သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဒေသတွေက ကလေးငယ်တွေ အခွင့်အရေး ချိုးဖောက်ခံနေရ

ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ကမ္ဘာတဝှမ်း ပဋိပက္ခ ဖြစ်ပွားတဲ့ ဒေသတွေမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေ ချိုးဖေါက်ခံနေရပြီး လူသားချင်းစာနာမှု အကူအညီတွေ ငြင်းပယ်ခံနေရတာတွေ ပိုတိုးလာနေတဲ့အကြောင်း လက်နက်ကိုင် ပဋိပက္ခတွေကြား ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မနေ့က လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုသွားပါတယ်။

"လူသားချင်း စာနာမှု အကူအညီတွေ ငြင်းပယ်ခံရတဲ့အတွက် ရေရှည်အနေနဲ့ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေသလို၊ သူတို့ရဲ့ အသက်ရှင် ရပ်တည်ခွင့်၊ ပညာသင်ခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု အမြင့်ဆုံးအဆင့်ရပိုင်ခွင့် စတဲ့ အခြေခံအခွင့်အရေးတွေ ချိုးဖေါက်ခံနေရပါတယ်။ ဆူဒန်နဲ့ Sahel ဒေသတွေမှာ တွေ့ရသလိုပဲ ဘေးကင်းလုံခြုံရာမှာ ခိုလှုံခွင့်ကိုလည်း ပိတ်ပင်ခံနေရပါတယ်" လို့ လက်နက်ကိုင် ပဋိပက္ခတွေကြား ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Virginia Gamba က ပြောဆိုသွားတာပါ။

လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ Malta နိုင်ငံ သံအမတ်ကြီး Vanessa Frazier ကလည်း ဂါဇာ၊ ဆူဒန်၊ ဟေတီ၊ ယူကရိန်း၊ အာဖဂန်နစ္စတန်နဲ့ ယီမင်နိုင်ငံတွေမှာ အရေးပေါ် လိုအပ်နေတဲ့ အခြေအနေတွေကို ထောက်ပြသွားပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက ကလေးသူငယ်တွေအပေါ် အခွင့်အရေးချိုးဖေါက်မှု အကြိမ် လေးသောင်းကျော်နီးပါးကို ဖေါ်ထုတ်နိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ ပတ်သက်လို့တော့ ပြီးခဲ့တဲ့နှစ်က လက်နက်ကိုင်ပဋိပက္ခတွေအကြား မြေမြှုပ်မိုင်းနဲ့ ဖေါက်ခွဲရေး ပစ္စည်းတွေကြောင့် သေဆုံး ထိခိုက်ဒဏ်ရာ ရတဲ့ အရပ်သားတွေထဲမှာ ၂၁ ရာခိုင်နှုန်းက ကလေးငယ်တွေ ဖြစ်နေတယ်လို့ မတ်လဆန်းကပဲ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီရင်ခံစာ အသစ်မှာ ဖော်ပြထားပါတယ်။

မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ် က မြန်မာနိုင်ငံမှာ သေဆုံးသူက ၁၈၈ ယောက်ရှိပြီး ဒဏ်ရာရသူက ၈၆၄ ယောက် ရှိတဲ့အကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခကြောင့် ထိခိုက်နေရတဲ့ ကလေးငယ်တွေကို ပံ့ပိုးကူညီဖို့အမေရိကန်ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေတဲ့အကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ၂၀၂၂ ခုနှစ်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

ပဋိပက္ခဒေသတွေက ကလေးငယ်တွေ အခွင့်အရေး ချိုးဖောက်ခံနေရ
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG