သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေအတွက် ထိုင်း PTT ခုခံပြောဆို 


[[Zawgyi/Unicode]]

လူ့အခွင့်အရေးတွေချိုးဖောက်နေတဲ့ စစ်ကောင်စီအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာဟာ မြန်မာပြည်သူတွေကို ကူညီဖို့ ဖြစ်တယ်လို့ ထိုင်းရေနံကုမ္ပဏီ PTT ရဲ့ ဓာတ်ဆီနဲ့ လက်လီအရောင်းဆိုင်လုပ်ငန်း (OR) ကပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်တာနဲ့ သူ့ကုမ္ပဏီက လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ ပြောလို့မရဘူးလို့ OR ရဲ့ အလုပ်အမှုဆောင်အရာရှိအသစ် ဒီဆာသတ် ပညာရာချွန်း (Disathat Panyarachun) က ပြောပါတယ်။ PTT OR ကုမ္ပဏီ ဟာ မြန်မာနိုင်ငံမှာ ဓာတ်ဆီဆိုင် ၃ ဆိုင်နဲ့ Café Amazon ကော်ဖီဆိုင် ၈ ဆိုင် ဖွင့်ထားတာပါ။ ဒီဆိုင်တွေက မြန်မာပြည်သူတွေရဲ့ ဘဝအရည်အသွေးကို တိုးတက်စေဖို့ ဖြစ်ပါတယ်လို့ သူကဆိုပါတယ်။ ဒီဆိုင်တွေက လုပ်ငန်းနာမည်နဲ့ ဆိုင်ခွဲဖွင့်ခွင့်ကို မြန်မာနိုင်ငံက လုပ်ငန်းရှင်တချို့ကိုပေးထားတဲ့ဆိုင်တွေ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းရှင်တွေက ဆိုင်တွေကို စီမံခန့်ခွဲနေကြပြီး လူ့အခွင့်အရေး ချိုးဖောက်ရာမှာ မပါဝင်ကြပါဘူးလို့ Panyarachun က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးဆက်လုပ်နေတဲ့ PTT ရေနံံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ PTT ရဲ့ဓာတ်ဆီနဲ့ လက်လီအရောင်းဆိုင်လုပ်ငန်း (OR) စတဲ့လုပ်ငန်း ၂ ခုအပြင် နိုင်ငံတော်တော်များများကို ထောက်လှမ်းရေးပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေပေးနေတဲ့ အစ္စရေးထောက်လှမ်းရေးကုမ္ပဏီတခုမှာ ဆက်လက်ရင်းနှီးမြှုပ်နှံမှုတွေ မလုပ် တော့ဘူးလို့ ကမ္ဘာမှာအကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုတွေ နော်ဝေးနိုင်ငံ အစိုးရရံပုံငွေဘုတ်အဖွဲ့က ကြေညာခဲ့ပြီးနောက်မှာ PTT ဘက်က ခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်အတွက် အဓိကဝင်ငွေရစေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတွေမှာ ထိုင်း PTTEP ရှာဖွေတူးဖော်ရေးလုပ်ငန်းက ရတနာသဘာဝဓါတ်ငွေ့တူးဖော်ရေးမှာ တော်တော်များများ ရင်းနှီးမြှုပ်နှံထားပါတယ်။

တိုက်ရိုက် လင့်ခ်

========================

[[Unicode]]






XS
SM
MD
LG