သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်တွင်း နေရပ်ပြန်ကြမယ့် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေ ပြန်ဝင်ခွင့်ဗီဇာတုံး ထုစရာမလို

ဘန်ကောက်မြို့ ခေါက်ဆန်လမ်းမှာ ပြုလုပ်တဲ့ သင်္ကြန်မြင်ကွင်း (ဧပြီ ၁၂၊ ၂၀၂၄)
ဘန်ကောက်မြို့ ခေါက်ဆန်လမ်းမှာ ပြုလုပ်တဲ့ သင်္ကြန်မြင်ကွင်း (ဧပြီ ၁၂၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေ ဧပြီလ ၁ ရက်ကနေ မေလ ၁၅ ရက်အကြား သင်္ကြန်ကာလအတွင်း ကိုယ့်သက်ဆိုင်ရာ နိုင်ငံအသီးသီးကို ပြန်ကြတဲ့အခါ ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်ဗီဇာတုံး (Re-entry permit) ထုစရာမလိုဘူးလို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက မနေ့ မတ်လ ၁၁ ရက်နေ့မှာ ကြေညာပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနည်းတူ သင်္ကြန်နဲ့ နှစ်သစ်ကူး ရေကစားပွဲ Songkran ကို ဧပြီလ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပလေ့ ရှိတာပါ။

သင်္ကြန်ပွဲတော်ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေ ခရီးသွားလာရေး အဆင်ပြေအောင်နဲ့ ကုန်ကျစားရိတ်သက်သာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို Re-entry permit ကင်းလွှတ်ခွင့်ပြုလိုက်တာလို့ အလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံစီးပွားရေးအတွက် အရေးပါကြောင်းနဲ့ အခုလို ကင်းလွှတ်ခွင့်ပြုလိုက်တဲ့အတွက် အလုပ်သမားတွေ စိတ်အေးချမ်းသာစွာနဲ့ လုပ်ငန်းခွင်ကို ပြန်ဝင်လာခွင့် ရှိကြမှာဖြစ်ကြောင်းလည်း ဝန်ကြီး Phiphat Ratchakitprakarn က ပြောပါတယ်။

ဒီ ကင်းလွှတ်ခွင့်ဟာ non-L-A (legalised labour) လို့ခေါ်တဲ့ တရားဝင် အလုပ်လုပ်ပိုင်ခွင့်ဗီဇာကို မေလ ၁၅ ရက်ကျော်တဲ့အထိ ရှိထားကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို ၃ နိုင်ငံတို့က အလုပ်သမားတွေအတွက်သာ အကျုံးဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၁၅ ရက်နေ့ကျော်မှ ပြန်လာချင်သူတွေကတော့ ထုံးစံအတိုင်း ပြန်ဝင်ခွင့်ဗီဇာ ကြိုလျှောက်သွားကြမယ်လို့ အလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of

Forum

​
XS
SM
MD
LG