သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုတယ္ကုမၸဏီ ျမန္မာႏိုင္ငံက ထြက္မယ့္အစီအစဥ္ လူ႔အခြင့္အေရးလႈပ္ရွားသူေတြစိုးရိမ္


(Zawgyi / Unicode)

ျပင္သစ္ႏိုင္ငံက စြမ္းအင္လုပ္ငန္ႀကီးျဖစ္တဲ့ TotalEnergies ဟာ ဇူလိုင္လ ၂၀ ဗုဒၶဟူးေန႔မွာ ျမန္မာႏိုင္ငံက ထြက္ခြာဖို႔ စီစဥ္ထားတဲ့အေပၚ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ စိုးရိမ္ေနပါတယ္။ ဒီလိုထြက္ခြါမႈဟာ စစ္ေကာင္စီကထိန္းခ်ဳပ္ထားတဲ့ ျမန္မာ့ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ကုမၸဏီ MOGE အတြက္ ေဝစုပိုတိုးလာၿပီး ဝင္ေငြပိုလာေစမွာျဖစ္တဲ့ အတြက္ ဒီလုပ္ငန္းအတြက္ အေမရိကန္ရဲ႕ ဒဏ္ခတ္အေရးယူမႈေတြ အေရးတႀကီးလိုအပ္ေနၿပီလို႔ Human Rights Watch လူ႔အခြင့္ေရး ေစာင့္ၾကည့္အဖြဲ႔က အဂၤါေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္တိုက္တြန္း လိုက္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အႀကီးဆံုးေရနံ -သဘာဝဓါတ္ေငြ႕သိုက္ လုပ္ငန္း ကေန ျပင္သစ္ ေရနံကုမၸဏီထြက္ခြါသြားရင္ သူ႔အစုရွယ္ယာေတြကို စပ္တူလုပ္ကိုင္ေနတဲ့ က်န္ ၃ ဖြဲ႔ျဖစ္တဲ့ အေမရိကန္အေျခစိုက္ Chevron၊ ထိုင္းအေျခစိုက္ PTTEP နဲ႔ MOGE တို႔က အခ်ိဳးက် ခြဲယူၾကမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ယိုယြင္းလာေနတဲ့ လူ႔အခြင့္ေရးအေျခေနေၾကာင့္ ၆ လပဲ ဆက္လုပ္ေတာ့မွာ ျဖစ္ေၾကာင္း TotalEnergies က ဇန္နဝါရီလမွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒီကုမၸဏီဟာ ၁၉၉၀ ျပည့္လြန္ႏွစ္ေတြကစၿပီး ရတနာ သဘာဝဓါတ္ေငြ႕သိုက္ မွာ Chevron နဲ႔ PTTEP တို႔နဲ႔ အတူလက္တြဲ လုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္။

Total က အစုရွယ္ယာေတြကို စစ္ေကာင္စီထိန္းခ်ဳပ္ထားတဲ့ MOGE က ရသြားရင္ ႏိုင္ငံတြင္း လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ ပိုမ်ားလာႏိုင္ေၾကာင္းနဲ႔ တျခားကုမၸဏီေတြ အေနနဲ႔လည္း ျမန္မာႏိုင္ငံကေန ထြက္ခြါမယ္ ဆိုရင္ စစ္ေကာင္စီဝင္ေငြပိုရေအာင္ မလုပ္မိေစဖို႔ တာဝန္ရွိတယ္လို႔ HRW ရဲ႕ ျပင္သစ္ဆိုင္ရာဒါ႐ိုက္တာ Benedicte Jeannerod က ေျပာပါတယ္။

ရတနာ ဓါတ္ေငြ႕သိုက္နဲ႔ ပိုက္လိုင္းစီမံကိန္းကို PTTEP က ဦးစီးလုပ္ကိုင္ဖို႔ အစုရွယ္ယာဝင္ေတြက မတ္လထဲမွာ သေဘာတူခဲ့ၾကတာပါ။ အခု Total ပိုင္ အစုရွယ္ယာ ၃၁ ဒသမ ၂ ရာခိုင္ႏႈန္း ကို Chevron က ၄၁ ဒသမ ၁ ရာခိုင္ႏႈန္း၊ PTTEP က ၃၇ ဒသမ ၁ ရာခိုင္ႏႈန္းနဲ႔ MOGE က ၂၁ ဒသမ ၈ ရာခိုင္ႏႈန္း ရရွိၾကမွာ ျဖစ္ပါတယ္။ Chevron ကလည္း ျမန္မာႏိုင္ငံကေန ထြက္ဖို႔ အစီစဥ္ရွိတယ္လို႔ ေၾကညာထားတာ ျဖစ္ၿပီး သူ႔ရွယ္ယာေတြကိုေတာ့ PTTEP ကို ေရာင္းခ်င္ေၾကာင္းေျပာေနတာပါ။
ျမန္မာ့ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ ကေန စစ္ေကာင္စီက တႏွစ္ကို အေမရိကန္ေဒၚလာ သန္း ၁၀၀၀ ေက်ာ္ ႏိုင္ငံျခားဝင္ေငြ ရေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တိုတယ်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်မယ့်အစီအစဉ် လူ့အခွင့်အရေးလှုပ်ရှားသူတွေစိုးရိမ်


ပြင်သစ်နိုင်ငံက စွမ်းအင်လုပ်ငန်ကြီးဖြစ်တဲ့ TotalEnergies ဟာ ဇူလိုင်လ ၂၀ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံက ထွက်ခွာဖို့ စီစဉ်ထားတဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေပါတယ်။ ဒီလိုထွက်ခွါမှုဟာ စစ်ကောင်စီကထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ကုမ္ပဏီ MOGE အတွက် ဝေစုပိုတိုးလာပြီး ဝင်ငွေပိုလာစေမှာဖြစ်တဲ့ အတွက် ဒီလုပ်ငန်းအတွက် အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေ အရေးတကြီးလိုအပ်နေပြီလို့ Human Rights Watch လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးဆုံးရေနံ -သဘာဝဓါတ်ငွေ့သိုက် လုပ်ငန်း ကနေ ပြင်သစ် ရေနံကုမ္ပဏီထွက်ခွါသွားရင် သူ့အစုရှယ်ယာတွေကို စပ်တူလုပ်ကိုင်နေတဲ့ ကျန် ၃ ဖွဲ့ဖြစ်တဲ့ အမေရိကန်အခြေစိုက် Chevron၊ ထိုင်းအခြေစိုက် PTTEP နဲ့ MOGE တို့က အချိုးကျ ခွဲယူကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ယိုယွင်းလာနေတဲ့ လူ့အခွင့်ရေးအခြေနေကြောင့် ၆ လပဲ ဆက်လုပ်တော့မှာ ဖြစ်ကြောင်း TotalEnergies က ဇန်နဝါရီလမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကစပြီး ရတနာ သဘာဝဓါတ်ငွေ့သိုက် မှာ Chevron နဲ့ PTTEP တို့နဲ့ အတူလက်တွဲ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

Total က အစုရှယ်ယာတွေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ MOGE က ရသွားရင် နိုင်ငံတွင်း လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ပိုများလာနိုင်ကြောင်းနဲ့ တခြားကုမ္ပဏီတွေ အနေနဲ့လည်း မြန်မာနိုင်ငံကနေ ထွက်ခွါမယ် ဆိုရင် စစ်ကောင်စီဝင်ငွေပိုရအောင် မလုပ်မိစေဖို့ တာဝန်ရှိတယ်လို့ HRW ရဲ့ ပြင်သစ်ဆိုင်ရာဒါရိုက်တာ Benedicte Jeannerod က ပြောပါတယ်။

ရတနာ ဓါတ်ငွေ့သိုက်နဲ့ ပိုက်လိုင်းစီမံကိန်းကို PTTEP က ဦးစီးလုပ်ကိုင်ဖို့ အစုရှယ်ယာဝင်တွေက မတ်လထဲမှာ သဘောတူခဲ့ကြတာပါ။ အခု Total ပိုင် အစုရှယ်ယာ ၃၁ ဒသမ ၂ ရာခိုင်နှုန်း ကို Chevron က ၄၁ ဒသမ ၁ ရာခိုင်နှုန်း၊ PTTEP က ၃၇ ဒသမ ၁ ရာခိုင်နှုန်းနဲ့ MOGE က ၂၁ ဒသမ ၈ ရာခိုင်နှုန်း ရရှိကြမှာ ဖြစ်ပါတယ်။ Chevron ကလည်း မြန်မာနိုင်ငံကနေ ထွက်ဖို့ အစီစဉ်ရှိတယ်လို့ ကြေညာထားတာ ဖြစ်ပြီး သူ့ရှယ်ယာတွေကိုတော့ PTTEP ကို ရောင်းချင်ကြောင်းပြောနေတာပါ။
မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကနေ စစ်ကောင်စီက တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် နိုင်ငံခြားဝင်ငွေ ရနေတာဖြစ်ပါတယ်။

XS
SM
MD
LG