သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ ဒဏ္ခတ္အေရးယူမႈအေပၚ သံုးသပ္သူတခ်ိဳ႕အျမင္


MYANMAR-ECONOMY-OIL-GAS

စစ္ေကာင္စီရဲ႕ အဓိက အသက္ေသြးေၾကာျဖစ္တဲ့ MOGE ဝင္ေငြလမ္းေၾကာင္းကို အေမရိကန္က ပိတ္ဆို႔ ဒဏ္ခတ္တာမ်ဳိး မလုပ္ႏိုင္ဘူးဆိုရင္ ျမန္မာႏိုင္ငံေရး အေျပာင္းအလဲအတြက္ ထိေရာက္တဲ့ တြန္းအာေပးမႈ ျဖစ္လာမွာ မဟုတ္ဘူးလို႔ ျမန္မာ့အေရး ေလ့လာသူတခ်ဳိ႕က သုံးသပ္လိုက္ၾကပါတယ္။ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။ 

ကန္ ဒဏ္ခတ္အေရးယူမႈအေပၚ သံုးသပ္သူတခ်ိဳ႕အျမင္

{{Zawgyi/Unicode}}

စစ္ေကာင္စီရဲ႕ အဓိက အသက္ေသြးေၾကာျဖစ္တဲ့ MOGE ေခၚ ေရနံနဲ႔သဘာဝဓါတ္ေငြ လုပ္ငန္းကရတဲ့ ဝင္ေငြလမ္းေၾကာင္းကို အေမရိကန္က ပိတ္ဆို႔ ဒဏ္ခတ္တာမ်ဳိး မလုပ္ႏိုင္ဘူးဆိုရင္ ျမန္မာႏိုင္ငံေရး အေျပာင္းအလဲအတြက္ ထိေရာက္တဲ့ တြန္းအာေပးမႈ ျဖစ္လာမွာ မဟုတ္ဘူးလို႔ ျမန္မာ့အေရး ေလ့လာသူတခ်ဳိ႕က သုံးသပ္လိုက္ၾကပါတယ္။ ျမန္မာစစ္တပ္ကို လက္နက္ရရွိေအာင္ ကူညီခဲ့တယ္ဆိုတဲ့ စြပ္စဲြခ်က္နဲ႔ ျမန္မာႏိုင္ငံသား ၃ ဦးနဲ႔ ကုမၸဏီတခုကို အေမရိကန္ျပည္ေထာင္စုက ေအာက္တိုဘာ(၆)ရက္ေန႔မွာ အေရးယူလိုက္ၿပီးေနာက္ အခုလို ေျပာဆို လိုက္ၾကတာပါ။ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ေဖေဖၚဝါရီလ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း တာဝန္ရွိတဲ့ ထိပ္ပိုင္း စစ္ေခါင္းေဆာင္ေတြနဲ႔ သူတို႔ကို ေထာက္ပံ့မႈ ေပးေနတဲ့ လူပုဂၢိဳလ္နဲ႔ ကုမၸဏီေတြကို အေမရိကန္က ျပစ္ဒဏ္ခတ္အေရးယူတခ်ဳိ႕ ခ်မွတ္ခဲ့တာပါ။ ျမန္မာစစ္တပ္အတြက္ မစ္ဇိုင္းဒံုး အပါအဝင္ စစ္လက္နက္ပစၥည္းမ်ိဳးစံုနဲ႔ ေလယာဥ္ေတြပါ တင္သြင္းေပးေနတဲ့ Dynasty International Company Limited နဲ႔ ဒီကုမၸဏီပိုင္ရွင္ ဦးေအာင္မိုးျမင့္၊ ကုမၸဏီ ပူးတြဲ တည္ေထာင္သူ ဦးလႈိင္မိုးျမင့္ အျပင္ ကုမၸဏီဒါ႐ိုက္တာ မ်ိဳးသစၥာ တို႔ ၃ ဦးကို ပိတ္ဆို႔ဒဏ္ခတ္ အေရးယူလိုက္ေၾကာင္း အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာနရဲ႕ ၾကာသပေတးေန႔ ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

ဒီလို ပိတ္ဆို႔ဒဏ္ခတ္မႈကို ၾကဳိဆိုေပမဲ့ ဒါက ျမန္မာႏိုင္ငံေရး အေျပာင္းအလဲ အေရြ႕တခုအတြက္ လုံေလာက္တဲ့ အေရးယူမႈမ်ဳိး မဟုတ္ဘူးလို႔ သုံးသပ္သူက အေမရိကန္ အင္ဒီယားနားျပည္နယ္က ေဒါက္တာ ႐ိုဒင္းငါျဖစ္ပါတယ္။

"အခု ပိတ္ဆို႔ဒဏ္ခတ္မႈအသစ္ ခ်မွတ္တာကို ႀကိဳဆိုပါတယ္။ ဒါေပမယ့္ ႀကီးမားတဲ့ အေျပာင္းအလည္း ျဖစ္လာမွာေတာ့ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ အဲဒီလို ခ်မွတ္ခ်က္ ၃ ခုက ၿပီးခဲ့တဲ့ တႏွစ္ေလာက္က ဥေရာပႏိုင္ငံ တခ်ဳိ႕ကေန လုပ္ထားၿပီးသားျဖစ္တယ္။ ဒါကို အေမရိကား ကေန ျပန္ၿပီးေတာ့ လိုက္လုပ္တဲ့ သေဘာေလာက္ပဲရွိမယ္ထင္တယ္။ ဒါေပမယ့္ စစ္ေကာင္စီ နဲ႔ဆက္ႏႊယ္တဲ့ လူပုဂၢိဳလ္ေတြကို ဒဏ္ခတ္တာကိုေတာ့ က်ေနာ္ ႀကိဳဆိုပါတယ္"

စစ္ေကာင္စီရဲ႕ အဝိုင္းအဝိုင္းကို အေရးယူတာဟာ တစုံတရာ ထိေရာက္မႈ ရွိေပမဲ့ NUG အစိုးရ အပါအဝင္ ျမန္မာ့အေရးလႈပ္ရွားသူေတြ တိုက္တြန္း ေတာင္းဆိုေနသလို စစ္ေကာင္စီလက္ေအာက္က ျမန္မာ့ေရနံနဲ႔ သဘာဝဓါတ္ေငြ႕လုပ္ငန္း MOGE ကို အေမရိကန္က အေရးယူ ဒဏ္ခတ္မႈ လုပ္ႏိုင္မွသာ စစ္တပ္အတြက္ အဓိက ဝင္ေငြလမ္းေၾကာင္းကို ျဖတ္ေတာက္ႏိုင္လိမ့္မယ္လို႔ ျမင္ေနၾကတာပါ။ ဒါဆိုရင္ MOGE ကို ခုခ်ိန္ထိ အေမရိကန္က ဘာ့ေၾကာင့္ ဒဏ္ခတ္မႈ မလုပ္ေသးတာပါလဲ။ ကယ္လီဖိုးနီးယားျပည္နယ္ ဆန္ဖရန္စစၥကိုျမဳိ႕က ျမန္မာ့အေရး လႈပ္ရွားသူ ဦးကိုကိုေလးက ခုလို သုံးသပ္ပါတယ္။

" ဒီ အေမရိကန္လႊတ္ေတာ္မွာ အဓိက က ရီပတ္ဗလင္ကင္ နဲ႔ ဒီမိုကရက္ရွိတယ္ေလ၊ ရီပတ္ဗလင္ကင္ေတြ အမ်ားစုက အဓိက ေလာင္စာဆီနဲ႔ ပတ္သက္ရင္ ရင္းႏွီးျမဳပ္ႏွံမႈရွိၾကတယ္၊ အဲဒီအျပင္ ဒီမုိကရက္ဘက္က ထင္ရွားတဲ့ အမတ္တဦးျဖစ္တဲ့ ဒိုင္ယံဖိုင္းစတိုင္း ဆုိရင္လည္း သူ႔အမ်ဳိးသားက ဘီလ်ံနာ သူေဌးႀကီးပဲ။ သူဆိုလည္း ရွယ္ဗရြန္ ေလာင္စာဆီကုမၸဏီမွာ ဘီလ်ံနဲ႔ခ်ီ ရင္းႏွီးျမႇဳပ္ႏွံထားတယ္။ ဒဏတ္ခတ္ပိတ္ဆုိ႔မယ္ဆုိရင္ သူတို႔ဝင္ေငြေတြ ထိခိုက္နစ္နာႏို္င္တယ္။ သူနာ ကိုယ္နာျဖစ္လာမယ့္အတြက္ သူတုိ႔က အနာမခံခ်င္ဘူး။ ဒီ MOGE ဒဏ္ခတ္မႈ လုပ္မယ့္ကိစၥမွာ တြန္႔ဆုတ္ေနတဲ့အခ်က္တခ်က္အျဖစ္နဲ႔ က်ေနာ္ သုံးသပ္ပါတယ္ "

အေမရိကန္ အထက္လႊတ္ေတာ္နဲ႔ ေအာက္လႊတ္ေတာ္ ႏိုင္ငံေရးအသိုင္းအဝိုင္းၾကားမွာလည္း ေလာင္စာဆီ စီးပြားေရးက႑နဲ႔ ဆက္ႏႊယ္ ေနတာေတြ ရွိတာေၾကာင့္ သူတို႔ရဲ႕အက်ဳိးစီးပြားကို ျပန္ငဲ့ေနရတဲ့အပိုင္းေတြ ရွိႏိုင္တယ္လို႔ ေဒါက္တာ ႐ိုဒင္းငါကလည္း ျမင္ပါတယ္။

" က်ေနာ္သိသေလာက္ MOGE ကို ဒဏ္ခတ္ဖို႔ NUG ဖက္ကလည္း ေတာင္းဆိုတယ္။ ေနာက္တျခား တက္ၾကြလႈပ္ရွားသူေတြကလည္း ေတာင္းဆိုတယ္။ အေမရိကား ဖက္က လည္း အေၾက ာင္းျပခ်က္က အဲဒီလို ပိတ္ဆို႔လိုက္ရင္ လူထု႔ နစ္နာလိမ့္မယ္လို႔ အေၾကာင္းျပတယ္။ သူတို႔ အေၾကာင္းျပခ်က္ကို က်ေနာ္ မယုံပါဘူး။ ေနာက္ အေမရိကားမွာက ရီပတ္ဘလစ္ကင္ေတြဘက္က MOEG ကို ပိတ္ဆို႔ဖို႔ ျငင္းဆန္ေနတာက သူတုိ႔အက်ဳိးစီးပြားနဲ႔ သက္ဆိုင္ေနမယ္လို႔ ထင္ပါတယ္။ "

အာဏာ သိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံက ေရနံနဲ႔ သဘာဝဓါတ္ေငြ႕လုပ္ငန္းမွာ စစ္ေကာင္စီနဲ႔ ဆက္ၿပီး မလုပ္ကိုင္ၾကဖို႔ ဒီမိုကေရစီေရး လႈပ္ရွားသူေတြ ေတာင္းဆိုခဲ့ၿပီးေနာက္ ျပင္သစ္ Total ကုမၸဏီက လုပ္ငန္းကေန ရပ္ဆိုင္းသြားၿပီး ၊ သူ႔ရဲ႕အစုရွယ္ယာေတြကို အေမရိကန္အေျခစိုက္ Chevron ၊ ထိုင္း PTTEP နဲ႔ MOGE တို႔က အခ်ိဳးက် ခြဲယူၾကတာကို စိုးရိမ္ေၾကာင္း လူ႔အခြင့္အေရးအဖြဲ႔ေတြကလည္း ထုတ္ေဖၚ ေျပာဆိုထားတယ္။ MOGE ကို အေမရိကန္က ဒဏ္ခတ္ အေရးယူတာ မလုပ္ဖို႔ ထိုင္းေရနံတူးေဖၚေရး PTTEP ကုမၸဏီေတြက အေမရိကန္ႏိုင္ငံေရးအသိုင္းအဝိုင္းကို တိုက္တြန္းေနတာရွိေၾကာင္း ဦးကိုကိုေလးက ေျပာပါတယ္။

" ထိုင္းကလည္း အေမရိကားကို ခ်ည္းကပ္ၿပီး MOGE ကို ဒဏ္ခတ္မႈေတြ မလုပ္ဖုိ႔ ေျပာဆိုေနတာရွိပါတယ္။ ဒဏ္ခတ္မႈေတြ လုပ္လိုက္လို႔ ထိုင္းဖက္ကို ဝင္ေနတဲ့ ေလာင္စာဆီေတြ ျဖတ္ေတာက္လုိက္မယ္ဆုိရင္ သူတို႔ျပည္သူေတြပါ ဒုကၡေရာက္မယ္ အဲဒီလိုမလုပ္ဖို႔ တြန္းအားေပးေနတာလည္းပါတယ္။ အဲဒီလို အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ အေမရိကန္က လက္တြန္႔ေနတာေပါ့ဗ်ာ။ "

ျမန္မာစစ္ေကာင္စီဟာ ေရနံနဲ႔သဘာဝဓါတ္ေငြ႕ ထုတ္ယူမႈက႑ကေန တႏွစ္ကို အေမရိကန္ေဒၚလာ (၁.၄)ဘီလ်ံနီးပါး ရရွိေနတယ္လို႔ ႏိ္ုင္ငံတကာ စီးပြားေရးသတင္းေတြမွာ ေဖၚျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................................

ကန် ဒဏ်ခတ်အရေးယူမှုအပေါ် သုံးသပ်သူတချို့အမြင်

{{Zawgyi/Unicode}}

စစ်ကောင်စီရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ MOGE ခေါ် ရေနံနဲ့သဘာဝဓါတ်ငွေ လုပ်ငန်းကရတဲ့ ဝင်ငွေလမ်းကြောင်းကို အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်တာမျိုး မလုပ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံရေး အပြောင်းအလဲအတွက် ထိရောက်တဲ့ တွန်းအာပေးမှု ဖြစ်လာမှာ မဟုတ်ဘူးလို့ မြန်မာ့အရေး လေ့လာသူတချို့က သုံးသပ်လိုက်ကြပါတယ်။ မြန်မာစစ်တပ်ကို လက်နက်ရရှိအောင် ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ ကုမ္ပဏီတခုကို အမေရိကန်ပြည်ထောင်စုက အောက်တိုဘာ(၆)ရက်နေ့မှာ အရေးယူလိုက်ပြီးနောက် အခုလို ပြောဆို လိုက်ကြတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း တာဝန်ရှိတဲ့ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေနဲ့ သူတို့ကို ထောက်ပံ့မှု ပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို အမေရိကန်က ပြစ်ဒဏ်ခတ်အရေးယူတချို့ ချမှတ်ခဲ့တာပါ။ မြန်မာစစ်တပ်အတွက် မစ်ဇိုင်းဒုံး အပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံနဲ့ လေယာဉ်တွေပါ တင်သွင်းပေးနေတဲ့ Dynasty International Company Limited နဲ့ ဒီကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးမြင့်၊ ကုမ္ပဏီ ပူးတွဲ တည်ထောင်သူ ဦးလှိုင်မိုးမြင့် အပြင် ကုမ္ပဏီဒါရိုက်တာ မျိုးသစ္စာ တို့ ၃ ဦးကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြာသပတေးနေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒီလို ပိတ်ဆို့ဒဏ်ခတ်မှုကို ကြိုဆိုပေမဲ့ ဒါက မြန်မာနိုင်ငံရေး အပြောင်းအလဲ အရွေ့တခုအတွက် လုံလောက်တဲ့ အရေးယူမှုမျိုး မဟုတ်ဘူးလို့ သုံးသပ်သူက အမေရိကန် အင်ဒီယားနားပြည်နယ်က ဒေါက်တာ ရိုဒင်းငါဖြစ်ပါတယ်။

"အခု ပိတ်ဆို့ဒဏ်ခတ်မှုအသစ် ချမှတ်တာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ အပြောင်းအလည်း ဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို ချမှတ်ချက် ၃ ခုက ပြီးခဲ့တဲ့ တနှစ်လောက်က ဥရောပနိုင်ငံ တချို့ကနေ လုပ်ထားပြီးသားဖြစ်တယ်။ ဒါကို အမေရိကား ကနေ ပြန်ပြီးတော့ လိုက်လုပ်တဲ့ သဘောလောက်ပဲရှိမယ်ထင်တယ်။ ဒါပေမယ့် စစ်ကောင်စီ နဲ့ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်တာကိုတော့ ကျနော် ကြိုဆိုပါတယ်"

စစ်ကောင်စီရဲ့ အဝိုင်းအဝိုင်းကို အရေးယူတာဟာ တစုံတရာ ထိရောက်မှု ရှိပေမဲ့ NUG အစိုးရ အပါအဝင် မြန်မာ့အရေးလှုပ်ရှားသူတွေ တိုက်တွန်း တောင်းဆိုနေသလို စစ်ကောင်စီလက်အောက်က မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က အရေးယူ ဒဏ်ခတ်မှု လုပ်နိုင်မှသာ စစ်တပ်အတွက် အဓိက ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်နိုင်လိမ့်မယ်လို့ မြင်နေကြတာပါ။ ဒါဆိုရင် MOGE ကို ခုချိန်ထိ အမေရိကန်က ဘာ့ကြောင့် ဒဏ်ခတ်မှု မလုပ်သေးတာပါလဲ။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့က မြန်မာ့အရေး လှုပ်ရှားသူ ဦးကိုကိုလေးက ခုလို သုံးသပ်ပါတယ်။

" ဒီ အမေရိကန်လွှတ်တော်မှာ အဓိက က ရီပတ်ဗလင်ကင် နဲ့ ဒီမိုကရက်ရှိတယ်လေ၊ ရီပတ်ဗလင်ကင်တွေ အများစုက အဓိက လောင်စာဆီနဲ့ ပတ်သက်ရင် ရင်းနှီးမြုပ်နှံမှုရှိကြတယ်၊ အဲဒီအပြင် ဒီမိုကရက်ဘက်က ထင်ရှားတဲ့ အမတ်တဦးဖြစ်တဲ့ ဒိုင်ယံဖိုင်းစတိုင်း ဆိုရင်လည်း သူ့အမျိုးသားက ဘီလျံနာ သူဌေးကြီးပဲ။ သူဆိုလည်း ရှယ်ဗရွန် လောင်စာဆီကုမ္ပဏီမှာ ဘီလျံနဲ့ချီ ရင်းနှီးမြှုပ်နှံထားတယ်။ ဒဏတ်ခတ်ပိတ်ဆို့မယ်ဆိုရင် သူတို့ဝင်ငွေတွေ ထိခိုက်နစ်နာနိုင်တယ်။ သူနာ ကိုယ်နာဖြစ်လာမယ့်အတွက် သူတို့က အနာမခံချင်ဘူး။ ဒီ MOGE ဒဏ်ခတ်မှု လုပ်မယ့်ကိစ္စမှာ တွန့်ဆုတ်နေတဲ့အချက်တချက်အဖြစ်နဲ့ ကျနော် သုံးသပ်ပါတယ် "

အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာလည်း လောင်စာဆီ စီးပွားရေးကဏ္ဍနဲ့ ဆက်နွှယ် နေတာတွေ ရှိတာကြောင့် သူတို့ရဲ့အကျိုးစီးပွားကို ပြန်ငဲ့နေရတဲ့အပိုင်းတွေ ရှိနိုင်တယ်လို့ ဒေါက်တာ ရိုဒင်းငါကလည်း မြင်ပါတယ်။

" ကျနော်သိသလောက် MOGE ကို ဒဏ်ခတ်ဖို့ NUG ဖက်ကလည်း တောင်းဆိုတယ်။ နောက်တခြား တက်ကြွလှုပ်ရှားသူတွေကလည်း တောင်းဆိုတယ်။ အမေရိကား ဖက်က လည်း အကြေ ာင်းပြချက်က အဲဒီလို ပိတ်ဆို့လိုက်ရင် လူထု့ နစ်နာလိမ့်မယ်လို့ အကြောင်းပြတယ်။ သူတို့ အကြောင်းပြချက်ကို ကျနော် မယုံပါဘူး။ နောက် အမေရိကားမှာက ရီပတ်ဘလစ်ကင်တွေဘက်က MOEG ကို ပိတ်ဆို့ဖို့ ငြင်းဆန်နေတာက သူတို့အကျိုးစီးပွားနဲ့ သက်ဆိုင်နေမယ်လို့ ထင်ပါတယ်။ "

အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းမှာ စစ်ကောင်စီနဲ့ ဆက်ပြီး မလုပ်ကိုင်ကြဖို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ တောင်းဆိုခဲ့ပြီးနောက် ပြင်သစ် Total ကုမ္ပဏီက လုပ်ငန်းကနေ ရပ်ဆိုင်းသွားပြီး ၊ သူ့ရဲ့အစုရှယ်ယာတွေကို အမေရိကန်အခြေစိုက် Chevron ၊ ထိုင်း PTTEP နဲ့ MOGE တို့က အချိုးကျ ခွဲယူကြတာကို စိုးရိမ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေကလည်း ထုတ်ဖေါ် ပြောဆိုထားတယ်။ MOGE ကို အမေရိကန်က ဒဏ်ခတ် အရေးယူတာ မလုပ်ဖို့ ထိုင်းရေနံတူးဖေါ်ရေး PTTEP ကုမ္ပဏီတွေက အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းကို တိုက်တွန်းနေတာရှိကြောင်း ဦးကိုကိုလေးက ပြောပါတယ်။

" ထိုင်းကလည်း အမေရိကားကို ချည်းကပ်ပြီး MOGE ကို ဒဏ်ခတ်မှုတွေ မလုပ်ဖို့ ပြောဆိုနေတာရှိပါတယ်။ ဒဏ်ခတ်မှုတွေ လုပ်လိုက်လို့ ထိုင်းဖက်ကို ဝင်နေတဲ့ လောင်စာဆီတွေ ဖြတ်တောက်လိုက်မယ်ဆိုရင် သူတို့ပြည်သူတွေပါ ဒုက္ခရောက်မယ် အဲဒီလိုမလုပ်ဖို့ တွန်းအားပေးနေတာလည်းပါတယ်။ အဲဒီလို အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်က လက်တွန့်နေတာပေါ့ဗျာ။ "

မြန်မာစစ်ကောင်စီဟာ ရေနံနဲ့သဘာဝဓါတ်ငွေ့ ထုတ်ယူမှုကဏ္ဍကနေ တနှစ်ကို အမေရိကန်ဒေါ်လာ (၁.၄)ဘီလျံနီးပါး ရရှိနေတယ်လို့ နိုင်ငံတကာ စီးပွားရေးသတင်းတွေမှာ ဖေါ်ပြကြပါတယ်။

XS
SM
MD
LG