သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကျွန်းတည်ဆောက်မှု ဖိလစ်ပိုင် ဟန့်တားမည်


ဖိလစ်ပိုင်သင်္ဘောနှစ်စီးကို တရုတ်က အားပြင်းမီးသတ်ပိုက်နဲ့ထိုးနေစဉ် (ဧပြီ ၃၀၊ ၂၀၂၄)
ဖိလစ်ပိုင်သင်္ဘောနှစ်စီးကို တရုတ်က အားပြင်းမီးသတ်ပိုက်နဲ့ထိုးနေစဉ် (ဧပြီ ၃၀၊ ၂၀၂၄)

တောင်တရုတ်ပင်လယ်ပြင်ထဲ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုတွေထဲတခုဖြစ်တဲ့ Sabina Shoal ကျွန်းမှာ တရုတ်နိုင်ငံက တည်ဆောက်ရေး လုပ်ငန်းတွေ မလုပ်နိုင်အောင် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က စောင့်ကြပ် တားဆီးသွားမယ်လို့ တနင်္လာနေ့မှာပြောပါတယ်။

တရုတ်က ကျွန်းတုတခုတည်ဆောက်နေတယ်လို့ ဖိလစ်ပိုင်က စွပ်စွဲပြောဆိုတဲ့ Sabina Shoal ကျွန်းမှာ ကမ်းခြေစောင့်တပ်သင်္ဘောနှစ်စင်း နေရာယူစောင့်ကြပ်နေတဲ့အကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က စနေနေ့ကပြောဆိုတာပါ။ သင်္ဘောနှစ်စင်း ကျွန်းမှာနေရာစပြီးချထားတဲ့ ဧပြီလအလယ်ပိုင်းကတည်းက သဲသောင်တွေပေါ်မှာ သန္တာကျောက်တန်းတွေကိုဖျက်ထားတဲ့ အပျက်အစီးပုံ အရွယ်အစားအမျိုးမျိုး တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်းမှာတည်ရှိတဲ့ ဒီ Sabina Shoal ကျွန်းဟာ Second Thomas Shoal ကျွန်းမှာရှိတဲ့ ဖိလစ်ပိုင် စစ်သင်္ဘောအဟောင်းမှာ ချထားတဲ့ မြေပြင်တပ်တွေဆီကို ထောက်ပို့လုပ်ငန်းတွေဆောင်ရွက်ပေးနေတဲ့ သင်္ဘောတွေ ဆုံတဲ့နေရာလည်း ဖြစ်ပါတယ်။

ဒီလပိုင်းတွေအတွင်း တောင်တရုတ်ပင်လယ်ထဲ တရုတ်နဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့်သင်္ဘောတွေမကြာခဏထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ့သလို တရုတ်ဘက်က ဖိလစ်ပိုင်သင်္ဘောတွေကို ရေပိုက်ကြီးတွေနဲ့ ထိုးပြီး ဟန့်တားခဲ့တဲ့လုပ်ရပ်တွေကြောင့် တင်းမာမှုတွေရှိနေတာပါ။

တရုတ်ကမ်းခြေစောင့်တပ်တွေ Sabina Shoal ကျွန်းမှာ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဖို့ကြိုးစားနေတာကို ပိတ်ပင်တားဆီးသွားမယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ပြောခွင့်ရ Jay Tarriela ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကျွန်းတည်ဆောက်မှု ဖိလစ်ပိုင် ဟန့်တားမည်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG