သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ငန်းစီမံချက်မှ ရုပ်သိမ်းမည် 


[[Zawgyi/Unicode]]

ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS ဟာ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းစီမံချက်ကနေ ရုပ်သိမ်းတော့မယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

ENEOS ဟာ မြန်မာနိုင်ငံရဲ့ ရဲတံခွန် သဘာဝဓာတ်ငွေ့လုပ်ငန်း စီမံကိန်းမှာ ဂျပန် အစိုးရ၊ မစ်ဆူဘီရှီကော်ပိုရေးရှင်းတို့နဲ့အတူ ပါဝင်ဆောင်ရွက်နေတဲ့ စွမ်းအင်ကုမ္ပဏီကြီး ဖြစ်ပါတယ်။ သူတို့အားလုံး စုစုပေါင်းအစုရှယ်ယာ ၁၉.၃ ရာနှုန်းပိုင်ဆိုင် ထားကြပါတယ်။ မြန်မာ နိုင်ငံမှာ အနှစ် ၂၀ လောက်လုပ်ကိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

လူမှုပြဿနာများအပါအဝင် တိုင်းပြည် ရဲ့လက်ရှိအခြေအနေ ရဲတံခွန်လုပ်ငန်းခွင် နဲ့ပတ်သက်လို့ နည်းပညာအရဆန်းစစ်ချက်ပေါ် အခြေခံထားတဲ့ စီမံချက်ရဲ့ လုပ်ငန်းဆိုင်ရာ စီးပွါးရေး အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး ခုလို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ENEOS ကုမ္ပဏီ က ပြောပါတယ်။

ENEOS ကုမ္ပဏီရဲ့ရုပ်သိမ်းဖို့ တင်ပြချက်ကို မြန်မာအာဏာသိမ်းစစ်အစိုးရက လက်ခံတဲ့အခါ ရုပ်သိမ်းမှု စတင်သက်ရောက်မှာ ဖြစ်ပါတယ်လို့ ကြေညာချက် မှာ ပြောထားပါတယ်။ ဂျပန်အစိုးရကလည်း ENEOS ကုမ္ပဏီအတိုင်း ရပ်တည်ပါတယ်လို့ ဆိုပါတယ်။

မလေးရှား နိုင်ငံက Petronas နဲ့ ထိုင်း နိုင်ငံ က PTTEP တို့ကလည်း အလားတူ ရုပ်သိမ်းကြောင်း သောကြာနေ့က ကြေညာခဲ့ကြပါတယ်။ Petronas က အကြမ်းအားဖြင့် ရဲတံခွန်စီမံကိန်းရဲ့ ၄၁ ရာနှုန်း ပိုင်ဆိုင်ပြီး PTTEP က ၁၉.၃ ရာနှုန်း ပိုင် ဆိုင်ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို စီးပွါးရေးဆိုင်ရာအကူအညီ အဓိကပေးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း အကူအညီအသစ်တွေ မပေးတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Zawgyi/Unicode]]







==============

XS
SM
MD
LG