သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos မြန်မာလုပ်ငန်းတွေရပ်တော့မည်


ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ ရထားဂိတ်တခုအနီး Eneos ကုမ္ပဏီ တံဆိပ်ကို လောင်စာဆီတင်ကားတစီးပေါ်တွင် တွေ့ရစဉ် (ဖေဖော်ဝါရီ ၇၊ ၂၀၂၃)
ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ ရထားဂိတ်တခုအနီး Eneos ကုမ္ပဏီ တံဆိပ်ကို လောင်စာဆီတင်ကားတစီးပေါ်တွင် တွေ့ရစဉ် (ဖေဖော်ဝါရီ ၇၊ ၂၀၂၃)

မြန်မာနိုင်ငံ ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖေါ်ရေးမှာ ပါဝင်လုပ်ကိုင်ခဲ့တဲ့ ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos က ရဲတံခွန် သဘာဝဓါတ်ငွေ့ စီမံကိန်းမှာ ပါဝင်တဲ့ လုပ်ငန်း အားလုံး ရပ်ဆိုင်းဖို့ လိုအပ်တာတွေ အပြီးသတ်ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ရည်ရွယ်ထားတဲ့အကြောင်း ပြီးခဲ့တဲ့ ဧပြီလကပဲ သူနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ မလေးရှားအမျိုးသားပိုင် Petronas Carigali နဲ့ တခြားလက်တွဲဘက် ကုမ္ပဏီတွေကို Eneos ကုမ္ပဏီက အကြောင်းကြားခဲ့ပါတယ်။ Eneos ကုမ္ပဏီရဲ့ စွမ်းအင်တူးဖေါ်ရေးလုပ်ငန်းတွေဟာ မြန်မာစစ်ကောင်စီကို ငွေကြေး ထောက်ပံ့နေတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့အကြောင်း ဂျပန်နိုင်ငံထုတ် Nikkei သတင်းစာကလည်း ပြီးခဲ့တဲ့ မတ်လအတွင်းက ရေးသားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ပြည့်ပြီးခါစ အချိန်မှာပဲ မြန်မာနိုင်ငံကနေ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းဖို့ ဂျပန်ကုမ္ပဏီရဲ့ ကြေညာချက် ထွက်လာတာတဲ့အကြောင်း Upstram စွမ်းအင် သတင်းမှာ ရေးသားဖေါ်ပြပါတယ်။ Eneos ရဲ့ လက်ခွဲကုမ္ပဏီဖြစ်တဲ့ မြန်မာ့ရေနံတူးဖေါ်ရေး Nippon ကုမ္ပဏီ JXM ဟာ ရဲတံခွန်မှာ တူးဖေါ်နေတဲ့ မလေးရှား ကုမ္ပဏီ Petronas Carigali မှာ ၁၉ ရာခိုင်နှုန်း ဖက်စပ် ပါဝင်ပြီး ဂျပန် JX Nippon ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖေါ်ရေး ကုမ္ပဏီရဲ့ အစုရှယ်ယာ ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကပဲ ထိုင်းနိုင်ငံပိုင် PTTEP ရေနံ ၊ မလေးရှားက Petronas စွမ်းအင်ကုမ္ပဏီနဲ့ ဂျပန် Mitsubishi ကုမ္ပဏီတို့လည်း ရဲတံခွန် ရေနံတူးဖေါက်ရေး ကနေ လုပ်ငန်းတွေ ရုတ်သိမ်းတော့မယ့်အကြောင်း အလားတူ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG