သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PTTEP ရဲ့ မြန်မာနိုင်ငံတွင်း ဓါတ်ငွေ့တူးဖော်ရေး စာချုပ်သက်တမ်းတိုးဖွယ်ရှိ


ဘန်ကောက်မြို့တော်ရှိ စွမ်းအင်ဆိုင်ရာ အဆောက်အဦးတွင်တွေ့ရသည့် PTTEP ဆိုင်းဘုတ်။ ၂ ဖေဖော်ဝါရီ၊ ၂၀၂၁။
ဘန်ကောက်မြို့တော်ရှိ စွမ်းအင်ဆိုင်ရာ အဆောက်အဦးတွင်တွေ့ရသည့် PTTEP ဆိုင်းဘုတ်။ ၂ ဖေဖော်ဝါရီ၊ ၂၀၂၁။

၂၀၂၈ နဲ့ နောင် အနှစ် ၂၀ လောက်မှာ သက်တမ်းကုန်ဆုံးမယ့် မြန်မာနိုင်ငံနဲ့ချုပ်ဆိုထားတဲ့ သဘာဝ ဓာတ်ငွေ့စာချုပ် ၂ ခုကို သက်တမ်းတိုးကောင်းတိုးမယ်လို့ ထိုင်းရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်း PTTEP က ပြောပါတယ်။

PTTEP ဟာ လေလံလုပ်ကွက် ၃ ကွက်ထဲက ၂ ကွက်ကိုလည်း တင်ဒါတင်ထားပြီး ၂ နှစ်အတွင်းမှာ ဓာတ်ငွေ့ထုတ်ဖို့မျှော်လင့်ထားကြောင်း မွန်ထရီ ရဝမ်ချိုင်းကူးလ် (Montri Rawanchaikul) က အဘူဒါဘီမှာလုပ်နေတဲ့ စွမ်းအင်လုပ်ငန်းညီလာခံ ADIPEC မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အီရဝမ်ဓာတ်ငွေ့လုပ်ကွက်က သဘာဝဓာတ်ငွေ့ အထွက်မမှန်တာနဲ့ ထိုင်းနိုင်ငံက ရင်ဆိုင်နေရတာပါ။ ဒီလုပ်ကွက်ကို အမေရိကန်ရေနံကုမ္ပဏီကြီး Chevron က အနှစ် ၄၀ လုပ်ပြီးတဲ့နောက် ယူခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက တနေ့ကို ကုဗပေသန်းပေါင်း ၁,၂၀၀ ထွက်ခဲ့တဲ့ ဒီ လုပ်ကွက်ဟာ ခု အခါမှာ သန်းပေါင်း ၂၇၀ ပဲ ထွက်တော့တာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ PTTEP ရဲ့လုပ်ကွက်ကနေ မြန်မာ့လျှပ်စစ် လိုအပ်ချက်ရဲ့ ၅၀ ရာနှုန်းနဲ့ ထိုင်းလျှပ်စစ်လိုအပ်ချက်ရဲ့ ၂၀ ရာနှုန်းအတွက် ဓာတ်ငွေ့ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

"ကျနော်တို့က ချဲ့ဖို့ မဟုတ်ပါဘူး။ ထိုင်းနဲ့မြန်မာလိုအပ်ချက်အတွက် စိတ်ချရဖို့အတွက်သာ ဖြစ်ပါတယ်"- လို့ ရဝမ်ချိုင်းကူးလ် (Rawanchaikul) က ဆိုပါတယ်။ လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံ ဟာ သူ့ ရဲ့ လိုအပ်ချက် ရဲ့ ၄၀ ရာနှုန်းအတွက် သဘာဝဓာတ်ငွေ့ရည် (LNG) ကို တင်သွင်းနေရပါတယ်။ ဒါ ဟာ တနေ့ ကုဗပေ သန်းပေါင်း ၄,၀၀၀ ပမာဏ (4,000 mmscfd) ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG