သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-မလေးရှား ရေကြောင်းလုံခြုံရေး စာချုပ်ချုပ်


Japanese Prime Minister Fumio Kishida shakes hands with Malaysian Prime Minister Anwar Ibrahim in Tokyo, Japan, Dec. 16, 2023.
Japanese Prime Minister Fumio Kishida shakes hands with Malaysian Prime Minister Anwar Ibrahim in Tokyo, Japan, Dec. 16, 2023.

ဂျပန်-မလေးရှား ရေကြောင်းလုံခြုံရေး စာချုပ်ချုပ်

ဂျပန်နဲ့ မလေးရှား နှစ်နိုင်ငံအကြား ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ အကူအညီပေးရေး သဘောတူညီချက်ကို စနေနေ့က လက်မှတ်ရေးထိုးခဲ့ပြီး၊ ဂျပန်ကနေ ကနဦး အကူအညီအဖြစ် ယန်း သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၂.၈ သန်း) တန်ဖိုးရှိတဲ့ အထောက်အကူပြု ပစ္စည်းတွေ ပေးအပ်ဖို့လည်း ပါဝင်ပါတယ်။

အာရှနိုင်ငံတွေကြား ဒေသတွင်းက အင်အားကြီး တရုတ်ကို တန်ပြန်ဖို့ ကြိုးပမ်းနေချိန်မှာ မလေးရှားက ဂျပန်နဲ့ အခုလို သဘောတူခဲ့တာပါ။ ဂျပန်နဲ့ အာဆီယံ ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် တိုကျို ထိပ်သီးအစည်းအဝေးရဲ့ ပြင်ပမှာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ လက်မှတ်ရေးထိုး ခဲ့ကြတာပါ။

ဒီသဘောတူညီချက်အရ ကယ်ဆယ်ရေး လှေတွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကိုလည်း ဂျပန်က ကူညီမှာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ဖူမိအို ကီရှီဒါက အခုလို ဂျပန်နဲ့ မလေးရှား နှစ်နိုင်ငံကြား ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် တိုးမြှင့်လာနိုင်ခဲ့တာကို ကြိုဆိုကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဂျပန်ဟာ ဒီနှစ်အစောပိုင်းကလည်း ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့လည်း အလားတူ သဘောတူညီချက်တွေ ရယူထားတာပါ။ ဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကာကွယ်ရေးကို အားကောင်းလာစေဖို့ အတွက် ဂျပန်က ဧပြီလတုန်းက ထုတ်ပြန်ခဲ့တဲ့ အစီအစဉ်တွေထဲက တခုဖြစ်ပါတယ်။ ဂျပန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း အာဆီယံနိုင်ငံတွေရဲ့ ရပ်တည်မှုကို နိုင်ငံတကာ မျက်နှာစာမှာ မြှင့်တင်ဖို့နဲ့ တရုတ်အပါအဝင် တခြားနိုင်ငံတွေနဲ့ အာဆီယံ ဆက်ဆံရေးကို စီမံခန့်ခွဲရာမှာ ကူညီဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အခုလို ဂျပန်က အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ကြိုးစားနေချိန်မှာပဲ တရုတ်နဲ့ ဂျပန်ကြားမှာ အရှေ့တရုတ် ပင်လယ်ထဲက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေနားတဝိုက်မှာ နှစ်ဖက် ကမ်းရိုးတန်းစောင့်တပ်တွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ “ရေကြောင်းကျူးကျော်မှု” ဆိုပြီး အရင် သီတင်းပတ်ထဲမှာ အပြန်အလှန် စွပ်စွဲမှုတွေဖြစ်နေတာပါ။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ထဲမှာလည်း နှစ်စဉ် ဒေါ်လာ ၃ ထရီလျံကျော် တန်ဖိုး ကုန်စည်ကူးသန်းရောင်းဝယ်နေတဲ့ ရေလမ်းကြောင်း အားလုံးနီးပါးကို သူတို့အပိုင်အဖြစ် ကြေညာထားပြီး ဒါကို အာဆီယံ နိုင်ငံတွေ ဖြစ်ကြတဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်း နိုင်ငံတွေနဲ့ အပြန်အလှန် ပိုင်ဆိုင်မှု အငြင်းပွား နေကြတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အမြဲတမ်း ခုံသမာဓိရုံးကတော့ တရုတ်နိုင်ငံဘက်က တောင်းဆိုချက်တွေဟာ ဥပဒေအရ အကျိုးအကြောင်း အခြေခံမရှိကြောင်း ၂၀၁၆ တုန်းက ပြောထားပါတယ်။

ဂျပန်-မလေးရှား ရေကြောင်းလုံခြုံရေး စာချုပ်ချုပ်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG