ျမန္မာႏိုင္ငံက သဘာဝဓါတ္ေငြ႕လုပ္ငန္းေတြမွာ ၿဗိတိန္ႏိုင္ငံက ကုမၸဏီေတြရဲ႕ ပါဝင္ပတ္သက္မႈေတြ တိုးလာေနတဲ့ အေထာက္အထားေတြ ေတြ႕ေနရတာေၾကာင့္ စစ္ေကာင္စီရဲ႕ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕လုပ္ငန္းကို ပိတ္ဆို႔ဒဏ္ခတ္ဖို႔ Burma Campaign UK အဖြဲ႕က ၿဗိတိန္အစိုးရကို ေတာင္းဆိုလိုက္ပါတယ္။
ေရနံနဲ႔ သဘာဝဓါတ္ေငြ႕လုပ္ငန္ကေန စစ္ေကာင္စီအတြက္ ေဒၚလာ သန္းႏွစ္ေထာင္ေလာက္ ဝင္ေငြရေနတာေၾကာင့္ ဒီဝင္ေငြကို မဟာမိတ္ေတြနဲ႔ ပူးေပါင္းၿပီး ပိတ္ပင္ဖို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ့အေရးလႈပ္ရွားေနတဲ့ Burma Campaign UK အဖြဲ႕ႀကီးက ေတာင္းဆိုတာကို ဒီေန႔ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။
ၿဗိတိန္ႏိုင္ငံ Acteon ကုမၸဏီရဲ႕ လက္ခြဲ InterMoor ကုမၸဏီဟာ ေ႐ြ သဘာဝဓါတ္ေငြ႕ တူးေဖၚေရးလုပ္ငန္းမွာ ပါဝင္ပတ္သက္ေနသလို ၿဗိတိသွ်ပိုင္ ေျမာက္အႏၲလန္တစ္ သမုဒၵယာထဲက Bermuda အေျခစိုက္ ကုမၸဏီတခုဟာလည္း ကေနဒါနိင္ငံက MTI ကုမၸဏီကတဆင့္ ရတနာ သဘာဝဓါတ္ေငြ႕ စီမံကိန္းရဲ႕ ၄၁ ရာခိုင္ႏႈန္း အစုစပ္ကို ဝယ္ယူထားတဲ့အေၾကာင္း Burma Campaign UK အဖြဲ႕က ေျပာဆိုတာပါ။
ျမန္မာႏိုင္ငံက သဘာဝဓါတ္ေငြ႕ လုပ္ငန္းမွာသုံးေနတဲ့ သေဘၤာေတြကို အာမခံ ထုတ္ေပးေနတဲ့ ၿဗိတိသွ် ကုမၸဏီေတြကိုလည္း စုံစမ္း ေဖၚထုတ္သြားမယ္လို႔ ေျပာပါတယ္။
ေရနံနဲ႔ သဘာဝဓါတ္ေငြ႕က ရတဲ့ ဝင္ေတြကို အသုံးခ်ၿပီး စစ္ေကာင္စီက ဒီမိုကေရစီေရးလႈပ္ရွားသူေတြနဲ႔ တိုင္းရင္းသားေတြကို ထိုးႏွက္ တိုက္ခိုက္ဖို႔အတြက္ လက္နက္နဲ႔ တိုက္ေလယာဥ္ေတြ ဝယ္ယူေနတယ္ဆိုၿပီး လူ႔အခြင့္အေရး အဖြဲ႕ေတြက စြပ္စြဲေနတာပါ။
ျမန္မာစစ္တပ္အတြက္ ေလယာဥ္ဆီ တင္သြင္းသူေတြ၊ လက္နက္ပြဲစားေတြ၊ စစ္တပ္ရဲ႕ ဝယ္ယူေရး လုပ္ငန္းႀကီးေတြနဲ႔ ျမန္မာ စစ္တပ္က တာဝန္ရွိသူေတြအျပင္ သူတို႔နဲ႔ ဆက္စပ္သူေတြကိ ၿဗိတိန္နဲ႔ ဦးေရာပႏိုင္ငံေတြက ပိတ္ဆို႔ဒဏ္ခတ္တားၿပီး ျဖစ္ပါတယ္။
[Unicode]
မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကို ဗြိတိန်က ပိတ်ဆို့အရေးယူဖို့ Burma Campaign UK အဖွဲ့တောင်းဆို
မြန်မာနိုင်ငံက သဘာဝဓါတ်ငွေ့လုပ်ငန်းတွေမှာ ဗြိတိန်နိုင်ငံက ကုမ္ပဏီတွေရဲ့ ပါဝင်ပတ်သက်မှုတွေ တိုးလာနေတဲ့ အထောက်အထားတွေ တွေ့နေရတာကြောင့် စစ်ကောင်စီရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်ဖို့ Burma Campaign UK အဖွဲ့က ဗြိတိန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်ကနေ စစ်ကောင်စီအတွက် ဒေါ်လာ သန်းနှစ်ထောင်လောက် ဝင်ငွေရနေတာကြောင့် ဒီဝင်ငွေကို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ပိတ်ပင်ဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့ကြီးက တောင်းဆိုတာကို ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဗြိတိန်နိုင်ငံ Acteon ကုမ္ပဏီရဲ့ လက်ခွဲ InterMoor ကုမ္ပဏီဟာ ရွေ သဘာဝဓါတ်ငွေ့ တူးဖေါ်ရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေသလို ဗြိတိသျှပိုင် မြောက်အန္တလန်တစ် သမုဒ္ဒယာထဲက Bermuda အခြေစိုက် ကုမ္ပဏီတခုဟာလည်း ကနေဒါနိင်ငံက MTI ကုမ္ပဏီကတဆင့် ရတနာ သဘာဝဓါတ်ငွေ့ စီမံကိန်းရဲ့ ၄၁ ရာခိုင်နှုန်း အစုစပ်ကို ဝယ်ယူထားတဲ့အကြောင်း Burma Campaign UK အဖွဲ့က ပြောဆိုတာပါ။
မြန်မာနိုင်ငံက သဘာဝဓါတ်ငွေ့ လုပ်ငန်းမှာသုံးနေတဲ့ သင်္ဘောတွေကို အာမခံ ထုတ်ပေးနေတဲ့ ဗြိတိသျှ ကုမ္ပဏီတွေကိုလည်း စုံစမ်း ဖေါ်ထုတ်သွားမယ်လို့ ပြောပါတယ်။
ရေနံနဲ့ သဘာဝဓါတ်ငွေ့က ရတဲ့ ဝင်တွေကို အသုံးချပြီး စစ်ကောင်စီက ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားတွေကို ထိုးနှက် တိုက်ခိုက်ဖို့အတွက် လက်နက်နဲ့ တိုက်လေယာဉ်တွေ ဝယ်ယူနေတယ်ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေတာပါ။
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းသူတွေ၊ လက်နက်ပွဲစားတွေ၊ စစ်တပ်ရဲ့ ဝယ်ယူရေး လုပ်ငန်းကြီးတွေနဲ့ မြန်မာ စစ်တပ်က တာဝန်ရှိသူတွေအပြင် သူတို့နဲ့ ဆက်စပ်သူတွေကိ ဗြိတိန်နဲ့ ဦးရောပနိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်တားပြီး ဖြစ်ပါတယ်။