သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသားတွေ ပြည်ပအလုပ်ထွက်လုပ်ခွင့် စစ်ကောင်စီပိတ်ပင် 


EPA စနစ်နဲ့ ကိုရီးယားထွက် အလုပ်လုပ်ကြမည့်သူများ (ဧပြီလ ၃၀၊ ၂၀၂၄)
EPA စနစ်နဲ့ ကိုရီးယားထွက် အလုပ်လုပ်ကြမည့်သူများ (ဧပြီလ ၃၀၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ အမျိုးသားတွေကို မေလ ၁ ရက်နေ့က စပြီး နိုင်ငံခြားထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက ယာယီရပ်ထားလိုက်ပါတယ်။ ထွက်ခွာခွင့် ကိစ္စတွေ ပိုမိုအချိန်ယူ စိစစ်နိုင်ဖို့နဲ့ တခြားအခြေအနေအရ ယာယီဆိုင်းငံ့ထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီး အမျိုးသား အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေ စစ်ကောင်စီက အသက်သွင်းခဲ့ပြီးနောက် နိုင်ငံပြင်ပကို လူငယ်အများအပြားထွက်ခွာသွားကြသလို ထွက်ခွာနိုင်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေလည်း အများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အမျိုးသားတွေ နိုင်ငံခြားထွက်ခွင့်ကို စစ်ကောင်စီက ယာယီရပ်ဆိုင်းလိုက်တာပါ။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင် အသက်ဝင်တယ်လို့ စစ်ကောင်စီကကြေညာခဲ့တဲ့ ဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေ၊ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အရွယ် အမျိုးသမီးတွေ စစ်မှုထမ်းရမှာဖြစ်ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက် ကျွမ်းကျင်သူတွေဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အရွယ်အထိ အမျိုးသား၊ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အမျိုးသမီးတွေ စစ်မှုထမ်းရမယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။ တချို့မြို့နယ်တွေမှာ လူငယ် လူရွယ်တွေကို စစ်တပ်က အတင်းအကျပ် ခေါ်ဆောင်သွားတာတွေလည်း ရှိနေပါတယ်။

မြန်မာအမျိုးသားတွေ ပြည်ပအလုပ်ထွက်လုပ်ခွင့် စစ်ကောင်စီပိတ်ပင် 
please wait

No media source currently available

0:00 0:00:34 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG