သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ဝင်ငွေဖြည့်ပေးတဲ့ မြန်မာ့ဓါတ်ငွေ့ ထိုင်းမဝယ်ဖို့ ERI တောင်းဆို


မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ အများစုကိုတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေက ရရှိနေတာပါ။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ အများစုကိုတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေက ရရှိနေတာပါ။

ထိုင်းနိုင်ငံဟာသူ့ရဲ့ပြည်တွင်းလောင်စာ ဖူလုံမှုမထိခိုက်အောင် မြန်မာနိုင်ငံကသဘာဝဓာတ်ငွေ့ကို အပြည့်အဝဆက်ပြီး ဝယ်ယူနေတာကြောင့် မြန်မာအတွက် ပြည်တွင်းလောင်စာ လုံလောက်မှုတွေ ထိခိုက်တဲ့အပြင်၊ စစ်ကောင်စီကို ဝင်ငွေဆက်ရေနေစေတယ်လို့ ကမ္ဘာမြေအခွင့်ရေးအဖွဲ့ ERI က ပြောပါတယ်။

စစ်တပ်ဝင်ငွေဖြည့်ပေးတဲ့ မြန်မာ့ဓါတ်ငွေ့ ထိုင်းမဝယ်ဖို့ ERI တောင်းဆို

ထိုင်းနိုင်ငံဟာ သူ့ရဲ့ပြည်တွင်းလောင်စာ ဖူလုံမှု မထိခိုက်အောင် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ကို အပြည့်အဝဆက်ပြီး ဝယ်ယူနေတာကြောင့် မြန်မာအတွက် ပြည်တွင်းလောင်စာ လုံလောက်မှုတွေ ထိခိုက်တဲ့အပြင် မြန်မာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဝင်ငွေဆက်ရေ နေစေတယ်လို့ ကမ္ဘာမြေအခွင့်ရေးအဖွဲ့ EarthRights International - ERI က ဧပြီလ ၂၂ ရက်နေ့ ကမ္ဘာမြေနေ့မှာ ထပ်မံပြော ဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တင်သွင်းမှုကို ရပ်တန့်လိုက်ရင်၊ ထိုင်းနိုင်ငံမှာလောင်စာမလုံလောက်မှုနဲ့ကြုံနိုင်တယ် ဆိုတဲ့ ထိုင်းကုမ္ပဏီရဲ့ ပြောကြားချက်ကို ERI ငြင်းချက်ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးမှာ TOTAL ကုမ္ပဏီထွက်သွားပြီးနောက် ထိုင်းအစိုးရပိုင် PTTEP လောင်စာကုမ္ပဏီက ဆက်လက်ယူခဲ့ပါတယ်။ ရတနာ သဘာဝဓာတ်ငွေသိုက်ကနေ၊ ဓာတ်ငွေ့ထွက်နှုန်းတွေကျ ဆင်းလာပေမယ့်၊ ထိုင်းနိုင်ငံဘက်ကလိုအပ်မှုကို အပြည့် အဝဆက်လက်ရယူနေတဲ့အတွက်၊ မြန်မာပြည်တွင်းသုံးစွဲမှုရဲ့သုံးပုံတပုံလောက်လျော့ကျပြီး၊ မြန်မာ့လောင်စာလုံ လောက်မှုကို ထခိုက်စေတယ်လို့လည်း ERI ကပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံကလောင်စာမလုံလောက်ရင် LNG ဓာတ်ငွေ့အရည်ကို ဈေးကြီးပေးပြီး မဝယ်လိုတဲ့အတွက်၊ မြန်မာနိုင်ငံကနေ အပြည့်အဝဆက်လက်ရယူနေတာဖြစ်ပါတယ်။ ဒီအတွက်အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှ စ်အတွင်းဓာတ်ငွေ့ကနေ မျှော်မှန်းတာထက်ပိုပြီး၊ ဒေါ်လာ သန်း ၂ ထောင့် ၁ ရာလောက်ရရှိခဲ့တယ် ERI ကကြေငြာချက် မှာဖေါ်ပြထားပါတယ်။ ဒါကြောင့်ပြင်းထန်တဲ့ရက်စက်တဲ့အကြမ်းဖက်မှုတွေကိုကျူးလွန်နေတဲ့မြန်မာစစ်ကောင်စီအများဆုံး ဝင်ငွေရရှိစေပါတယ်။ ဥရောပသမဂ္ဂက ပြီးခဲ့တဲ့နှစ်ထဲတုန်းက မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေလုပ်ငန်း MOGE ကိုပိတ်ဆို့ရေးယူခဲ့ပါတယ်။ အမေရိကန်ကတော့ ဒီဌာနတာဝန်ရှိသူတချို့ကိုသာရေးယူခဲ့ပြီး၊ ထိရောက်မှုသိပ်မရှိဘူးလို့ လည်း ERI ကပြောဆိုထား ပါတယ်။

XS
SM
MD
LG