သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဂျပန် ဖိလစ်ပိုင် အုပ်စုဖွဲ့ခြယ်လှယ်မှုကို တရုတ်က အပြင်းအထန်ကန့်ကွက်

အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida၊ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. တို့ အိမ်ဖြူတော်မှာတွေ့ဆုံ (ဧပြီ ၁၁၊ ၂၀၂၄)
အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida၊ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. တို့ အိမ်ဖြူတော်မှာတွေ့ဆုံ (ဧပြီ ၁၁၊ ၂၀၂၄)

တောင်တရုတ်ပင်လယ်ပြင်ဒေသမှာ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဒီစီမှာ ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ ပြောကြားချက်ကို တရုတ်အစိုးရက ပယ်ချကြောင်းနဲ့ အမေရိကန်၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ ပူးတွဲပြီး ဒေသတွင်း နိုင်ငံရေးကစားမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲ တရုတ်ရဲ့ လုပ်ဆောင်မှုတွေဟာ အန္တရာယ်ရှိပြီး ရန်လိုမှုရှိကြောင်း ၃ နိုင်ငံ ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားတာဟာ အခြေခံ အချက်တွေကနေ လွဲနေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning က ပြောပါတယ်။


တရုတ်ဟာ ကမ္ဘာမှာ မဟာဗျူဟာအရ အကြီးဆုံးစိန်ခေါ်နေတဲ့ နိုင်ငံဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ရဲ့ အမေရိကန် လွှတ်တော်မိန့်ခွန်းပါ ပြောကြားချက်ကို ကန့်ကွက်ကြောင်းနဲ့ တကယ်တမ်း ဒေသတွင်း တည်ငြိမ်မှုအတွက် စိန်ခေါ်နေတာက အမေရိကန်နဲ့ ဂျပန်တို့ရဲ့ စက်ဝန်းငယ်လေးထဲမှာပဲ ရှိနေကြောင်းလည်း ပြောပါတယ်။

ကြာသပတေးနေ့က အမေရိကန် ၊ ဂျပန်နဲ့ ဖိလစ်ပိုင် ခေါင်းဆောင် ၃ ဦး ပထမဆုံးအကြိမ် ၃ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့ပြီး တရုတ်နဲ့သူ့ရဲ့ ဒေသတွင်းနိုင်ငံတွေကြား ကာလကြာရှည် တင်းမာနေမှုတွေကို အဓိက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်ကြားမှာ ရေကြောင်း ထိပ်တိုက်ရင်ဆိုင်ရမှုတွေ မကြာခဏ ဖြစ်ပွါးနေပြီး ဒါဟာ ၂ နိုင်ငံကြားက Shoal ကျွန်းစုတဝိုက်မှာ ဖြစ်ပွါးနေတာပါ။ ဖိလစ်ပိုင်က ၁၉၉၉ မှာ သူ့ရဲ့ အချုပ်အချာပိုင်နက်အဖြစ် ကြေညာထားတဲ့ ဒီကျွန်းစုမှာ သူ့စစ်သင်္ဘောတွေ၊ သူ့စစ်တပ်တွေနဲ့ အားဖြည့်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG