သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥေရာပသမဂၢနဲ႔ တ႐ုတ္ ျမန္မာ႔အေရးေဆြးေႏြး


(Zawgyi / Unicode)

ဥေရာပသမဂၢ (EU) မူဝါဒေရးရာ အႀကီးအကဲနဲ႔ တ႐ုတ္ထိပ္တန္းသံတမန္တို႔ အြန္လိုင္းေဆြးေႏြးပဲြမွာ ျမန္မာ့အေရးကိုလည္း ထည့္သြင္း ေဆြးေႏြးခဲ့ၾကပါတယ္။

EU မူဝါဒေရးရာ အႀကီးအကဲ Josep Borrell နဲ႔ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး Wang Yi တို႔ အဂၤါေန႔က ဗြီဒီယိုကတဆင့္ ေတြ႕ဆုံရာမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိုင္ငံအေရး၊ တာလီဘန္ေတြ သိမ္းပိုက္လိုက္တဲ့ အာဖဂန္နစၥတန္ႏိုင္ငံ အေရးနဲ႔ အင္ဒို-ပစိဖိတ္ေဒသအေရး စတာေတြ အပါအ၀င္ ႏိုင္ငံတကာနဲ႔ ေဒသတြင္း ကိစၥေတြကို ေဆြးေႏြးၾကတဲ့အေၾကာင္း EU က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုလိုက္တာပါ။

ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး EU ေရာ၊ တ႐ုတ္ႏိုင္ငံကပါ စိုးရိမ္မႈေတြ ရွိၾကတဲ့ အေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္အာဏာသိမ္းၿပီး ေနာက္ဆက္တဲြ ႏိုင္ငံေရး၊ လူ႔အခြင့္အေရးနဲ႔ မတည္မၿငိမ္ အေျခအေနေတြ

ေပၚေပါက္ေနတာေၾကာင့္ ေဒသတြင္းကိုပါ ႐ိုက္ခတ္လာမွာကို ႏိုင္ငံတကာနဲ႔ ေဒသတြင္း ႏိုင္ငံေတြၾကား စိုးရိမ္မႈေတြ ထြက္ေပၚေနၾကတာပါ။

ျမန္မာႏိုင္ငံ အက်ပ္အတည္းကို အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) က ဦးေဆာင္ေျဖရွင္းဖို႔လည္း EU နဲ႔ တ႐ုတ္ႏိုင္ငံ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းကလည္း အားေပးေနၾကပါတယ္။

ဒါေပမဲ့လည္း စစ္အာဏာသိမ္းၿပီး ၈ လေလာက္ ရွိလာတဲ့ အခ်ိန္အထိ ႏိုင္ငံေရး တင္းမာမႈေတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြ ဆက္လက္ ေပၚေပါက္ေနတာေၾကာင့္ ပုံစံသစ္နဲ႔ ခ်ဥ္းကပ္ေျဖရွင္းၾကဖို႔လည္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကလည္း မၾကာေသးခင္ကပဲ တိုက္တြန္းထားပါတယ္။

ဥေရာပသမဂၢနဲ႔ တ႐ုတ္ ျမန္မာ႔အေရးေဆြးေႏြး
please wait

No media source currently available

0:00 0:01:09 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

ဥရောပသမဂ္ဂနဲ့ တရုတ် မြန်မာ့အရေးဆွေးနွေး

ဥရောပသမဂ္ဂ (EU) မူဝါဒရေးရာ အကြီးအကဲနဲ့ တရုတ်ထိပ်တန်းသံတမန်တို့ အွန်လိုင်းဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

EU မူဝါဒရေးရာ အကြီးအကဲ Josep Borrell နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ အင်္ဂါနေ့က ဗွီဒီယိုကတဆင့် တွေ့ဆုံရာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအရေး၊ တာလီဘန်တွေ သိမ်းပိုက်လိုက်တဲ့ အာဖဂန်နစ္စတန်နိုင်ငံ အရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသအရေး စတာတွေ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးကြတဲ့အကြောင်း EU က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး EU ရော၊ တရုတ်နိုင်ငံကပါ စိုးရိမ်မှုတွေ ရှိကြတဲ့ အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ မတည်မငြိမ် အခြေအနေတွေ

ပေါ်ပေါက်နေတာကြောင့် ဒေသတွင်းကိုပါ ရိုက်ခတ်လာမှာကို နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေကြတာပါ။

မြန်မာနိုင်ငံ အကျပ်အတည်းကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က ဦးဆောင်ဖြေရှင်းဖို့လည်း EU နဲ့ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း အားပေးနေကြပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာသိမ်းပြီး ၈ လလောက် ရှိလာတဲ့ အချိန်အထိ နိုင်ငံရေး တင်းမာမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ပေါ်ပေါက်နေတာကြောင့် ပုံစံသစ်နဲ့ ချဉ်းကပ်ဖြေရှင်းကြဖို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း မကြာသေးခင်ကပဲ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG