သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“တဘက်နဲ့တဘက် ပိုနားလည်လာဖို့ ရည်ရွယ်” အမေရိကန်သမ္မတ Joe Biden


အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ဝဲ) နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ APEC အာရှပစိဖိတ်စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုဖိုရိမ်ပြင်ပမှာ တွေ့ဆုံကြစဥ်။ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (ဝဲ) နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ APEC အာရှပစိဖိတ်စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုဖိုရိမ်ပြင်ပမှာ တွေ့ဆုံကြစဥ်။ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့နှစ်ဦး အမေရိကန်ပြည်ထောင်စု ဆန်ဖရစ္စကိုမှာ တွေ့ဆုံခဲ့ကြပြီး အခုလို ခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံမှုဟာ တဘက်နဲ့တဘက် ပိုပြီး နားလည်လာမှုရှိလာအောင်ဖြစ်တယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။

အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ် APEC ညီလာခံအပြင်မှာ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ နှစ်ဘက်ကြားကတင်းမာမှုတွေဟာ ပဋိပက္ခအဆင့်အထိ မရောက်သင့်ဘူးလို့ သမ္မတ Biden က ပြောဆိုသလို တရုတ်သမ္မတ Xi ကလည်း တဘက်နဲ့တဘက် ကျောခိုင်းကြဖို့ဆိုတာ နည်းလမ်းမကျဘူးလို့လည်း တုံ့ပြန့်ပြောဆိုပါတယ်။ ဒါဟာ တနှစ်အတွင်း ခေါင်းဆောင်နှစ်ဦးကြား ပထမဆုံးအကြိမ်တွေ့ဆုံမှုပြီး နှစ်နိုင်ငံအကြားစစ်ရေးတင်းမာမှု၊ မူးယစ်ဆေးဝါးပြဿနာ၊ AI ဉာဏ်ရည်တုကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့်လည်း ကြီးကြီးမားမား တစုံတရာဖြေရှင်းမှုလုပ်နိုင်မယ်လို့တော့ နှစ်ဘက်တာဝန်ရှိသူတွေကြား မျှော်လင့်ချက်ကြီးကြီးတော့ မရှိပါဘူး။ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်ပြင်ကိစ္စ၊ အစ္စရေး-ဟားမတ်စစ်ပွဲ၊ ယူကရိန်းကို ရုရှားကျူးကျော်မှု၊ မြောက်ကိုရီးယားအရေး၊ လူ့အခွင့်အရေး စတဲ့ကိစ္စရပ်တွေ ဆွေးနွေးဖို့ရှိပြီး အဲဒီကိစ္စရပ်အားလုံးအပေါ်မှာ နှစ်ဘက်ကြား သဘောထားမတူညီတာတွေ ရှိထားပါတယ်။

ဆွေးနွေးမယ့်အထဲ အဓိကအကြောင်းရပ်တွေထဲမှာ နှစ်ဘက် စစ်ဘက်ဆက်ဆံရေးပြန်ဖွင့်ဖို့ဆိုတာလည်းပါဝင်ပါတယ်။ ၂၀၂၂ ဩဂုတ်လတုန်းက အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့အတွက် တရုတ်ဘက်က အဲဒီ ဆက်ဆံမှုတွေကို ဖြတ်တောက်ပစ်ခဲ့တာပါ။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံချိန် ကနဦးပိုင်းမှာ သတင်းမီဒီယာတွေရှေ့ မှတ်ချက်စကားအသီးသီးပြောဆိုခဲ့ပြီးတဲ့နောက် တခါးပိတ်ဆွေးနွေးမှု လုပ်ခဲ့ကြပါတယ်။

“တဘက်နဲ့တဘက် ပိုနားလည်လာဖို့ ရည်ရွယ်” အမေရိကန်သမ္မတ Joe Biden
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG