သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းနယ္စပ္မွာ ပိတ္မိေနသူ ျမန္မာႏုိင္ငံသား ၂၀၀ ခန္႔ ေနရပ္ျပန္ခြင့္ျပဳ


ထိုင္း - ျမန္မာ ခ်စ္ၾကည္ေရး တံတားအနီးတြင္ ေတြ႔ရတဲ့ ေနရပ္ျပန္ၾကမယ့္ ျမန္မာအလုပ္သမားမ်ား

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ မဲဆုိင္မွာ ပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသား ၂၀၀ ခန္႔ကို ေနာက္ဆံုးအသုတ္အေနနဲ႔ ထုိင္းျမန္မာခ်စ္ၾကည္ေရး အမွတ္ ၂ တံတားကေန ျမန္မာဘက္ကုိ ျပန္ပုိ႔ေပးခဲ့တာပါ။ သူတို႔ဟာ မဲဆုိင္ဘက္က ဘုန္းေတာ္ႀကီးေက်ာင္း တခုမွာ Quarantine ယာယီေစာင့္ၾကည့္ခံေတြအျဖစ္ထားျပီးမွ လဲႊေျပာင္းေပးခဲ့တာလုိ႔ ဆိုပါတယ္။ ဒီသတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးမွာပါ။

☞ ထုိင္းေရာက္ ျမန္မာအလုပ္သမား ၁၅၀ ေက်ာ္ နစ္နာေၾကးျပန္ရတဲ့ အေၾကာင္းလည္း ဖတ္ႏိုင္ပါၿပီ။

COVID-19 အေရးေပၚကာလ လူစူလူေ၀းနဲ႔ ခရီးသြားလာခြင့္ေတြကုိ ပိတ္တဲ့အေနနဲ႔ ထိုင္းျမန္မာနယ္စပ္က မဲဆိုင္ တာခ်ီလိတ္ ခ်စ္ၾကည္ေရးတံတား (၁) ကုိ ပိတ္ထားခဲ့တာပါ။ ကုန္စည္စီးဆင္းတဲ့ အမွတ္ (၂) တံတားကိုသာ ဖြင့္ေပးထားတာပါ။ အခုအခါမွာေတာ့ ေနာက္ဆံုးအသုတ္အေနနဲ႔ ျမန္မာႏုိင္ငံသား ၂၀၀ ခန္႔ကို မဲဆုိင္တာခ်ိီလိတ္ တံတား (၂) ကေန ျပန္လည္ပို႔ေပးခဲ့ေၾကာင္း တာခ်ီလိတ္ ၿမိဳ႕ခံလည္းျဖစ္၊ အလြတ္သတင္းေထာက္လည္းျဖစ္တဲ့ ဦးစည္သူေမာင္က အခုလိုေျပာျပပါတယ္။

"ထိုင္းႏိုင္ငံမွာ ေရာက္ေနတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြက ၿပီးခဲ့တဲ့ မတ္လ ၂၃ ရက္ကတည္းက တဖဲြဖဲြျပန္လာၾကတာ ေပါ့ေနာ္။ နယ္စပ္တံတားပိတ္ေနခ်ိန္ ၂၈ ရက္ေန႔ ထိ လက္ခံေပးတယ္။ အစုိးရရဲ႕ ညႊန္ၾကားခ်က္အရ လက္ခံလို႔ မရေသးဘူး ဆုိင္းငံ့ထားတယ္္ဆုိတာေၾကာင့္ တဘက္မဲဆုိင္ဘက္မွာ လူ ၂၀၀ ေလာက္ယာယီ Quarantine လုပ္ထားတယ္။ ဒီေန႔ေတာ့ ၁၈၈ ေယာက္ကုိ တာခ်ီလိတ္ မဲဆိုင္တံတားကေန တာခ်ိီဘက္ကုိလာႀကတာ ၁၀နာရီ ေလာက္ကေန လက္ခံထားတယ္။ ထိုင္းအေျခအေနကလည္း ကာဖ်ဴးလည္းထုတ္ထားေတာ့ ေနာက္ထပ္လာဖို႔ေတာ့ မျမင္ေတာ့ဘူးလို႔ သူတို႔ဘက္ကေတာ့ ေျပာထားတယ္။ ဒါကေနာက္ဆံုးအသုတ္လို႔ေတာ့ေျပာၾကတယ္။"

ထုိင္းႏုိ္င္ငံမွာေတာ့ ည ၁၀ နာရီကေန မနက္ ၄ နာရီအထိ ညမထြက္ရ အေရးေပၚအမိန္႔ကို ထုတ္ျပန္ခဲ့ျပီးတဲ့ေနာက္ နယ္ေျမျဖတ္သန္းသြာလာခြင့္ေတြကုိ ပိတ္ထားတာေၾကာင့္ တာ့ခ္ခရိုင္ကေန ေနရပ္ျပန္ျမန္မာေတြဟာ ဖမ္းဆီးခံခဲ့ရတာေတြလည္း ရွိပါတယ္။ ေရႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ ပတ္သက္လို႔ COVID-19 အေရးေပၚကာလမွာ ျမန္မာဘက္က ေစာင့္ၾကည့္ေရးစင္တာေတြ အဆင္သင့္ မျဖစ္ေသးတာေၾကာင့္ ဧၿပီလ ၁၅ ရက္ေက်ာ္မွာ ျပန္လာၾကဖို႔ ျမန္မာႏို္င္ငံျခားေရး၀န္ႀကီးဌာနက ေမတၱာရပ္ခံခဲ့တာပါ။ ဒါေပမဲ့ အလုပ္လက္မဲ့ျဖစ္ေနတဲ့ ျမန္မာအလုပ္သမားေတြဟာ ေနထုိင္စားေသာက္ဖို႔ ခက္ခဲေနတာေၾကာင့္ ေနရပ္ကိုျပန္ေနၾကဆဲ ျဖစ္ပါတယ္။ ဧျပီလ ၆ ရက္ေန႔မွာ ေနရပ္ျပန္ၾကသူေတြကိုေတာ့ တာခ်ီလိတ္ၿမိဳ႕က ေစာင့္ၾကည့္ေရးစင္တာမွာ ထားျပီး က်န္းမာေရးစစ္ေဆးမႈေတြ လုပ္သြားမယ္လုိ႔ ဆုိပါတယ္။

ျပီးခဲ့တဲ့ရက္ကေတာ့တာခ်ီလိတ္က ေစာင့္ၾကည့္ေရးစင္တာမွာ ထားတဲ့ လူ ၁၀၀ ခန္႔ကေတာ့ ေစာင့္ၾကည့္ကာလ ၁၄ ရက္ ေက်ာ္သြားျပီမို႔ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးဌာန အစီစဥ္နဲ႔ ေနရပ္ကို ျပန္ပုိ႔ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနယ်စပ်မှာ ပိတ်မိနေသူ မြန်မာနိုင်ငံသား ၂၀၀ ခန့် နေရပ်ပြန်ခွင့်ပြု

ထိုင်းမြန်မာနယ်စပ် မဲဆိုင်မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၂၀၀ ခန့်ကို နောက်ဆုံးအသုတ်အနေနဲ့ ထိုင်းမြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားကနေ မြန်မာဘက်ကို ပြန်ပို့ပေးခဲ့တာပါ။ သူတို့ဟာ မဲဆိုင်ဘက်က ဘုန်းတော်ကြီးကျောင်း တခုမှာ Quarantine ယာယီစောင့်ကြည့်ခံတွေအဖြစ်ထားပြီးမှ လွဲှပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးမှာပါ။

☞ ထိုင်းရောက် မြန်မာအလုပ်သမား ၁၅၀ ကျော် နစ်နာကြေးပြန်ရတဲ့ အကြောင်းလည်း ဖတ်နိုင်ပါပြီ။

COVID-19 အရေးပေါ်ကာလ လူစူလူဝေးနဲ့ ခရီးသွားလာခွင့်တွေကို ပိတ်တဲ့အနေနဲ့ ထိုင်းမြန်မာနယ်စပ်က မဲဆိုင် တာချီလိတ် ချစ်ကြည်ရေးတံတား (၁) ကို ပိတ်ထားခဲ့တာပါ။ ကုန်စည်စီးဆင်းတဲ့ အမှတ် (၂) တံတားကိုသာ ဖွင့်ပေးထားတာပါ။ အခုအခါမှာတော့ နောက်ဆုံးအသုတ်အနေနဲ့ မြန်မာနိုင်ငံသား ၂၀၀ ခန့်ကို မဲဆိုင်တာချီလိတ် တံတား (၂) ကနေ ပြန်လည်ပို့ပေးခဲ့ကြောင်း တာချီလိတ် မြို့ခံလည်းဖြစ်၊ အလွတ်သတင်းထောက်လည်းဖြစ်တဲ့ ဦးစည်သူမောင်က အခုလိုပြောပြပါတယ်။

"ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကတည်းက တဖွဲဖွဲပြန်လာကြတာ ပေါ့နော်။ နယ်စပ်တံတားပိတ်နေချိန် ၂၈ ရက်နေ့ ထိ လက်ခံပေးတယ်။ အစိုးရရဲ့ ညွှန်ကြားချက်အရ လက်ခံလို့ မရသေးဘူး ဆိုင်းငံ့ထားတယ်ဆိုတာကြောင့် တဘက်မဲဆိုင်ဘက်မှာ လူ ၂၀၀ လောက်ယာယီ Quarantine လုပ်ထားတယ်။ ဒီနေ့တော့ ၁၈၈ ယောက်ကို တာချီလိတ် မဲဆိုင်တံတားကနေ တာချီဘက်ကိုလာကြတာ ၁၀နာရီ လောက်ကနေ လက်ခံထားတယ်။ ထိုင်းအခြေအနေကလည်း ကာဖျူးလည်းထုတ်ထားတော့ နောက်ထပ်လာဖို့တော့ မမြင်တော့ဘူးလို့ သူတို့ဘက်ကတော့ ပြောထားတယ်။ ဒါကနောက်ဆုံးအသုတ်လို့တော့ပြောကြတယ်။"

ထိုင်းနိုင်ငံမှာတော့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အရေးပေါ်အမိန့်ကို ထုတ်ပြန်ခဲ့ပြီးတဲ့နောက် နယ်မြေဖြတ်သန်းသွာလာခွင့်တွေကို ပိတ်ထားတာကြောင့် တာ့ခ်ခရိုင်ကနေ နေရပ်ပြန်မြန်မာတွေဟာ ဖမ်းဆီးခံခဲ့ရတာတွေလည်း ရှိပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ COVID-19 အရေးပေါ်ကာလမှာ မြန်မာဘက်က စောင့်ကြည့်ရေးစင်တာတွေ အဆင်သင့် မဖြစ်သေးတာကြောင့် ဧပြီလ ၁၅ ရက်ကျော်မှာ ပြန်လာကြဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေတ္တာရပ်ခံခဲ့တာပါ။ ဒါပေမဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာအလုပ်သမားတွေဟာ နေထိုင်စားသောက်ဖို့ ခက်ခဲနေတာကြောင့် နေရပ်ကိုပြန်နေကြဆဲ ဖြစ်ပါတယ်။ ဧပြီလ ၆ ရက်နေ့မှာ နေရပ်ပြန်ကြသူတွေကိုတော့ တာချီလိတ်မြို့က စောင့်ကြည့်ရေးစင်တာမှာ ထားပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့တာချီလိတ်က စောင့်ကြည့်ရေးစင်တာမှာ ထားတဲ့ လူ ၁၀၀ ခန့်ကတော့ စောင့်ကြည့်ကာလ ၁၄ ရက် ကျော်သွားပြီမို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးဌာန အစီစဉ်နဲ့ နေရပ်ကို ပြန်ပို့ပေးခဲ့ပါတယ်။

XS
SM
MD
LG