သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိုင္းနဲ႔ မေလးရွား ကုမၸဏီေတြ ျမန္မာ သဘာဝဓာတ္ေငြ႕လုပ္ငန္းက ထြက္ဖို႔ေၾကညာ


Petronas ေရနံကုမၸဏီ

ထိုင္းနိုင္ငံပိုင္ PTTEO ေရနံ ၊ သဘာဝဓာတ္ေငြ႔ကုမၸဏီနဲ႔ မေလးရွားအစိုးရပိုင္ Petronas စြမ္းအင္ကုမၸဏီက ျမန္မာႏိုင္ငံတြင္း ရဲတံခြန္ သဘာ၀ ဓာတ္ေငြ႔စီမံကိန္းမွာ ရင္းႏွီးႁမွဳပ္ႏွံ လုပ္ကိုင္ေနတာေတြကေန ႏႈတ္ထြက္ၿပီလို႔ ေသာၾကာေန႔က ေၾကညာသြားပါတယ္။

ထိုင္းနဲ႔ မေလးရွား ကုမၸဏီေတြ ျမန္မာ သဘာဝဓာတ္ေငြ႕လုပ္ငန္းက ထြက္ဖို႔ေၾကညာ

{{Zawgyi/Unicode}}
ထိုင္းနိုင္ငံပိုင္ PTTEO ေရနံ ၊ သဘာဝဓာတ္ေငြ႔ကုမၸဏီနဲ႔ မေလးရွားအစိုးရပိုင္ Petronas စြမ္းအင္ကုမၸဏီက ျမန္မာႏိုင္ငံတြင္း ရဲတံခြန္ သဘာ၀ ဓာတ္ေငြ႔စီမံကိန္းမွာ ရင္းႏွီးႁမွဳပ္ႏွံ လုပ္ကိုင္ေနတာေတြကေန ႏႈတ္ထြက္ၿပီလို႔ ေသာၾကာေန႔က ေၾကညာသြားပါတယ္။ ဒါဟာႏိုင္ငံတကာ စြမ္းအင္ကုမၸဏီႀကီးေတြ ျမန္မာႏိုင္ငံကေန လုပ္ငန္းေတြ ဆက္တိုက္ႏႈတ္ထြက္သြားေနၾကတဲ့ထဲက ေနာက္ဆံုး ျဖစ္ထြန္းမႈျဖစ္ပါတယ္။ အလားတူ ဂ်ပန္ စြမ္းအင္ကုမၸဏီ Eneos ကလည္း လုပ္ငန္းေတြ ျပန္႐ုပ္မယ့္ အေၾကာင္း ေျပာထားပါတယ္။

မႏွစ္က ျမန္မာႏိ္ုင္ငံမွာ စစ္တပ္အာဏာသိမ္းတာနဲ႔ ေနာက္ဆက္တြဲ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္ေရး ခ်ိဳးေဖါက္မႈေတြ ရွိေနတယ္ဆိုတဲ့ စြပ္စြဲမႈေတြ ေပၚထြက္လာတဲ့ေနာက္မွာ အေမရိကန္ စြမ္းအင္ ကုမၸဏီ Chevron နဲ႔ ျပင္သစ္ Total ကုမၸဏီေတြကေတာ့ အာဏာသိမ္းမႈ ေနာက္ပိ္ုင္း ျမန္မာႏိုင္ငံထဲကေန အေစာဆံုး ျပန္႐ုပ္သိမ္းသြားၾကတာပါ။

ဆႏၵျပျပည္သူအေပၚ အာဏာသိမ္းစစ္တပ္ရဲ႕ ေခ်မႈန္းမႈေတြအတြင္း ေသဆံုးရသူ ၁၈၀၀ ေက်ာ္နဲ႔ အဖမ္းခံရသူ ၁၃ ၀၀၀ ေက်ာ္ ေနၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ က ေျပာေပမယ့္ စစ္ေကာင္စီကေတာ့ ဒါဟာ ခ်ဲ႕ကားေျပာဆိုတာသာ ျဖစ္ေၾကာင္း တုန္႔ျပန္ထားပါတယ္။

Petronas အေနနဲ႔ ေဖေဖာ္ဝါရီလကတည္းက ျမန္မာႏိုင္ငံတြင္းက လုပ္ငန္းေတြ ျပန္႐ုပ္ဖို႔ စဥ္းစားေနတဲ့အေၾကာင္း ေျပာခဲ့တာျဖစ္ၿပီး အခုေတာ့ ႐ုပ္သိမ္းေၾကာင္း ေၾကညာခဲ့တာပါ။ ဂ်ပန္က Eneos ကုမၸဏီဟာ ရဲတံခြန္စီမံကိန္းမွာ အစုရွယ္ယာ ၁၉.၃% ထည့္၀င္ထားတာျဖစ္ၿပီး Petronas ကုမၸဏီလက္ခြဲ ေဟာင္ေကာင္အေျခစိုက္ PC Myanmar ကုမၸဏီက ၄၀.၉% ၊ ျမန္မာ့ ေရနံနဲ႔ ဘဘာ၀ဓာတ္ေငြ႔လုပ္ငန္းက ၂၀.၅% နဲ႔ က်န္တဲ့ အစုရွယ္ယာေတြကိုေတာ့ ထိုင္း PTTEP စြမ္းအင္ကုမၸဏီက ပိုင္ပါတယ္။

အေမရိကန္စြမ္းအင္ ကုမၸဏီ Chevron နဲ႔ ျပင္သစ္ Total ကုမၸဏီေတြကေတာ့ အာဏာသိမ္းမႈ ေနာက္ပိ္ုင္း ျမန္မာႏိုင္ငံထဲကေန အေစာဆံုး ျပန္႐ုပ္သိမ္းတဲ့ စြမ္းအင္ ကုမၸဏီႀကီးေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................................

ထိုင်းနဲ့ မလေးရှား ကုမ္ပဏီတွေ မြန်မာ သဘာဝဓာတ်ငွေ့လုပ်ငန်းက ထွက်ဖို့ကြေညာ

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံပိုင် PTTEO ရေနံ ၊ သဘာဝဓာတ်ငွေ့ကုမ္ပဏီနဲ့ မလေးရှားအစိုးရပိုင် Petronas စွမ်းအင်ကုမ္ပဏီက မြန်မာနိုင်ငံတွင်း ရဲတံခွန် သဘာ၀ ဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာတွေကနေ နှုတ်ထွက်ပြီလို့ သောကြာနေ့က ကြေညာသွားပါတယ်။ ဒါဟာနိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံကနေ လုပ်ငန်းတွေ ဆက်တိုက်နှုတ်ထွက်သွားနေကြတဲ့ထဲက နောက်ဆုံး ဖြစ်ထွန်းမှုဖြစ်ပါတယ်။ အလားတူ ဂျပန် စွမ်းအင်ကုမ္ပဏီ Eneos ကလည်း လုပ်ငန်းတွေ ပြန်ရုပ်မယ့် အကြောင်း ပြောထားပါတယ်။

မနှစ်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာနဲ့ နောက်ဆက်တွဲ မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်လာတဲ့နောက်မှာ အမေရိကန် စွမ်းအင် ကုမ္ပဏီ Chevron နဲ့ ပြင်သစ် Total ကုမ္ပဏီတွေကတော့ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံထဲကနေ အစောဆုံး ပြန်ရုပ်သိမ်းသွားကြတာပါ။

ဆန္ဒပြပြည်သူအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ ချေမှုန်းမှုတွေအတွင်း သေဆုံးရသူ ၁၈၀၀ ကျော်နဲ့ အဖမ်းခံရသူ ၁၃ ၀၀၀ ကျော် နေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ က ပြောပေမယ့် စစ်ကောင်စီကတော့ ဒါဟာ ချဲ့ကားပြောဆိုတာသာ ဖြစ်ကြောင်း တုန့်ပြန်ထားပါတယ်။

Petronas အနေနဲ့ ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေ ပြန်ရုပ်ဖို့ စဉ်းစားနေတဲ့အကြောင်း ပြောခဲ့တာဖြစ်ပြီး အခုတော့ ရုပ်သိမ်းကြောင်း ကြေညာခဲ့တာပါ။ ဂျပန်က Eneos ကုမ္ပဏီဟာ ရဲတံခွန်စီမံကိန်းမှာ အစုရှယ်ယာ ၁၉.၃% ထည့်ဝင်ထားတာဖြစ်ပြီး Petronas ကုမ္ပဏီလက်ခွဲ ဟောင်ကောင်အခြေစိုက် PC Myanmar ကုမ္ပဏီက ၄၀.၉% ၊ မြန်မာ့ ရေနံနဲ့ ဘဘာဝဓာတ်ငွေ့လုပ်ငန်းက ၂၀.၅% နဲ့ ကျန်တဲ့ အစုရှယ်ယာတွေကိုတော့ ထိုင်း PTTEP စွမ်းအင်ကုမ္ပဏီက ပိုင်ပါတယ်။

အမေရိကန်စွမ်းအင် ကုမ္ပဏီ Chevron နဲ့ ပြင်သစ် Total ကုမ္ပဏီတွေကတော့ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံထဲကနေ အစောဆုံး ပြန်ရုပ်သိမ်းတဲ့ စွမ်းအင် ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။

XS
SM
MD
LG