ်မှာ UINCEF က တိုက်တွန်းထားပါတယ်။

တချိန်တည်းမှာ ငှက်ဖျား ရောဂါဟာ မြန်မာနိုင်ငံက ကလေးငယ်တွေ အပါအဝင် ကလေးလူကြီး ကျား၊မ မရွေး လူတိုင်း ရောဂါ ခံစားရနိုင်တာကြောင့် "အနာဂတ်မှာ ငှက်ဖျားရောဂါကင်းအောင် ကြိုးစားကြပါစို့" လို့ဆိုပြီးတော့လည်း မနေ့က ကျရောက်တဲ့ ကမ္ဘာ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့မှာ UNICEF က နှိုးဆော်ထားပါတယ်။

ကမ္ဘာ့ကလေးငယ် ဦးရေရဲ့ လေးပုံတပုံဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ နေထိုင်နေကြရပြီး ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အပါအဝင် ပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၈၁ နိုင်ငံအတွက် အရေးပေါ် ထောက်ပံ့ရေးပစ္စည်းနဲ့ အသက်ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ သန်း ၈၉၀ ကျော်ဖိုး သုံးစွဲခဲ့တဲ့ အကြောင်းလည်း UINCEF အဖွဲ့ကြီးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက ကလေးသူငယ် ၆ သန်းလောက် အပါအဝင် လူဦးရေ ၁၈ သန်းကျော်ဟာ မကြုံစဖူး လူသားချင်း စာနာ ထောက်ထားမှု အကူအညီ လိုအပ်နေပြီး နိုင်ငံအတွင်း အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာတာ၊ ရာသီဥတုနဲ့ ဆက်စပ်တဲ့ ကပ်ဘေးတွေ အပြင် ဆင်းရဲမွဲတွေမှုနဲ့ အများပြည်သူ ဝန်ဆောင်မှုတွေ ယိမ်းယိုင် လာနေတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေ ရတဲ့အကြောင်း UNICEF အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG