သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်ဖို့ကြိုးစားသူ မြန်မာအလုပ်သမားများ ထိုင်းအာဏာပိုင် ဖမ်းဆီး


မြန်မာနိုင်ငံပြန်မယ့် မြန်မာအလုပ်သမားတချို့
မြန်မာနိုင်ငံပြန်မယ့် မြန်မာအလုပ်သမားတချို့

(Zawgyi/Unicode)

မြန်မာနိုင်ငံသားများနဲ့ လူနည်းစု တိုင်းရင်းသားတွေ ခရီးသွားလာမှုကို ရပ်ထားဖို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင်း COVID-19 အရေးပေါ်ကြေငြာချက် ထုတ်ပြန်ပြီး နောက်တနေ့ ဖြစ်တဲ့ ဧပြီ ၂ ရက်နေ့မှာ ထိုင်းမြန်မာနယ်စပ်ကို ပြန်ဆင်းလာတဲ့ မြန်မာနိုင်ငံသား ၈၅ ဦး ဟာ မဲဆောက်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတဲ့ သတင်းကို တင်ဆက်ပေးမှာပါ။

ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းမှာ ဗင်ကား ၇ နှစ်စီးနဲ့ ခရီးသည်တင်ကားကြီးတစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ပြည်တော်ပြန်မယ့် မြန်မာနိုင်ငံသား ၈၅ ဦးကို ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် ဘန့်ဟွေ့ဟင်ဖွန်နယ်ခြား ၃၄၆ ရဲစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ။

အခုလို နယ်ခြားစောင့် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသားတွေဟာ COVID-19 ရောဂါဆိုင်ရာ တော့ခ်ရိုင် အရေးပေါ်ကြေငြာချက်ကို မလိုက်နာဘဲ မြန်မာနိုင်ငံပြန်မယ့် အလုပ်သမားတွေကို ပထမဆုံး စစ်ဆေးဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

မြန်မာပြည်အရေးပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုး အခုလိုပြောပါတယ်။

'"မြန်မာအလုပ်သမား ၈၀ ဝန်းကျင်းလောက်ပါတဲ့ ဗင်ကား ၇စီးက ဒီကနေ့ပဲ ဖမ်းလိုက်ပါတယ်။ သူတို့တွေဟာ ဧပြီလ ၁ရက်နေ့က ကြေငြာထားတဲ့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံခြားသားအလုပ်သမားတွေအနေနဲ့ ခရိုင်တခုကနေ တခုကနေ ကျော်သွားလို့ မရဘူးဆိုတာကို ချိုးဖောက်တာပါ။ ဒီချိုးဖောက်နဲ့ပဲ သူတို့ကို ဖမ်းဆီးလိုက်တာပါ။"

မြန်မာအလုပ်သမားတွေအနေနဲ့လည်း ဒီရက်တွေမှာ နေရပ်ပြန်ကြမယ်ဆိုပြီး စီစဉ်ထားကြသူတွေ မြန်မာပြည်တော်ပြန် အလုပ်သမားတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ကြီးသဖွယ် ဖြစ်လာမယ်ဆိုတဲ့ မြန်မာအစိုးရဘက်က သတင်းကြောင့်လည်း အိမ်ငှားဖို့အတွက် အခက်အခဲရှိကြသူတွေလည်း ရှိနေတယ်လို့ AAC အလုပ်သမားကူညီရေးအဖွဲ့ရဲ့ ဒါရိုက်တာဦးခိုင်ကြီးက ဆိုပါတယ်။

"ပြည်တော်ပြန် အလုပ်သမားထဲက ကိုရိုနာဗိုင်းရပ်စ်ကို သံသယဖြစ်တဲ့ လူနာကိုတွေ့တယ်။ ရောဂါ ဖြစ်တယ်ဆိုပြီး မြန်မာအစိုးရက ကြေငြာလိုက်တော့ တချို့ ထိုင်းအလုပ်ရှင်တွေက အလုပ်သမားတွေထဲမှာ အဲဒီမှာတွေ့တယ်ဆိုပြီး ကြောက်လန့်ပြီး စက်ရုံငယ်တွေ ပိတ်ပစ်တယ်။ အဲဒီလို ပိတ်တော့ သူတို့ ငှားနေတဲ့နေရာတွေက တိုက်ပိုက်ရှင်တွေကလည်း မောင်းချတယ်။ အဲဒီတော့ အလုပ်သမားတွေက ဘယ်နေရာသွားရမှန်းမသိဘူး။"

ဧပြီလ ၁ ရက်နေ့ နေ့စွဲနဲ့ တော့ခ်ခရိုင် မြို့တော်ဝန် Mr Ratsit Samphantharat ထုတ် ပြန်ခဲ့တဲ့အရေးပေါ်ကြေငြာချက် ၉/၂၀၂၀ မှာ COVID-19 ရောဂါပိုး တားဆီးကာကွယ်ရေးဆိုင်ရာ ဆောက်ရွက်နေတဲ့ မြဝတီမြို့ အာဏာပိုင်တွေရဲ့ တောင်းဆိုချက်အရ ပြည်တော်ပြန်မြန်မာနိုင်ငံသားတွေကို ဧပြီလ ၁၅ ရက် ကျော်မှ မြန်မာနိုင်ငံဘက်က လက်ခံမှာ ဖြစ်တာကြောင့် တာ့ခ်ခရိုင်အတွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ယာဉ်တွေသွားလာမှု ယာယီရပ်ဆိုင်းမှာဖြစ်ကြောင်း ထုတ်ပြန်ထားတာပါ။

ဒီထဲမှာ တာ့ခ်ခရိုင်အတွင်းမှာ မြန်မာနိုင်ငံသားတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ ခရီးသွားလာခွင့်ကို ရပ်ဆိုင်းထားတော့မှာဖြစ်ပြီး အရေးပေါ်တားမြစ်ဥပဒေကို မလိုက်နာ ချိုးဖေါက်တယ်ဆိုရင် ထောင်ဒဏ် ၁ နှစ်နဲ့ ဒဏ်ငွေ ၁၀၀,၀၀၀ အထိ ပြစ်ဒဏ်ချမှတ်မယ်လို့ ထုန်ပြန်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





မွနျမာပွညျအရေးပူးတှဲလှုပျရှားမှု ကောျမတီဥက်ကဋ်ဌ ဦးမိုးကွိုး အခုလိုပွောပါတယျ။






XS
SM
MD
LG