သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်နဲ့ တရုတ်ကြား ကျွန်းတုကိစ္စအငြင်းပွါး

Philippines South China Sea
Philippines South China Sea

တရုတ်က တရားမဝင် ကျွန်းတုတည်ဆောက်နေတာကို စောင်ကြည့်ဖို့အတွက် ဖိလစ်ပိုင်ကမ်းခြေစောင့် တပ် သင်္ဘောတစင်းကို စေလွှတ်ထားတယ်လို့ ဖိလစ်ပိုင် သမ္မတ မားကို့စ်ဂျူနီယာက ကြေငြာချက်ထုတ်ပြန်ပြောဆိုပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်ပိုင်နက်အငြင်းပွားမှု ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်းက Sabina Shoal ဆာဘီနာ ရှိုဝယ်လ် ကျွန်းအနီး တရုတ်က ကျွန်းတုတခု တည်ဆောက်နေတယ်လို့ ဖိလစ်ပိုင်ဘက်စွပ်စွဲထားပြီး၊ ဖိလစ်ပိုင် ကမ်း ခြေစောင့်သင်္ဘောတစီးကို ပို့ဆောင်ထားတယ်လို့ စနေနေ့မှာ ဖိလစ်ပိုင်ကပြောဆိုလိုက်ပါတယ်။

ဒီနေရာမှာ တရုတ်က တရားမဝင် ကျွန်းတုတည်ဆောက်နေတာကို စောင်ကြည့်ဖို့အတွက် ဖိလစ်ပိုင်ကမ်းခြေစောင့် တပ် သင်္ဘောတစင်းကို စေလွှတ်ထားတယ်လို့ ဖိလစ်ပိုင် သမ္မတ မားကို့စ်ဂျူနီယာက ကြေငြာချက်ထုတ်ပြန်ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်မှာရှိတဲ့ တရုတ်သံရုံးကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ချက်ခြင်း တုန့်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဒီကိစ္စအတွက် တရုတ်သံအရာရှိတွေကို တိုင်းပြည်ကနေ နှင်ထုတ်ဖို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေးက သောကြာနေ့တုန်းက ရေတပ်ဗိုလ်ချုပ်ကြီးကို တိုက်တွန်းခဲ့တဲ့ ဖုန်းဆက်သွယ် စကားပြောချက်ပေါက်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်းတွေအပါအဝင် ရေပိုင်နက် အတော်များများကို တရုတ်က သူပိုင်လို့ ကြွေးကြော်ထားပါတယ်။ Sabina Shoal ကျွန်းစုမှာ ပေါ်ထွန်းနေတဲ့ သောင်ကုန်းပေါ်မှာ ပယ်လယ်ရေအောက် သန္တာ ကျောက်တန်းတွေကို တူးပြီး ဖို့ထားတဲ့ အထောက်အထားတွေကို မှတ်တမ်းတင်ဖို့ ကမ်းခြေစောင့်တပ် သင်္ဘောတစင်းကို ချထားတယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ Jay Tarriela ကပြောပါတယ်။

ဖိလစ်ပိုင် ပါလဝမ် Palawan ခရိုင်ကမ်းခြေကနေ ၁၂၄ မိုင် အကွာမှာ တရုတ်သင်္ဘောနဲ့ တူးပြီးပုံထားတဲ့ ရေအောက်သန္တာကျောက်ပုံတွေကို ဖိလစ်ပိုင်သင်္ဘောက မထင်မှတ်ပဲ တွေ့ရှိခဲ့တာလို့ဆိုပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်ကြား ကျွန်းတုကိစ္စအငြင်းပွါး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG