သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“တရုတ်နဲ့အာဆီယံကြား တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာစည်းမျဉ်းရနိုင်” တရုတ်နိုင်ငံခြားရေးဝန်ကြီး


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ မိန့်ခွန်းပြောကြားစဥ်။ (ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၄)
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ မိန့်ခွန်းပြောကြားစဥ်။ (ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၄)

တရုတ်နဲ့အာဆီယံနိုင်ငံတို့ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အကျိုးစီးပွါး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှုနဲ့ လွတ်လပ်စွာ ပျံ သန်းမှုဆိုင်ရာကိစ္စရပ်တွေကို ကာကွယ်ဖို့ တောင်တရုတ်ပင်လယ်ဆိုင်ရာ စည်းမျဥ်းဥပဒေ COC ရနိုင်မယ့်အနေအထားရှိနေပါပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး wang Yi က ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ညီလာခံမှာ စနေနေ့က ပြောသွားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗြူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ဝန်ကြီး Wang Yi က အကြိမ် ၆၀ မြောက်ကျင်းပတဲ့ မြူးနစ်လုံခြုံရေးညီလာခံမှာမိန့်ခွန်းမှာ တောင်တရုတ်ပင်လယ်ပြင်တွင်း တရုတ်တို့က ရန်လိုတဲ့လုပ်ရပ်တွေရှိတယ်ဆိုတာကိုတော့ ငြင်းဆိုသွားပါတယ်။ တောင်တရုတ်ပင်လယ်ဟာ ဟိုးအရင်ကတည်းက တရုတ်ပိုင်နယ်မြေဖြစ်ပြီး ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ အိမ်နီးချင်းနိုင်ငံတချို့က တရုတ်ပိုင်ကျွန်းတွေကို တခုပြီးတခု ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့အတွက် တရုတ်တို့က တားမြစ်ရတာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

တွေ့ဆုံညှိနှိုင်းမှုနဲ့အဖြေရှာဖို့ ကြိုးစားပေမယ့် ၂၀၀၂ ခုနှစ်မှာတော့ တောင်တရုတ်ပင်လယ်အရေး လိုက်နာဆောင်ရွက်ရမယ့်နည်းလမ်းတွေကို တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေးကို အကာအကွယ်ပေးနေကြတဲ့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ လက်မှတ်ရေးထိုးနိုင်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းခဲ့တာကိုလည်း ဝန်ကြီး Wang Yi ကထည့်သွင်းပြောကြားသွားပါတယ်။

လိုက်နာရမယ့် စည်းမျဥ်းဥပဒေတွေနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးမှုတွေကို အရှိန်မြှင့်ဆောင်ရွက်နိုင်အောင် အာဆီယံနိုင်ငံတွေနဲ့ တရုတ်တို့ လက်တွဲဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူစာချုပ် အပါအဝင် ဒေသတွင်း စည်းမျဉ်းစည်းကမ်းတွေ ထိရောက်ခိုင်မာမှုရှိရေးနဲ့ နိုင်ငံတကာဥပဒေတွေနဲ့အညီ အလျင်အမြန် သဘောတူညီမှုရအောင် ကြိုးပမ်းနေတယ်လို့လည်း ဝန်ကြီး Wang Yi ကပြောဆိုသွားပါတယ်။

XS
SM
MD
LG