အေမရိကန္စြမ္းအင္လုပ္ငန္းႀကီးျဖစ္တဲ့ Chevron ကုမၸဏီဟာ ျမန္မာႏိုင္ငံတြင္း ရတနာဓါတ္ေငြ႕စီမံကိန္းမွာ ျမႇဳပ္ႏွံထားတဲ့ သူ႔ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈ ၄၀ ရာခိုင္ႏႈန္းေက်ာ္ကို MTI ကေနဒါစြမ္းအင္ကုမၸဏီကို ေရာင္းထုတ္လိုက္ၿပီလို႔ စြမ္းအင္လုပ္ငန္းဆိုင္ရာသတင္းေတြက ေဖာ္ျပၾကပါတယ္။ ရတနာဓါတ္ေငြ႕စီမံကိန္းကို မူလအားျဖင့္ Total ေရနံကုမၸဏီက အဓိက စီမံလည္ပတ္ေနတာျဖစ္ေပမယ့္ မႏွစ္ ၂၀၂၂ ခုႏွစ္ကေတာ့ သူ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပန္႐ုပ္ပါတယ္။ အဲဒီေနာက္မွာ Chevron က ပိုင္ဆိုင္မႈ ၄၁.၁ ရာခိုင္ႏႈန္းနဲ႔ ရတနာဓါတ္ေငြ႕စီမံကိန္းရဲ႕ ပိုင္ဆိုင္မႈရွယ္ယာအမ်ားဆုံးျဖစ္လာပါတယ္။ အျခားပိုင္ဆိုင္မႈရွယ္ယာရွင္ေတြကေတာ့ ထိုင္းႏိုင္ငံ PTTEP ေရနံကုမၸဏီနဲ႔၊ ျမန္မာေရနံနဲ႔သဘာဝဓါတ္ေငြ႕လုပ္ငန္း MOGE တို႔ျဖစ္ၾကပါတယ္။
ၿပီးခဲ့တဲ့ ေဖေဖဝါရီလ ၂ ရက္ေန႔က အေမရိကန္အစိုးရရဲ႕ အေရးယူဒဏ္ခတ္မႈစာရင္းထဲ MOGE ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြ႕လုပ္ငန္းအရာရွိေတြ ပါလာၿပီးတဲ့ေနာက္၊ Chevron ကလည္း ရတနာဓါတ္ေငြ႕စီမံကိန္းက သူ႔ ပိုင္ဆိုင္မႈေတြ ေရာင္းထုတ္တယ္ဆိုတဲ့ အခုသတင္းထြက္ေပၚလာတာပါ။ ရတနာ ဓါတ္ေငြ႕စီမံကိန္းကိုေတာ့ လတ္တေလာအားျဖင့္ PTTEP စြမ္းအင္ကုမၸဏီက စီမံလည္ပတ္ေနပါတယ္။
Chevron ကုမၸဏီဖက္ကေတာ့ ဒီကိစၥကို တရားဝင္ထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။ လူ႔အခြင့္အေရးေစာင့္ၾကည့္မႈအဖြဲ႕ေတြကေတာ့ ျမန္မာႏိုင္ငံရဲ႕ ရတနာဓါတ္ေငြ႕စီမံကိန္းလုပ္ငန္းဟာ ျမန္မာစစ္ေကာင္စီအတြက္ အဓိကဝင္ေငြလမ္းေၾကာင္းတခုျဖစ္တာမို႔၊ ေရနံနဲ႔ဓါတ္ေငြ႕လမ္းေၾကာင္းကရတဲ့ ဒီဝင္ေငြေတြကို ျဖတ္ေတာက္ဖို႔တိုက္တြန္းေနပါတယ္။ MOGE ျမန္မာ့ေရနံနဲ႔သဘာဝဓါတ္ေငြလုပ္ငန္းကို အေရးယူဒဏ္ခတ္စာရင္းထဲထည့္သြင္းဖို႔ကိုလည္း အေနာက္ႏိုင္ငံႀကီးေတြကို တိုက္တြန္းေနၾကပါတယ္။
{Unicode}
ရှယ်ဗရွန်ရေနံလုပ်ငန်းရဲ့ ရတနာဓါတ်ငွေ့စီမံကိန်းပိုင်ဆိုင်မှုတွေရောင်းထုတ်နေ
ဖေဖော်ဝါရီ ၉၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
အမေရိကန်စွမ်းအင်လုပ်ငန်းကြီးဖြစ်တဲ့ Chevron ကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်း ရတနာဓါတ်ငွေ့စီမံကိန်းမှာ မြှုပ်နှံထားတဲ့ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှု ၄၀ ရာခိုင်နှုန်းကျော်ကို MTI ကနေဒါစွမ်းအင်ကုမ္ပဏီကို ရောင်းထုတ်လိုက်ပြီလို့ စွမ်းအင်လုပ်ငန်းဆိုင်ရာသတင်းတွေက ဖော်ပြကြပါတယ်။ ရတနာဓါတ်ငွေ့စီမံကိန်းကို မူလအားဖြင့် Total ရေနံကုမ္ပဏီက အဓိက စီမံလည်ပတ်နေတာဖြစ်ပေမယ့် မနှစ် ၂၀၂၂ ခုနှစ်ကတော့ သူ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုတ်ပါတယ်။ အဲဒီနောက်မှာ Chevron က ပိုင်ဆိုင်မှု ၄၁.၁ ရာခိုင်နှုန်းနဲ့ ရတနာဓါတ်ငွေ့စီမံကိန်းရဲ့ ပိုင်ဆိုင်မှုရှယ်ယာအများဆုံးဖြစ်လာပါတယ်။ အခြားပိုင်ဆိုင်မှုရှယ်ယာရှင်တွေကတော့ ထိုင်းနိုင်ငံ PTTEP ရေနံကုမ္ပဏီနဲ့၊ မြန်မာရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE တို့ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖေဝါရီလ ၂ ရက်နေ့က အမေရိကန်အစိုးရရဲ့ အရေးယူဒဏ်ခတ်မှုစာရင်းထဲ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းအရာရှိတွေ ပါလာပြီးတဲ့နောက်၊ Chevron ကလည်း ရတနာဓါတ်ငွေ့စီမံကိန်းက သူ့ ပိုင်ဆိုင်မှုတွေ ရောင်းထုတ်တယ်ဆိုတဲ့ အခုသတင်းထွက်ပေါ်လာတာပါ။ ရတနာ ဓါတ်ငွေ့စီမံကိန်းကိုတော့ လတ်တလောအားဖြင့် PTTEP စွမ်းအင်ကုမ္ပဏီက စီမံလည်ပတ်နေပါတယ်။
Chevron ကုမ္ပဏီဖက်ကတော့ ဒီကိစ္စကို တရားဝင်ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့တွေကတော့ မြန်မာနိုင်ငံရဲ့ ရတနာဓါတ်ငွေ့စီမံကိန်းလုပ်ငန်းဟာ မြန်မာစစ်ကောင်စီအတွက် အဓိကဝင်ငွေလမ်းကြောင်းတခုဖြစ်တာမို့၊ ရေနံနဲ့ဓါတ်ငွေ့လမ်းကြောင်းကရတဲ့ ဒီဝင်ငွေတွေကို ဖြတ်တောက်ဖို့တိုက်တွန်းနေပါတယ်။ MOGE မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေလုပ်ငန်းကို အရေးယူဒဏ်ခတ်စာရင်းထဲထည့်သွင်းဖို့ကိုလည်း အနောက်နိုင်ငံကြီးတွေကို တိုက်တွန်းနေကြပါတယ်။