သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ကုန်းတွင်းပိုင်းလမ်းဖောက်ဖို့ ထိုင်းနိုင်ငံ စီစဉ်နေ

ယခင်မှတ်တမ်းရုပ်ပုံ | ဆောက်လုပ်နေဆဲ Bangkok-Nong Khai ထိုင်း-တရုတ်ပူးတွဲ အမြန်ရထားလမ်းစီမံကိန်းတခုကို ဝေဟင်မှတွေ့မြင်ရစဉ် (မတ် ၂၉၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ဆောက်လုပ်နေဆဲ Bangkok-Nong Khai ထိုင်း-တရုတ်ပူးတွဲ အမြန်ရထားလမ်းစီမံကိန်းတခုကို ဝေဟင်မှတွေ့မြင်ရစဉ် (မတ် ၂၉၊ ၂၀၂၃)

ထိုင်းနိုင်ငံ တောင်ဘက်အစွန်း ထိုင်းပင်လယ်ကွေ့ကနေ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ပြီး ရထားလမ်းနဲ့ မိုင် ၅၀ ကျော်ရှည်တဲ့ ကုန်တွင်းပိုင်းတံတား ဖြတ်ဖေါက်ရေး ရင်းနှီးမြှုပ်နှံကြဖို့ ထိုင်းနိုင်ငံက ဆော်ဩနေပါတယ်။

ကုန်တင်သင်္ဘောတွေ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီးသွားရတဲ့ အချိန်ကို လျှော့ချပြီး စင်္ကာပူနဲ့ Malacca (မာလက်ကာ) ရေလက်ကြားကို ရှောင်သွားနိုင်မယ့်လမ်းကို ထိုင်းနိုင်ငံက မဟာဗျုဟာမြောက် စဉ်းစားနေပြီး ဒီလမ်းအတွက် အရေးကြီးတဲ့ တံတားဆောက်ဖို့ ပြင်ဆင်နေတာပါ။

ဒေါ်လာ ၂၈ ဘီလျံ ကုန်ကျမယ့် ဒီ စီမံကိန်း အလားအလာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်ကတော့ အခုအထိ တရားဝင် သဘောထား မှတ်ချက်ပေးတာ မရှိသေးပါဘူး။ တရုတ်နိုင်ငံကတော့ သူ့ သင်္ဘောတွေ ထိုင်းနိုင်ငံကို ဖြတ်ပြီး ရေနက်ပိုင်း Suez (စူးအက်) တူးမြောင်းပုံစံ လမ်းကြောင်းနဲ့ သွားဖို့ကို သမိုင်းအစဉ်အဆက် လိုလားနေခဲ့တာပါ။

တရုတ်နိုင်ငံဟာ မဟာဗျူဟာမြောက် စဉ်းစားသူဖြစ်ပြီးဖြစ်ပြီး တခြားရင်းနှီးမြုပ်နှံသူတွေကို မတွေ့သမျှ သူ့ဘက်က ရပ်တည်ချက်ကို ပြောင်းမှာ မဟုတ်တဲ့အကြောင်း တံတားတွေနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ Chulalongkorn တက္ကသိုလ် ပါမောက္ခ Sompong Putivisutisak (ဆွန်ပေါင် ပူတီဗီဆူတီဆတ်) က သုံးသပ်ပါတယ်။ ငွေကြေး အမြတ်အစွန်းအပြင် ပထဝီဝင်နိုင်ငံရေးအရ နှစ်ချက်ကို အဓိကစဉ်းစားမယ်လို့ VOA ကို ပြောပါတယ်။

တရုတ်နဲ့ ကုန်းတွင်းပိုင်းလမ်းဖောက်ဖို့ ထိုင်းနိုင်ငံ စီစဉ်နေ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG