သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကန်အမျိုးသားလုံခြုံရေးအကြံပေးတို့ ထိုင်းမှာတွေ့ဆုံ


China US Russia
China US Russia

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကန်အမျိုးသားလုံခြုံရေးအကြံပေးတို့ ထိုင်းမှာတွေ့ဆုံ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ Wang Yi နဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သောကြာနဲ့ စနေ နေ့တွေမှာ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေး တာဝန်ရှိသူ ၂ ဦးဟာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကို ဆွေးနွေးပွဲမှာ ရခဲ့တဲ့ သဘောတူညီမှုတွေ အကောင်ထည်ဖေါ်ရေးနဲ့ တရုတ်- အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အတိမ်းအစောင်း မခံတဲ့ အရေးပါတဲ့ ကိစ္စရပ်တွေကို မှန်မှန်ကန်ကန် ကိုင်တွယ်ရေးအတွက် လက်တွေ့ကျကျ၊ ပွင့်ပွင့်လင်းလင်းနဲ့ အကျိုးရှိတဲ့ မဟာဗျူဟာတွေကို ဖလှယ်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ဒီနှစ် ၂၀၂၄ ဟာ တရုတ်-အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်တဲ့အတွက် ဒီအချိန်မျိုးမှာ တဘက်ဘက်က အသာစီးနဲ့ ဆက်ဆံတာထက် တန်းတူညီတူ ဆက်ဆံပြီး အတွေ့အကြုံတွေကို လေ့လာသင်ယူ ဖလှယ်သင့်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်ဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကပြောပါတယ်။

မတူညီတာတွေကို ထောက်ပြနေမယ့်အစား တူညီတဲ့ အခြေခံအချက်တွေကို လိုက်ကြည့်သင့်သလို တနိုင်ငံရဲ့အကျိုးစီးပွားကို တခြားနိုင်ငံက အပြန်အလှန် လေးစားမှု ရှိဖို့လည်း ပြောပါတယ်။ ၂ နိုင်ငံကြား ကဏ္ဍအားလုံးနဲ့ အဆင့်အားလုံးအတွက် အဆင့်မြင့်နည်းပညာတွေ ဖလှယ်ပြီး လက်ရှိ ဆက်ဆံရေး လမ်းကြောင်းကို မဟာဗျူဟာကျ အသုံးချဖို့လည်း နှစ်ဘက် သဘောတူခဲ့ကြတဲ့ အပြင် ၂ နိုင်ငံ ဆက်ဆံရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးမှာ ဖြစ်ကြောင်း နှစ်ဘက် သဘောတူခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG