သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကန် ဒေါ်လာသန်း ၃၀ ကျော် ထပ်မံ ထောက်ပံ့မည်

အင်ဒိုနီးရှားနိုင်ငံကိုထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံကိုထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)

ဘင်္ဂလားဒေရှ့်နိုင်ငံက Cox’s Bazar၊ Bhasan Char နဲ့ ဒေသတွင်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ ၃၀.၅ သန်း ကူညီထောက်ပံ့လိုက်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ အဟာရ၊ သောက်သုံးရေနဲ့ နေထိုင်ရေးတို့အတွက်အပြင် လူသားချင်းစာနာတဲ့ အကူအညီတွေအပေါ် မှီခိုအားထားနေရတဲ့ အခြေအနေကနေ လွတ်ပြီး ကိုယ့်ကိုယ်ကို အားကိုးနိုင်ရေး အစပြု ဆောင်ရွက်မှုတွေအတွက် ဒီငွေတွေကို အသုံးပြုမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက ကြေညာပါတယ်။

လူဦးရေ၊ ဒုက္ခသည်နဲ့ အခြေချနေထိုင်သူများဆိုင်ရာဌာနဲ့ USAID ကနေ တဆင့်အကူအညီတွေကို ပေးသွားမှာဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံအတွက် အမေရိကန်အစိုးရက ပေးနေတဲ့ လုံခြုံရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ လူသားချင်းစာမှုဆိုင်ရာ ပေးနေတဲ့ အကူအညီတွေကို သွားရောက်လေ့လာရင်း အခုလို ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၃၀.၅ သန်း ထပ်ပြီး ကူညီမယ်လို့ အစားအစာနဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် Jeffrey Prescott ကကြေညာခဲ့တာပါ။

မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အများဆုံး ထောက်ပံ့ကူညီမှုတွေကို အမေရိကန်က ပေးနေတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် August လထဲကစလို့ အမေရိကန်ပေးနေတဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၂.၄ ဘီလျံရှိပြီး၊ ဒေါ်လာ ၁.၉ ဘီလျံကို ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံက အိမ်ရှင် လူမှုအသိုင်းအဝိုင်းတွေအတွက် သုံးစွဲခဲ့တယ်လို့ အမေရိကန်အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကန် ဒေါ်လာသန်း ၃၀ ကျော် ထပ်မံ ထောက်ပံ့မည်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG