{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ ရပ္ပစ္ဖို႔နဲ႔ ေဖေဖၚဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းခ်ိန္ကစၿပီး ဖမ္းဆီးထိန္းသိမ္းထားသူအားလံုးကို ခ်က္ခ်င္း လႊတ္ေပးဖို႔ အီးယူ ဥေရာပသမဂၢ ႏိုင္ငံျခားေရးရာ အႀကီးအကဲ Josep Borrell က ေသာၾကာေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။
အာဆီယံအဖြဲ႔ႀကီးရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Erywan Yusof နဲ႔ ေသာၾကာေန႔ တယ္လီဖံုးဆက္သြယ္ ေျပာၾကားရာမွာ မစၥတာ Borrell က ျမန္မာႏိုင္ငံ အတြက္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြလက္လွမ္းမွီေစဖို႔နဲ႔ ျမန္မာႏိ္ုင္ငံဒီမိုကေရစီရရွိေရးအတြက္ စစ္မွန္တဲ့ ႏိုင္ငံေရးေဆြးေႏြးမႈလမ္းေၾကာင္းကို ေဖၚေဆာင္ေပးရမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သူ႔ရဲ႕ Twitter မွာ ေရးသားထားပါတယ္။
ျမန္မာႏိုင္ငံအေရး ကူညီေျဖရွင္းေပးဖို႔ အထူးကိုယ္စားလွယ္အျဖစ္ ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး Erywan Yusof ကို အာဆီယံအဖြဲ႔ႀကီး က ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ တာဝန္ေပးခဲ့တာပါ။ ဒါကို အေမရိကန္၊ ဥေရာပသမဂၢ (EU) နဲ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းနဲ႔ ေဒသတြင္း ႏိုင္ငံေတြက ႀကိဳဆိုခဲ့ၾကပါတယ္။
ဒါ့အျပင္ စစ္အာဏာပိုင္ေတြ အေနနဲ႔ အထူးကိုယ္စားလွယ္ရဲ႕ လုပ္ငန္းေတြမွာ ပူးေပါင္း ေဆာင္ရြက္ဖို႔ နဲ႔ ႏိုင္ငံတြင္း လြတ္လပ္စြာ သြားလာလႈပ္ရွားခြင့္ ျပဳဖို႔ပါ တိုက္တြန္းထားၾကတာပါ။
မစၥတာ Erywan ကေတာ့ ျမန္မာႏိုင္ငံကို သူသြားေရာက္မယ့္ ခရီးစဥ္အတြင္း ထိထိေရာက္ေရာက္ ေဆြးေႏြးဖို႔ ႀကိဳးစားမွာ ျဖစ္သလို သက္ဆိုင္သူ အားလုံးနဲ႔ အျပည့္အ၀ ေတြ႕ခြင့္ရဖို႔ လည္း ေတာင္းဆိုထားပါတယ္။
..............................................
{{Unicode}}
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်ပစ်ဖို့နဲ့ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချက်ချင်း လွှတ်ပေးဖို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Josep Borrell က သောကြာနေ့မှာ တောင်းဆိုလိုက်ပါတယ်။
အာဆီယံအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်Erywan Yusof နဲ့ သောကြာနေ့ တယ်လီဖုံးဆက်သွယ် ပြောကြားရာမှာ မစ္စတာ Borrell က မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလက်လှမ်းမှီစေဖို့နဲ့ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းကို ဖေါ်ဆောင်ပေးရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သူ့ရဲ့ Twitter မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံအရေး ကူညီဖြေရှင်းပေးဖို့ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အာဆီယံအဖွဲ့ကြီး က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တာဝန်ပေးခဲ့တာပါ။ ဒါကို အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဒေသတွင်း နိုင်ငံတွေက ကြိုဆိုခဲ့ကြပါတယ်။
ဒါ့အပြင် စစ်အာဏာပိုင်တွေ အနေနဲ့ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ နဲ့ နိုင်ငံတွင်း လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပြုဖို့ပါ တိုက်တွန်းထားကြတာပါ။
မစ္စတာ Erywan ကတော့ မြန်မာနိုင်ငံကို သူသွားရောက်မယ့် ခရီးစဉ်အတွင်း ထိထိရောက်ရောက် ဆွေးနွေးဖို့ ကြိုးစားမှာ ဖြစ်သလို သက်ဆိုင်သူ အားလုံးနဲ့ အပြည့်အ၀ တွေ့ခွင့်ရဖို့ လည်း တောင်းဆိုထားပါတယ်။