သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လုပ္ငန္းရွင္လူတန္းစားေရာ၊ အလုပ္သမားလူတန္းစားပါ အက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံ


ရန္ကုန္ၿမိဳ႕ လႈိင္သာယာစက္မႈဇုန္ရွိ အထည္ခ်ဳပ္စက္႐ုံတခုမွ အလုပ္သမားမ်ား။

(Zawgyi / Unicode)

၂၀၂၂၊ ေမလ ၈ ရက္ေန႔က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကို ေလေၾကာင္းခရီးနဲ႔ သြားေရာက္မယ့္ ကေမၻာဇဘဏ္ ဒုတိယအမႈေဆာင္အရာရွိခ်ဳပ္ နန္းလိုင္ခမ္းကို စစ္ေထာက္လွမ္းေရးက ရန္ကုန္ေလဆိပ္မွာ ဖမ္းဆီးတယ္ဆိုတဲ့ သတင္းေတြ ဆိုရွယ္မီဒီယာေတြအေပၚမွာ အေတာ္ေလး ပ်ံ႕ႏွံ႔ခဲ့တာ ေတြ႔ရပါတယ္။ စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူကေတာ့ နန္းလိုင္ခမ္းကို ဖမ္းဆီးထားျခင္း မရွိပါဘူးလို႔ ျငင္းဆိုပါတယ္။ ဧရာဝတီသတင္းဌာနကေတာ့ "နန္းလိုင္ခမ္း ေလဆိပ္တြင္ ေခတၱထိန္းသိမ္းစစ္ေဆးခံရ" လို႔ ေခါင္းစဥ္ေပး ေဖာ္ျပထားတဲ့ သတင္းမွာေတာ့ "ကေမၻာဇလုပ္ငန္းစုပိုင္ရွင္ ဦးေအာင္ကိုဝင္း သမီးျဖစ္သူ ေဒၚနန္းလိုင္ခမ္းသည္ ၿပီးခဲ့သည့္ ေမလ ၈ ရက္ေန႔၌ အခ်ိန္ ၂ နာရီေက်ာ္ၾကာ ဖမ္းဆီးစစ္ေဆးျခင္း ခံခဲ့ရသည္" လို႔ ေရးသားထားပါတယ္။ အဲဒီသတင္းမွာပဲ ေဒၚနန္းလိုင္ခမ္းကို ရန္ကုန္ေလဆိပ္မွာ စစ္ဘက္ေရးရာ လုံၿခဳံေရးအဖြဲ႔ (စရဖ) က ဗိုလ္မႉးေက်ာ္ျမတ္လင္းက ေခၚယူေမးျမန္း စစ္ေဆးခဲ့တာျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

အခုျဖစ္ရပ္မတိုင္မီကလည္း စစ္ေကာင္စီအေနနဲ႔ ထင္ရွားတဲ့ စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြ ျဖစ္ၾကတဲ့ ေဇကမၻာဦးခင္ေရႊတို႔ သားအဖနဲ႔ ဧဒင္ဦးခ်စ္ခိုင္တို႔ သားအဖေတြကိုလည္း ဖမ္းဆီးထိန္းသိမ္းတာေတြ လုပ္ခဲ့ပါတယ္။ ဒီလိုဖမ္းဆီးမႈေတြေၾကာင့္ ျမန္မာျပည္က စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြဟာ အေၾကာင္းရွာ ဖမ္းဆီးမွာကို စိုးရိမ္ထိတ္လန္႔ေနၾကရၿပီး စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ဆက္ဆံေရး အဆင္ေျပေအာင္ ႀကိဳးစားေနၾကရတယ္လို႔ RFA ရဲ႕ သတင္းေဆာင္းပါးတပုဒ္ျဖစ္တဲ့ "ထိပ္တန္းလုပ္ငန္းရွင္ႀကီးေတြကို ဖမ္းဆီးမႈ စစ္ေကာင္စီ ေဝဖန္ခံေနရ" ဆိုတဲ့ သတင္းေဆာင္းပါးမွာ ေရးသားေဖာ္ျပထားပါတယ္။ အဲဒီ သတင္းေဆာင္းပါးမွာပဲ "၂၀၂၁၊ ေဖေဖာ္ဝါရီ ၁ ရက္ေနာက္ပိုင္း ကေမၻာဇဘဏ္ဥကၠ႒ ဦးေအာင္ကိုဝင္းကလြဲရင္ တိုင္းျပည္ရဲ႕ ထိပ္တန္းလုပ္ငန္းရွင္ အားလုံးနီးပါး ရန္ကုန္စစ္ဘက္ေရးရာ လုံၿခဳံေရးအဖြဲ႔ရဲ႕ ေခၚယူစစ္ေဆးတာကို ခံခဲ့ရတယ္" လို႔ ေဖာ္ျပထားပါတယ္။ ေဆာင္းပါးရဲ႕ နိဂုံးမွာေတာ့ "စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ဝ႐ုန္းသုန္းကားျဖစ္လာတဲ့ ဘဏ္ျပႆနာ၊ ဆိုးရြားတဲ့ လွ်ပ္စစ္မီး ျဖတ္ေတာက္မႈ၊ တရားဥပေဒကင္းမဲ့မႈနဲ႔ စီးပြားေရးလုပ္ငန္းႀကီးေတြအေပၚ နည္းအမ်ိဳးမ်ိဳးနဲ႔ ကန္႔သတ္ထိန္းခ်ဳပ္မႈေတြေၾကာင့္ တိုင္းျပည္ဟာ အေထြေထြအက်ပ္အတည္းကို ရင္ဆိုင္ေနရၿပီး လူတိုင္း မလုံၿခဳံမႈနဲ႔ စိုးရိမ္ပူပန္မႈေတြကို ခံစားေနရတယ္လို႔ စီးပြားေရးလုပ္ငန္းရွင္တဦးရဲ႕ မွတ္ခ်က္ကို ေဖာ္ျပထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စီးပြားေရးလုပ္ငန္း အမ်ားစုဟာ ပုံမွန္ျပန္မလည္ပတ္ႏိုင္ၾကေသးပါဘူး။ ႏိုင္ငံျခားက လာေရာက္ရင္းႏွီးျမႇဳပ္ႏွံတဲ့ စီးပြားေရး ကုမၸဏီႀကီးေတြလည္း ျပန္လည္ထြက္ခြာေနၾကပါတယ္။ အခု လတ္တေလာမွာကို ကပၸလီပင္လယ္ျပင္မွာရွိတဲ့ ရဲတံခြန္ ကမ္းလြန္ေရနံနဲ႔ သဘာဝဓာတ္ေငြ႔စီမံကိန္းမွာ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ မေလးရွားက Petronas၊ ထိုင္းက PTTEP နဲ႔ ဂ်ပန္က ENEOS ကုမၸဏီေတြအားလုံး စီမံကိန္းကေန အၿပီးအပိုင္ ထြက္ခြာၾကမယ္ဆိုတဲ့ သတင္းေတြကို ေမလ ၂ ရက္ေန႔က ထုတ္ျပန္ခဲ့တာ ေတြ႔ရပါတယ္။ ဒီလိုအေျခအေနမွာ ဗဟိုဘဏ္ရဲ႕ အမိန္႔ေၾကာ္ျငာစာအမွတ္ ၁၂/၂၀၂၂ အရ စီးပြားေရးလုပ္ငန္းေတြရဲ႕ ေဒၚလာဝင္ေငြကို ထိန္းခ်ဳပ္ၿပီး အေမရိကန္တေဒၚလာကို ၁၈၅၀ က်ပ္ သတ္မွတ္ကာ ျမန္မာက်ပ္ေငြနဲ႔ မလဲမေနရ လဲခိုင္းတာေၾကာင့္ ပို႔ကုန္၊ သြင္းကုန္လုပ္ငန္းေတြ လုပ္ရကိုင္ရ ပိုခက္ခဲလာတာ ေတြ႔ႀကဳံေနရပါတယ္။ ဒီအက်ိဳးဆက္ဟာ သႀကၤန္ၿပီးကာလ ဧၿပီေႏွာင္းပိုင္းမွာ ေလာင္စာဆီ ျပတ္လပ္တာနဲ႔ ႀကဳံခဲ့ရပါတယ္။ ဒီလိုအခက္အခဲေတြ ႀကဳံေနရခ်ိန္မွာပဲ လြန္ခဲ့တဲ့ သုံးႏွစ္ေက်ာ္က ပို႔ကုန္စာရင္းလက္က်န္ကို အေၾကာင္းျပကာ ကုမၸဏီ ၁၅၈ ခုနဲ႔ ဒါ႐ိုက္တာအဖြဲ႔ဝင္ ၄၄၀ ဦးကို နာမည္ပ်က္စာရင္း ထည့္သြင္းလိုက္တယ္လို႔ စစ္ေကာင္စီရဲ႕ ဗဟိုဘဏ္က ေမလ ၁၀ ရက္ေန႔က ထုတ္ျပန္လိုက္တဲ့ အေၾကာင္းကို Myanmar Now သတင္းဌာနက ေဖာ္ျပထားပါတယ္။ ကုမၸဏီေတြအေနနဲ႔ ပို႔ကုန္ေရာင္းရေငြေတြကို သေဘၤာတင္ၿပီး သုံးလအတြင္းမွာ သက္ဆိုင္ရာ ဘဏ္စာရင္းမွာ ႏိုင္ငံျခားေငြ အဝင္မျပလို႔ အခုလို နာမည္ပ်က္စာရင္းသြင္း အေရးယူတာလို႔ သိရပါတယ္။

လတ္တေလာအေျခအေနမွာ စီးပြားေရးလုပ္ငန္းႀကီးေတြ၊ လုပ္ငန္းရွင္ႀကီးေတြ အခက္အခဲ အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရသလိုပဲ အေျခခံလူတန္းစား၊ အလုပ္သမား လူတန္းစားေတြဟာလည္း စားဝတ္ေနေရးအတြက္ ပိုမိုခက္ခဲတဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ အထူးသျဖင့္ အလုပ္အကိုင္ ရွားပါးလာၿပီး စားေသာက္ကုန္ေစ်းႏႈန္းေတြ ဆက္တိုင္တက္ေနတဲ့ ဒဏ္ကို ခံစားေနၾကရပါတယ္။ လက္ရွိ ကုန္ေစ်းႏႈန္းေတြရဲ႕ အေျခအေနကို ရန္ကုန္ၿမိဳ႕ အေရွ႕ဒဂုံၿမိဳ႕နယ္မွာ ေနထိုင္သူတဦးက အခုလိုေျပာပါတယ္။

"အလုပ္အကိုင္ေတြကရွား၊ ဝင္ေငြက မတိုးေပမဲ့ ကုန္ေစ်းႏႈန္းေတြက ဆက္တိုက္တက္ေနတယ္။ ဝက္သားတပိသာ ၁၂,၀၀၀ က်ပ္၊ ၾကက္သားရင္ပုံ တျခမ္း ၂,၀၀၀၊ ေပါင္တျခမ္း ၁,၅၀၀၊ အသဲအျမစ္တတြဲ ၈၀၀၊ တပိသာ ၾကက္တေကာင္ ၉,၀၀၀ က်ပ္၊ အမဲသား တပိသာ ၁၅,၀၀၀၊ ငါးၾကင္းတပိသာ ၁၀,၀၀၀၊ ပဲဆီတပိသာ ၁၁,၀၀၀၊ စားအုံးဆီတပိသာ ၇,၀၀၀၊ ေရႊဘိုေပၚဆန္းေမႊးရွယ္ တျပည္ ၂,၈၀၀၊ ခြန္နီမဆန္တျပည္ ၂,၀၀၀ က်ပ္ ျဖစ္ေနပါၿပီ။ က်ေနာ္ အရင္က ဂ်ာနယ္တခုမွာ အလုပ္လုပ္ပါတယ္။ အာဏာသိမ္းၿပီးေနာက္ ဂ်ာနယ္တိုက္က ပိတ္လိုက္ရတယ္။ အခု အလုပ္မရွိဘူး။ အညာျပန္ မိဘလယ္ယာျပန္လုပ္ဖို႔ကလည္း သိၾကတဲ့အတိုင္း ရြာေတြမီး႐ႈိ႕ခံေနရတယ္။ လုံၿခဳံမႈမရွိဘူး။ အသက္အႏၲရာယ္ပါရွိေတာ့ ေလာေလာဆယ္ ရြာကိုလည္း မျပန္ရဲဘူး။"

ႏိုင္ငံျခားကုမၸဏီႀကီးေတြ ျပန္လည္ထြက္ခြာတာ၊ အလုပ္အကိုင္ အမ်ားဆုံး ဖန္တီးေပးတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြ အလုပ္သမားေတြ ေလွ်ာ့ခ်တာ၊ စက္႐ုံေတြ ပိတ္သိမ္းၾကတဲ့အတြက္ အလုပ္လက္မဲ့ေတြ တိုးပြားလာေနပါတယ္။ ေက်းလက္ေဒသေတြမွာလည္း ေအးခ်မ္းတည္ၿငိမ္မႈ မရွိတာ၊ စိုက္ပ်ိဳးေရးလုပ္ငန္းသုံး သြင္းအားစုေစ်းေတြ ႀကီးျမင့္လာတာေတြေၾကာင့္ လုပ္ငန္းလုပ္ကိုင္ဖို႔ ခက္ခဲေနၾကပါတယ္။ ျပည္တြင္းက ဒီလိုအေျခအေနေတြေၾကာင့္ လုပ္သားအင္အားစုေတြဟာ အိမ္နီးခ်င္း ထိုင္းနဲ႔ မေလးရွားႏိုင္ငံေတြဆီ ထြက္ခြာေနၾကပါတယ္။ အဲဒီလို ထြက္ခြာၾကရမွာေတာ့ MOU လက္မွတ္ထိုးၿပီး တရားဝင္ သြားေရာက္ၾကသူေတြရွိသလို နယ္စပ္ကိုျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြကို တရားမဝင္ လမ္းေၾကာင္းေတြကေန ဝင္ေရာက္ၾကတဲ့အတြက္ ဖမ္းဆီးခံရတာေတြကိုလည္း သတင္းေတြထဲမွာ စိတ္မေကာင္းစြာ ျမင္ေတြ႔ေနရပါတယ္။ ျပည္တြင္းမွာလည္း စစ္ေဘးေရွာင္အေရအတြက္ဟာ ၉ သိန္းဝန္းက်င္ ရွိေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ လက္ရွိႀကဳံေတြ႔ေနရတဲ့ ႏိုင္ငံေရးအက်ပ္အတည္းကို ေစာလ်င္စြာ မေျဖရွင္းႏိုင္ရင္ ျမန္မာႏိုင္ငံ ၿပိဳလဲသြားႏိုင္တယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး မီခ်ဲလ္ ဘာခ်လက္က ဒီႏွစ္ဆန္းကတည္းက စိုးရိမ္တႀကီး သတိေပးခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ အငတ္ေဘး ျပႆနာနဲ႔ ဆင္းရဲမြဲေတမႈဒဏ္ကို ႏိုင္ငံလူဦးေရရဲ႕ တဝက္ေက်ာ္ ခံစားရႏိုင္တယ္လို႔ ကုလသမဂၢရဲ႕ အစီရင္ခံစာေတြကလည္း သတိေပးထားပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ျပႆနာဟာ ျပည္တြင္းေရးကို ေက်ာ္လြန္ၿပီး ေဒသတြင္း ျပႆနာဆီ ဦးတည္ေနပါၿပီ ဆိုတဲ့သေဘာ ျဖစ္ေၾကာင္းပါခင္ဗ်ား။

ျပည္ေသြးႏိုင္

-----------------------------------

(Unicode)

လုပ်ငန်းရှင်လူတန်းစားရော၊ အလုပ်သမားလူတန်းစားပါ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ

၂၀၂၂၊ မေလ ၈ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လေကြောင်းခရီးနဲ့ သွားရောက်မယ့် ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် နန်းလိုင်ခမ်းကို စစ်ထောက်လှမ်းရေးက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတွေ ဆိုရှယ်မီဒီယာတွေအပေါ်မှာ အတော်လေး ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ နန်းလိုင်ခမ်းကို ဖမ်းဆီးထားခြင်း မရှိပါဘူးလို့ ငြင်းဆိုပါတယ်။ ဧရာဝတီသတင်းဌာနကတော့ "နန်းလိုင်ခမ်း လေဆိပ်တွင် ခေတ္တထိန်းသိမ်းစစ်ဆေးခံရ" လို့ ခေါင်းစဉ်ပေး ဖော်ပြထားတဲ့ သတင်းမှာတော့ "ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်း သမီးဖြစ်သူ ဒေါ်နန်းလိုင်ခမ်းသည် ပြီးခဲ့သည့် မေလ ၈ ရက်နေ့၌ အချိန် ၂ နာရီကျော်ကြာ ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသည်" လို့ ရေးသားထားပါတယ်။ အဲဒီသတင်းမှာပဲ ဒေါ်နန်းလိုင်ခမ်းကို ရန်ကုန်လေဆိပ်မှာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဗိုလ်မှူးကျော်မြတ်လင်းက ခေါ်ယူမေးမြန်း စစ်ဆေးခဲ့တာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အခုဖြစ်ရပ်မတိုင်မီကလည်း စစ်ကောင်စီအနေနဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဖြစ်ကြတဲ့ ဇေကမ္ဘာဦးခင်ရွှေတို့ သားအဖနဲ့ ဧဒင်ဦးချစ်ခိုင်တို့ သားအဖတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုဖမ်းဆီးမှုတွေကြောင့် မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဟာ အကြောင်းရှာ ဖမ်းဆီးမှာကို စိုးရိမ်ထိတ်လန့်နေကြရပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဆက်ဆံရေး အဆင်ပြေအောင် ကြိုးစားနေကြရတယ်လို့ RFA ရဲ့ သတင်းဆောင်းပါးတပုဒ်ဖြစ်တဲ့ "ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေကို ဖမ်းဆီးမှု စစ်ကောင်စီ ဝေဖန်ခံနေရ" ဆိုတဲ့ သတင်းဆောင်းပါးမှာ ရေးသားဖော်ပြထားပါတယ်။ အဲဒီ သတင်းဆောင်းပါးမှာပဲ "၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကလွဲရင် တိုင်းပြည်ရဲ့ ထိပ်တန်းလုပ်ငန်းရှင် အားလုံးနီးပါး ရန်ကုန်စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ရဲ့ ခေါ်ယူစစ်ဆေးတာကို ခံခဲ့ရတယ်" လို့ ဖော်ပြထားပါတယ်။ ဆောင်းပါးရဲ့ နိဂုံးမှာတော့ "စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဝရုန်းသုန်းကားဖြစ်လာတဲ့ ဘဏ်ပြဿနာ၊ ဆိုးရွားတဲ့ လျှပ်စစ်မီး ဖြတ်တောက်မှု၊ တရားဥပဒေကင်းမဲ့မှုနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအပေါ် နည်းအမျိုးမျိုးနဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် တိုင်းပြည်ဟာ အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရပြီး လူတိုင်း မလုံခြုံမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ခံစားနေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ မှတ်ချက်ကို ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်း အများစုဟာ ပုံမှန်ပြန်မလည်ပတ်နိုင်ကြသေးပါဘူး။ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေး ကုမ္ပဏီကြီးတွေလည်း ပြန်လည်ထွက်ခွာနေကြပါတယ်။ အခု လတ်တလောမှာကို ကပ္ပလီပင်လယ်ပြင်မှာရှိတဲ့ ရဲတံခွန် ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ မလေးရှားက Petronas၊ ထိုင်းက PTTEP နဲ့ ဂျပန်က ENEOS ကုမ္ပဏီတွေအားလုံး စီမံကိန်းကနေ အပြီးအပိုင် ထွက်ခွာကြမယ်ဆိုတဲ့ သတင်းတွေကို မေလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ အရ စီးပွားရေးလုပ်ငန်းတွေရဲ့ ဒေါ်လာဝင်ငွေကို ထိန်းချုပ်ပြီး အမေရိကန်တဒေါ်လာကို ၁၈၅၀ ကျပ် သတ်မှတ်ကာ မြန်မာကျပ်ငွေနဲ့ မလဲမနေရ လဲခိုင်းတာကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေ လုပ်ရကိုင်ရ ပိုခက်ခဲလာတာ တွေ့ကြုံနေရပါတယ်။ ဒီအကျိုးဆက်ဟာ သင်္ကြန်ပြီးကာလ ဧပြီနှောင်းပိုင်းမှာ လောင်စာဆီ ပြတ်လပ်တာနဲ့ ကြုံခဲ့ရပါတယ်။ ဒီလိုအခက်အခဲတွေ ကြုံနေရချိန်မှာပဲ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ပို့ကုန်စာရင်းလက်ကျန်ကို အကြောင်းပြကာ ကုမ္ပဏီ ၁၅၈ ခုနဲ့ ဒါရိုက်တာအဖွဲ့ဝင် ၄၄၀ ဦးကို နာမည်ပျက်စာရင်း ထည့်သွင်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က မေလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အကြောင်းကို Myanmar Now သတင်းဌာနက ဖော်ပြထားပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ရောင်းရငွေတွေကို သင်္ဘောတင်ပြီး သုံးလအတွင်းမှာ သက်ဆိုင်ရာ ဘဏ်စာရင်းမှာ နိုင်ငံခြားငွေ အဝင်မပြလို့ အခုလို နာမည်ပျက်စာရင်းသွင်း အရေးယူတာလို့ သိရပါတယ်။

လတ်တလောအခြေအနေမှာ စီးပွားရေးလုပ်ငန်းကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရသလိုပဲ အခြေခံလူတန်းစား၊ အလုပ်သမား လူတန်းစားတွေဟာလည်း စားဝတ်နေရေးအတွက် ပိုမိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့် အလုပ်အကိုင် ရှားပါးလာပြီး စားသောက်ကုန်ဈေးနှုန်းတွေ ဆက်တိုင်တက်နေတဲ့ ဒဏ်ကို ခံစားနေကြရပါတယ်။ လက်ရှိ ကုန်ဈေးနှုန်းတွေရဲ့ အခြေအနေကို ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ်မှာ နေထိုင်သူတဦးက အခုလိုပြောပါတယ်။

"အလုပ်အကိုင်တွေကရှား၊ ဝင်ငွေက မတိုးပေမဲ့ ကုန်ဈေးနှုန်းတွေက ဆက်တိုက်တက်နေတယ်။ ဝက်သားတပိသာ ၁၂,၀၀၀ ကျပ်၊ ကြက်သားရင်ပုံ တခြမ်း ၂,၀၀၀၊ ပေါင်တခြမ်း ၁,၅၀၀၊ အသဲအမြစ်တတွဲ ၈၀၀၊ တပိသာ ကြက်တကောင် ၉,၀၀၀ ကျပ်၊ အမဲသား တပိသာ ၁၅,၀၀၀၊ ငါးကြင်းတပိသာ ၁၀,၀၀၀၊ ပဲဆီတပိသာ ၁၁,၀၀၀၊ စားအုံးဆီတပိသာ ၇,၀၀၀၊ ရွှေဘိုပေါ်ဆန်းမွှေးရှယ် တပြည် ၂,၈၀၀၊ ခွန်နီမဆန်တပြည် ၂,၀၀၀ ကျပ် ဖြစ်နေပါပြီ။ ကျနော် အရင်က ဂျာနယ်တခုမှာ အလုပ်လုပ်ပါတယ်။ အာဏာသိမ်းပြီးနောက် ဂျာနယ်တိုက်က ပိတ်လိုက်ရတယ်။ အခု အလုပ်မရှိဘူး။ အညာပြန် မိဘလယ်ယာပြန်လုပ်ဖို့ကလည်း သိကြတဲ့အတိုင်း ရွာတွေမီးရှို့ခံနေရတယ်။ လုံခြုံမှုမရှိဘူး။ အသက်အန္တရာယ်ပါရှိတော့ လောလောဆယ် ရွာကိုလည်း မပြန်ရဲဘူး။"

နိုင်ငံခြားကုမ္ပဏီကြီးတွေ ပြန်လည်ထွက်ခွာတာ၊ အလုပ်အကိုင် အများဆုံး ဖန်တီးပေးတဲ့ အထည်ချုပ်လုပ်ငန်းတွေ အလုပ်သမားတွေ လျှော့ချတာ၊ စက်ရုံတွေ ပိတ်သိမ်းကြတဲ့အတွက် အလုပ်လက်မဲ့တွေ တိုးပွားလာနေပါတယ်။ ကျေးလက်ဒေသတွေမှာလည်း အေးချမ်းတည်ငြိမ်မှု မရှိတာ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုဈေးတွေ ကြီးမြင့်လာတာတွေကြောင့် လုပ်ငန်းလုပ်ကိုင်ဖို့ ခက်ခဲနေကြပါတယ်။ ပြည်တွင်းက ဒီလိုအခြေအနေတွေကြောင့် လုပ်သားအင်အားစုတွေဟာ အိမ်နီးချင်း ထိုင်းနဲ့ မလေးရှားနိုင်ငံတွေဆီ ထွက်ခွာနေကြပါတယ်။ အဲဒီလို ထွက်ခွာကြရမှာတော့ MOU လက်မှတ်ထိုးပြီး တရားဝင် သွားရောက်ကြသူတွေရှိသလို နယ်စပ်ကိုဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်ကြတဲ့အတွက် ဖမ်းဆီးခံရတာတွေကိုလည်း သတင်းတွေထဲမှာ စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။ ပြည်တွင်းမှာလည်း စစ်ဘေးရှောင်အရေအတွက်ဟာ ၉ သိန်းဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းကို စောလျင်စွာ မဖြေရှင်းနိုင်ရင် မြန်မာနိုင်ငံ ပြိုလဲသွားနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မီချဲလ် ဘာချလက်က ဒီနှစ်ဆန်းကတည်းက စိုးရိမ်တကြီး သတိပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အငတ်ဘေး ပြဿနာနဲ့ ဆင်းရဲမွဲတေမှုဒဏ်ကို နိုင်ငံလူဦးရေရဲ့ တဝက်ကျော် ခံစားရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေကလည်း သတိပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ပြည်တွင်းရေးကို ကျော်လွန်ပြီး ဒေသတွင်း ပြဿနာဆီ ဦးတည်နေပါပြီ ဆိုတဲ့သဘော ဖြစ်ကြောင်းပါခင်ဗျား။

ပြည်သွေးနိုင်

XS
SM
MD
LG