သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ ဗီယက်နမ်နိုင်ငံရောက်


တရုတ်သမ္မတရှီကျင့်ပင် (ဝဲ) နဲ့ ဗီယက်နမ်အာဏာရကွန်မြူနစ်ပါတီခေါင်းဆောင် ငွင်ဖုထရောင်း (ယာ)တို့ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ကြိုဆိုရေးအခမ်းအနားအတွင်း တွေ့ရစဉ် (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)
တရုတ်သမ္မတရှီကျင့်ပင် (ဝဲ) နဲ့ ဗီယက်နမ်အာဏာရကွန်မြူနစ်ပါတီခေါင်းဆောင် ငွင်ဖုထရောင်း (ယာ)တို့ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ကြိုဆိုရေးအခမ်းအနားအတွင်း တွေ့ရစဉ် (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ကြိုးပမ်းမှု တခုအဖြစ် တရုတ်သမ္မတရှီကျင့်ပင်ဟာ ၆ နှစ်အတွင်း ၂ ရက်ကြာ ဗီယက်နမ် ခရီးစဉ်ကို ဒီကနေ့ စတင်ပါတယ်။ သမ္မတရှီကို ဗီယက်နမ် အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင် ငွင်ဖုထရောင်း (Nguyen Phu Trong) က ဟနွိုင်းမြို့မှာရှိတဲ့ သမ္မတအိမ်တော်မှာဒီကနေ့ လက်ခံတွေ့ဆုံပြီး နှစ်ဘက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တရုတ်-ဗီယက်နမ် ဆက်ဆံရေး၊ မဟာဗျူဟာနဲ့ ဦးတည်ချက်ဆိုင်ရာ ပြဿနာတွေအပြင်၊ နိုင်ငံတကာနဲ့ ဒေသတွင်း ဘုံစိုးရိမ်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးရာမှတဆင့် နှစ်နိုင်ငံဆက်ဆံရေးကို စာမျက်နှာသစ်ဖွင့်နိုင်ဖို့ ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရအောင် အခုလို လာရောက်တာလို့ ဟနွိုင်းလေဆိပ်ကို ရောက်ရှိစဉ်မှာပဲ တရုတ်သမ္မတရှီက ပြောခဲ့ပါတယ်။

တရုတ်သမ္မတရှီကျင့်ပင် (ဝဲ) နဲ့ ဗီယက်နမ်အာဏာရကွန်မြူနစ်ပါတီခေါင်းဆောင် ငွင်ဖုထရောင်း (ယာ)တို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ကွန်မြူနစ်ပါတီ ဗဟိုရုံးခန်းမှာ တွေ့ဆုံဆွေးနွေးနေကြစဉ် (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)
တရုတ်သမ္မတရှီကျင့်ပင် (ဝဲ) နဲ့ ဗီယက်နမ်အာဏာရကွန်မြူနစ်ပါတီခေါင်းဆောင် ငွင်ဖုထရောင်း (ယာ)တို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ကွန်မြူနစ်ပါတီ ဗဟိုရုံးခန်းမှာ တွေ့ဆုံဆွေးနွေးနေကြစဉ် (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဗီယက်နမ်နိုင်ငံကို လာရောက်ခဲ့ပြီးတဲ့နောက် အခုလို တရုတ်သမ္မတရှီကျင့်ပင်က လာရောက်တာလည်း ဖြစ်ပါတယ်။ သမ္မတဘိုင်ဒန်ရဲ့ ခရီးစဉ်ဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး အရှိန်အဝါကို ထိန်းချုပ်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်ရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းဖြစ်သလို၊ အဆင့်မြင့် နည်းပညာဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်ရာမှာလိုအပ်တဲ့ အရေးကြီးပစ္စည်းတွေ ရရှိနိုင်ဖို့အတွက်လည်း ပါဝင်ပါတယ်။

ဗီယက်နမ်ဟာ “Bamboo diplomacy” ဝါးပင်ကဲ့သို့ သံခင်းတမန်ခင်း ဆက်ဆံရေးလို့ခေါ်တဲ့ တရုတ်နဲ့ရော အမေရိကန်နဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးရဖို့ ကြိုးစားနေတာပါ။

ဒါ့အပြင် ဗီယက်နမ်ဟာ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ အင်အားကောင်းလာမှုအပေါ် အမေရိကန်ရဲ့ စိုးရိမ်လာမှုကို သိနားလည်ထားသလို၊ တဘက်မှာလည်း တရုတ်နဲ့ စီးပွားရေးအရ နီးကပ်တဲ့ ဆက်ဆံမှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG