သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးဝါး တားဆီးရေး သမ္မတ Trump က သွင်းကုန်ခွန်နဲ့ ဖိအားပေး ဆောင်ရွက်


မက္ကဆီကိုနိုင်ငံနယ်စပ်နှင့် ၁၀ မိုင်ခန့်သာဝေးသည့် ကာလီဖိုးနီးယားပြည်နယ်၊ Holtville မြို့ရှိ စိုက်ခင်းတခုတွင် ဂေါ်ဖီထုပ်များ ခူးဆွတ်နေသည့် လုပ်သားများ။ (မတ် ၅၊ ၂၀၂၅) (AP)
မက္ကဆီကိုနိုင်ငံနယ်စပ်နှင့် ၁၀ မိုင်ခန့်သာဝေးသည့် ကာလီဖိုးနီးယားပြည်နယ်၊ Holtville မြို့ရှိ စိုက်ခင်းတခုတွင် ဂေါ်ဖီထုပ်များ ခူးဆွတ်နေသည့် လုပ်သားများ။ (မတ် ၅၊ ၂၀၂၅) (AP)

အမေရိကန်ထဲကို မူးယစ်ဆေးဝင်လာတာ ပိတ်ဖို့အတွက် မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်အပေါ် အခွန်တိုးမြှင့်ချထားတာ ဖြစ်တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

Fentanyl အဝင်ရပ်သွားရင် အခွန် မြှင့်လိုက်တာတွေလည်း ရပ်သွားမယ်လို့ သူထင်မြင်ကြောင်း Howard Lutnick က NBC ရုပ်မြင်သံကြားရဲ့ Meet the Press တနင်္ဂနွေ အင်တာဗျူးမှာ ပြောခဲ့တာပါ။

တကယ်လို့ fentanyl အဝင် ရပ်မသွားဘူး ဒါမှမဟုတ် ဒါနဲ့ပတ်သက်လို့ သမ္မတအနေနဲ့ မသေချာဘူး ဆိုရင် သေချာတဲ့အထိ အခွန်နှုန်း တိုးချထားတာက ဆက်ရှိနေပါလိမ့်မယ်လို့ သူကပြောပါတယ်။

ဝန်ကြီးက စီးပွါးရေးကျဆင်းမှာ မဟုတ်ပါဘူးလို့ ဆိုပေမဲ့ နိုင်ငံခြားလုပ် ပစ္စည်းတွေကတော့ ပို စျေးကြီးသွားနိုင်ပြီး အမေရိကန်လုပ် ပစ္စည်းတွေကတော့ ပို စျေးချိုနိုင်တယ်လို့ ပြောပါတယ်။ ဒါက အဓိကအချက်ဖြစ်ပါတယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဆိုပါတယ်။

"ကျနော်တို့လုပ်နေတာက အလွန့်ကို ကြီးမားတာမို့ အကူးအပြောင်း ကာလတရပ်တော့ ရှိပါလိမ့်မယ်" လို့ အမေရိကန်သမ္မတ ထရမ့်က တနင်္ဂနွေနေ့မှာ ထုတ်လွှင့်တဲ့ Fox News အစီအစဥ်မှာ ပြောပါတယ်။

အမေရိကန်ကို တင်ပို့တဲ့ ကနေဒါနဲ့ မက္ကဆီကို ပစ္စည်းတွေကို သမ္မတထရမ့်က အခွန် ၂၅% ချထားခဲ့ပြီးနောက် ကားအပါအဝင် ပစ္စည်းအားလုံးနီးနီးအပေါ် ဧပြီ ၂ ရက်အထိ အခွန် ဆိုင်းငံ့ထားလိုက်ပြန်ပါတယ်။

မူးယစ်ဆေးဝါး တားဆီးရေး သမ္မတ Trump က သွင်းကုန်ခွန်နဲ့ ဖိအားပေး ဆောင်ရွက်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG