သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့ ဖိလစ်ပိုင် ဆွေးနွေး

ယခင်မှတ်တမ်းရုပ်ပုံ | ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က တွေ့ဆုံဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (ယာ) နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Enrique Manalo (ဝဲ) (ဇူလိုင် ၆၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က တွေ့ဆုံဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (ယာ) နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Enrique Manalo (ဝဲ) (ဇူလိုင် ၆၊ ၂၀၂၂)

တောင်တရုတ်ပင်လယ်ထဲမှာ ရေနယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဖိလစ်ပိုင်နဲ့ တရုတ် ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ပွင့်ပွင်းလင်းလင်း ဆွေးနွေးခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Enrique Manalo က ဒီနေ့ကြေညာချက်ထုတ်ပြန်ပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ ဖြစ်နေတဲ့ တင်းမာမှုတွေကို ဖြေရှင်းအတွက် ဆွေးနွေးအဖြေရှာဖို့ လိုအပ်တယ်ဆိုတာ ၂ ဘက်လုံး လက်ခံကြတယ်လို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ်နဲ့ ဖိလစ်ပိုင်ကြား ကြုံနေတဲ့ လေးနက်တဲ့ပြဿနာတွေကို ဖိလစ်ပိုင်အနေနဲ့ သတိထားကိုင်တွယ်ရမယ်လို့ ဝန်ကြီး Wang Yi ကသတိပေးပါတယ်။ တရုတ်အနေနဲ့ ကိုယ့်ပိုင်နက်ကို ခုခံကာကွယ်ဖို့ ပြတ်ပြတ်သားသား တုံ့ပြန်တာမျိုး မခံရအောင် ဖိလစ်ပိုင်ဘက်က အတွက်မမှားဖို့လိုတယ်လို့လည်း ဝန်ကြီး Wang Yi ကသတိပေးထားပါတယ်။ ၂ နိုင်ငံဆက်ဆံရေးဟာ ဘယ်လမ်းရွေးမလဲဆိုတဲ့ အခြေအနေကိုရောက်နေပြီး သူ့အဆို ဖိလစ်ပိုင်ဘက်က ပင်လယ်ထဲမှာ ရန်စတဲ့လုပ်ရပ်မှန်သမျှက တရုတ်နိုင်ငံရဲ့ အခွင့်အရေးကို လျှော့တွက်ရာရောက်တယ်လို့ ဆိုထားပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရော ဖိလစ်ပိုင်ကပါ သူတို့ပိုင်ဆိုင်တယ်လို့ ပြောနေတဲ့ ရေနယ်နိမိတ်နေရာတချို့မှာ အခုလပိုင်းတွေအတွင်း ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောတွေ၊ အစိုးရသင်္ဘောတွေ၊ ကမ်းရိုးတမ်းစောင့်တပ်တွေနဲ့ တရုတ်စစ်သင်္ဘောတွေကြား ထိပ်တိုက်ပြဿနာဖြစ်မှုတွေ ခပ်စိပ်စိပ်ဖြစ်နေပါတယ်။

တောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့ ဖိလစ်ပိုင် ဆွေးနွေး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG