သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖရိကျမင္းဖ်ားနာေရာဂါေၾကာင့္ ထုိင္းမွာ ျမင္း ၁၀၀ ေက်ာ္ေသဆုံး


ထိုင္းႏိုင္ငံက ျမင္းမ်ား

(Zawgyi/Unicode)

အာဖရိကျမင္းဖ်ားနာေရာဂါ (AHS) ေၾကာင့္ ထိုင္းနိုင္ငံမွာ ျမင္းအေကာင္ေရ ၁၀၀ ေက်ာ္ေသဆုံးခဲ့တယ္လို႔ ထိုင္းအစိုးရ ကေျပာပါတယ္။ အရင္က ဒီေရာဂါမ်ိဳး ထိုင္းနိုင္ငံမွာ တခါမွမျဖစ္ဖူးဘူးလို႔ လည္း ထိုင္း ေမြးျမဴေရး ဖြံ႔ၿဖိဳးတိုးတက္မႈ ဌာန ညႊန္ၾကားေရးမႉး Sorawit Thanito က ၾကာသပေတးေန႔ ကေျပာပါတယ္။ ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔အတြက္ နာမက်န္းျဖစ္ေနတဲ့ ျမင္းေတြကို သီးျခားခြဲ ေစာင့္ၾကည့္ေနရပါတယ္။ ေရာဂါ ကူးစက္ျဖစ္ပြားတာကို မတ္လေႏွာင္းပိုင္းမွာ သတင္းရရွိခဲ့တာျဖစ္ၿပီး ဒီေရာဂါ ထိုင္းႏိုင္ငံထဲ ဘယ္လို ကူးစက္ျဖစ္ပြားလာ သလဲဆိုတာကို စုံစမ္းစစ္ေဆးသြားမယ္လို႔ လည္း သူကေျပာပါတယ္။

ျပည္နယ္ ၄ ခုမွာ အနည္းဆုံး ျမင္း ၁၃၁ ေကာင္ေသဆုံးခဲ့တယ္လို႔ ေနာက္ဆုံးထုတ္ျပန္ထားတဲ့ အစိုးရသတင္းေတြအရ သိရွိရေၾကာင္း ရိုက္တာ သတင္းမွာ ေဖာ္ျပထားပါတယ္။

ေရာဂါ လကၡဏာေတြအေနနဲ႔ (AHS) ကူးစက္ခံရတဲ့ ျမင္းေတြမွာ အဖ်ား ၃၉ ဒီကရီ ဆဲလ္စီရပ္ေက်ာ္အထိရွိနိုင္ၿပီး အသက္ရႈရခက္ခဲတာ နဲ႔ မ်က္လုံးကေသြးယိုတာ ေတြျဖစ္နိုင္ပါတယ္။ ဒီေရာဂါလူေတြကို ကူးစက္တာ မရွိေသးသလို အခုလက္ရွိျဖစ္ပြားေနတဲ့ ကိုရိုနာ ဗိုင္းရပ္စ္ နဲ႔ ဆက္ႏြယ္မႈမရွိဘူးလို႔ ညႊန္မွဴး Sorawit က ေျပာပါတယ္။

အခုလို ထိုင္းနိုင္ငံတြင္း ျမင္းေတြမွာ (AHS) ကူးစက္ပ်ံ႕ႏွံ႕တာကို ေတြ႕ရွိခဲ့တဲ့ အတြက္ ကမၻာ့က်န္းမာေရးအဖြဲ႕ တိရိစၧာန္က်န္းမာေရး ဆိုင္ရာ (OIE) က ထိုင္းႏိုင္ငံကို အာဖရိက ျမင္းေရာဂါ (AHS) ကင္းစင္ႏိုင္ငံစာရင္းကေန မတ္လ ၂၇ ရက္ေန႔က ဆိုင္းငံ့ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

................

အာဖရိကမြင်းဖျားနာရောဂါကြောင့် ထိုင်းမှာ မြင်း ၁၀၀ ကျော်သေဆုံး

(Unicode)

အာဖရိကမြင်းဖျားနာရောဂါ (AHS) ကြောင့် ထိုင်းနိုင်ငံမှာ မြင်းအကောင်ရေ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရ ကပြောပါတယ်။ အရင်က ဒီရောဂါမျိုး ထိုင်းနိုင်ငံမှာ တခါမှမဖြစ်ဖူးဘူးလို့ လည်း ထိုင်း မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ဌာန ညွှန်ကြားရေးမှူး Sorawit Thanito က ကြာသပတေးနေ့ ကပြောပါတယ်။ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် နာမကျန်းဖြစ်နေတဲ့ မြင်းတွေကို သီးခြားခွဲ စောင့်ကြည့်နေရပါတယ်။ ရောဂါ ကူးစက်ဖြစ်ပွားတာကို မတ်လနှောင်းပိုင်းမှာ သတင်းရရှိခဲ့တာဖြစ်ပြီး ဒီရောဂါ ထိုင်းနိုင်ငံထဲ ဘယ်လို ကူးစက်ဖြစ်ပွားလာ သလဲဆိုတာကို စုံစမ်းစစ်ဆေးသွားမယ်လို့ လည်း သူကပြောပါတယ်။

ပြည်နယ် ၄ ခုမှာ အနည်းဆုံး မြင်း ၁၃၁ ကောင်သေဆုံးခဲ့တယ်လို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အစိုးရသတင်းတွေအရ သိရှိရကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

ရောဂါ လက္ခဏာတွေအနေနဲ့ (AHS) ကူးစက်ခံရတဲ့ မြင်းတွေမှာ အဖျား ၃၉ ဒီကရီ ဆဲလ်စီရပ်ကျော်အထိရှိနိုင်ပြီး အသက်ရှုရခက်ခဲတာ နဲ့ မျက်လုံးကသွေးယိုတာ တွေဖြစ်နိုင်ပါတယ်။ ဒီရောဂါလူတွေကို ကူးစက်တာ မရှိသေးသလို အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ဆက်နွယ်မှုမရှိဘူးလို့ ညွှန်မှူး Sorawit က ပြောပါတယ်။

အခုလို ထိုင်းနိုင်ငံတွင်း မြင်းတွေမှာ (AHS) ကူးစက်ပျံ့နှံ့တာကို တွေ့ရှိခဲ့တဲ့ အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တိရိစ္ဆာန်ကျန်းမာရေး ဆိုင်ရာ (OIE) က ထိုင်းနိုင်ငံကို အာဖရိက မြင်းရောဂါ (AHS) ကင်းစင်နိုင်ငံစာရင်းကနေ မတ်လ ၂၇ ရက်နေ့က ဆိုင်းငံ့ခဲ့ပါတယ်။

XS
SM
MD
LG