သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ သင်္ကြန်ပွဲကာလ အရက်သေစာရောင်းချခွင့် ၁၀ ရက်ပိတ်


၂၀၁၈ တုန်းက ထိုင်းသင်္ကြန်
၂၀၁၈ တုန်းက ထိုင်းသင်္ကြန်

(Zawgyi/Unicode)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နောက်သီတင်းပတ်အတွင်း ကျရောက်မယ့် songkran နှစ်သစ်ကူးပွဲမတိုင်မီ အရက်သေစာ ရောင်းချခွင့် ၁၀ ရက်ပိတ် ပင်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားတာကို ဟန့်တားနိုင်ဖို့ လူစု လူဝေး မလုပ်ရအောင် အခုလို ကန့်သတ် လိုက်တာပါ။ ဧပြီ ၁၀ ရက်ကနေ ၂၀ ရက်နေ့အထိ အရက်ရောင်းချတဲ့ ဆိုင်တွေကို ပိတ်ထားရမှာ ဖြစ်တယ်လို့ ဘန်ကောက် မြို့တော် အစိုးရအဖွဲ့ ပြောခွင့်ရ Pongsakorn Kwanmuang က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကြေညာချက် စတင်အသက် မဝင်ခင် အချိန်ထိ မြို့တော်နေ ပြည်သူတွေ ဈေးဆိုင်ကြီးတွေမှာ တန်းစီပြီး အရက်ဝယ်ယူ စုဆောင်းနေကြတာကိုလည်း တွေ့ရပါ တယ်။ ထိုင်းရိုးရာ Songkran နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ၃ ရက်ကျင်းပလေ့ရှိပြီး မိဘရပ်ထံ ပြန်ကြသလို အရက်သေစာ သုံးစွဲပြီး ဆင်နွှဲကြတာတွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံထားရသူ ၂၄၀၀ ကျော် နဲ့သေဆုံးသူ ၃၂ ဦးရှိပြီး ကူးစက်မှု အများစုက မြို့တော် ဘန်ကောက်မှာ ဖြစ်ပါတယ်။

ထိုင်းမှာ သင်္ကြန်ပွဲကာလ အရက်သေစာရောင်းချခွင့် ၁၀ ရက်ပိတ်
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်


...................


(Unicode)




XS
SM
MD
LG