သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကပြန်လွတ်လာတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်ရေး စီစဉ်ပေးနေ


ထိုင်းမြန်မာနယ်စပ် မြဝတီဂိတ်မှာ ထိုင်းကပြန်လာတဲ့ မြန်မာတချို့ကို အပူချိန်တိုင်းတာပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းများ (မတ် ၂၃၊ ၂၀၂၀)
ထိုင်းမြန်မာနယ်စပ် မြဝတီဂိတ်မှာ ထိုင်းကပြန်လာတဲ့ မြန်မာတချို့ကို အပူချိန်တိုင်းတာပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းများ (မတ် ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံသားများနဲ့ လူနည်းစုတိုင်းရင်းသားတွေ ခရီးသွားလာမှုကို ရပ်ထားဖို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင်း COVID-19 အရေးပေါ်ကြေငြာချက် ထုတ်ပြန်ပြီး ဖမ်ဆီးခံရသူ မြန်မာနိုင်ငံသား ၂၀၀ကျော်ရှိပြီး အများစုကတော့ ပြန်လွတ်မြောက်သွားပြီလို့ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာအလုပ်သမားသံအရာရှိက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တက်ဆက်ပေးပါမယ်။

မြန်မာနိုင်ငံတွင်းမှာ COVID-19 ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ စောင့်ကြည့်စစ်ဆေးရမယ့် စင်တာတွေ အဆင်သင့်မဖြစ်သေးတာကြောင့် နေရပ်ပြန်မြန်မာတွေရဲ့ ခရီးသွားလာမှုတွေကို ဧပြီလ ၁၅ ရက်ထိ ရပ်ထားပေးဖို့ မြန်မာဘက်က တောင်းဆိုအပြီး ထိုင်းဘက်က မြန်မာတွေနဲ့ တိုင်းရင်းသားလူနည်းစု ခရီးသွားလာမှုတွေကို ရပ်နားခိုင်းခဲ့တာပါ။

ဧပြီလ ၂ ရက်နေ့မှာတော့ နယ်စပ် စစ်ဆေးရေးဂိတ်တွေကနေ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားပေါင်း ၂၀၀ ကျော်ရှိတာကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြန်မာသံရုံးက အလုပ်သမားတွေလွတ်မြောက်ရေး လိုက်လံဆောင်ရွက်ပေးခဲ့ရပါတယ်။ ဧပြီလ ၂ ရက်နေ့ ညနေပိုင်းမှာတော့ ဖမ်းဆီးခံရသူ အတော်များများ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဧပြီလ ၃ ရက်နေ့မှာလည်း ကျန်တဲ့သူတွေကို နေရပ်ပြန်ဖို့ စီစဉ်ပေးမှာ ဖြစ်တယ်လို့ မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ဆိုပါတယ်။

"အလုပ်သမားတွေထဲက ၂၀၀ထဲက အတော်များများ လွတ်သွားပါပြီ။ အခု ကျန်တာကတော့သက်သေလောက်ပဲ ကျန်တော့တယ်။ မနေ့ကတော့ မြန်မာဘက်ခြမ်းကို ကျနော်တို့ လွဲှပြောင်းပေးလိုက်ပါတယ်။ ဒီကျန်နေသေးတဲ့ အလုပ်သမားတွေ အမြန်ဆုံးလွဲှပေးဖို့က ရဲအချုပ်ကနေ လဝကအချုပ်ကို လွဲပေးဖို့အတွက် ဆောင်ရွက်နေပါတယ်။ လက်ရှိမှာတော့ ကားသမားတွေကိုတော့ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေပါတယ်။"

လက်ရှိမှာတော့ ဘန်ကောက်က ပြန်လာတဲ့ မြန်မာတွေရှိနေသေးပေမဲ့ ကားသမားတွေက စစ်ဆေးရေးဂိတ် မရောက်ခင်မှာပဲ တောထဲမှာပဲ ချထားပေးနေဆဲ ဖြစ်တယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ဆိုပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ ခရီးသွားလာခွင့်တွေကို တာ့ခ်ခရိုင်မှာ ကန့်သတ်ထားပေမဲ့ အလုပ်ပြုတ်တဲ့ မြန်မာတွေကတော့ နေထိုင်စားသောက်ဖို့ အခက်အခဲရှိနေတာကြောင့် ဘန်ကောက်ကနေ ဆင်းလာနေဆဲဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG