သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နဲ့ တရုတ်ကြား ကုန်သွယ်ရေးမျှခြေထားဖို့ သဘောတူ 


တရုတ်သမ္မတ Xi Jinping (ဒု-ယာအစွန်) နဲ့ အီးယူ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (တတိယ-ဝဲ) နဲ့ အီးယူကောင်စီ ဥက္ကဋ္ဌ Charles Michel (ဝဲ စတုတ္ထ, fourth left, in Beijing, Dec. 7, 2023.
တရုတ်သမ္မတ Xi Jinping (ဒု-ယာအစွန်) နဲ့ အီးယူ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen (တတိယ-ဝဲ) နဲ့ အီးယူကောင်စီ ဥက္ကဋ္ဌ Charles Michel (ဝဲ စတုတ္ထ, fourth left, in Beijing, Dec. 7, 2023.

တရုတ်သမ္မတ Xi Jinping နဲ့ ကြာသပတေးနေ့ ဘေဂျင်းမြို့မှာတွေ့ဆုံပြောဆိုခဲ့ပြီးနောက် EU နဲ့ တရုတ်နိုင်ငံကြား ဟန်ချက်ညီတဲ့ကုန်သွယ်မှုဆက်ဆံရေး ထားရှိသွားဖို့ သဘောတူခဲ့တယ်လို့ EU ဥရောပသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ Ursula Von der Leyen က ပြောပါတယ်။

EU အဖွဲ့ကိုယ်စား Von der Leyen နဲ့ Charles Michel တို့ဟာ ၂ ရက်ကြာခရီးစဥ်အဖြစ် တရုတ်နိုင်ငံကိုသွားရောက်ပြီး သမ္မတ Xi နဲ့ တွေ့ဆုံကာ ကုန်သွယ်ရေးနဲ့ ထောက်ပံ့မှုတွေမှာ အငြင်းပွားနေတဲ့ကိစ္စ၊ ယူကရိန်းစစ်မှာ အကြီးအကျယ်အမြင်ကွဲပြားနေတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။ ဆွေးနွေးမှုအကြောင်း အကျဥ်းရုံးပြောဆိုရာမှာတော့ − မမျှတတဲ့ ယှဥ်ပြိုင်မှုမျိုးကို EU ခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုမှလက်မခံနိုင်ကြောင်း Von der Leyen က ထပ်လောင်းပြောဆိုသွားပါတယ်။ တရုတ်နဲ့ EU ကြား ကုန်သွယ်ရာမှာ နှစ်စဥ်ဆိုသလို ဒေါ်လာ ဘီလျံ ၂၀၀ လောက် မမျှမတနဲ့ ကွာဟမှုရှိနေတာကြောင့် တရုတ်ဈေးကွက်ထဲဝင်ခွင့်ရအောင် တိုးချဲ့လုပ်ဆောင်ပေးဖို့ EU ဘက်က တိုက်တွန်းလိုက်ပါတယ်။

ဥရောပဈေးကွက်ထဲတင်ပို့မယ့် တရုတ်ရဲ့လျှပ်စစ်ကားတွေကို အခွန်သက်ညှာခွင့်ပေးသင့် မပေးသင့်ဆိုတာနဲ့ တရုတ်နည်းပညာပစ္စည်းတင်ပို့မှုပေါ် တားမြစ်ထားတဲ့ကိစ္စမှာ EU က ပြန်သုံးသပ်ဖို့ စုံစမ်းစစ်ဆေးနေတာကိုလည်း တရုတ်က မကြိုက်ဘဲဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG