သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သင်္ဘော ၂ စီးကို တရုတ်က မီးသတ်ပိုက်နဲ့ ထိုးခဲ့တဲ့ဖြစ်ရပ်အတွက် ဖိလစ်ပိုင်ကန့်ကွက်


ဖိလစ်ပိုင်သင်္ဘောနှစ်စီးကို တရုတ်က အားပြင်းမီးသတ်ပိုက်နဲ့ထိုးနေစဉ် (ဧပြီ ၃၀၊ ၂၀၂၄)
ဖိလစ်ပိုင်သင်္ဘောနှစ်စီးကို တရုတ်က အားပြင်းမီးသတ်ပိုက်နဲ့ထိုးနေစဉ် (ဧပြီ ၃၀၊ ၂၀၂၄)

တရုတ်နဲ့ ဖိလစ်ပိုင် ရေပြင်နယ်နိမိတ် ပိုင်နက်အငြင်းပွားနေတဲ့ နေရာမှာ ဖိလစ်ပိုင်သင်္ဘော ၂ စီးကို တရုတ်သင်္ဘောက မီးသတ်ပိုက်နဲ့ ထိုးခဲ့တဲ့ ဖြစ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ တရုတ်သံရုံးတာဝန်ရှိသူကို ဖိလစ်ပိုင်အစိုးရက ဆင့်ခေါ်ခဲ့ပါတယ်။

ဧပြီ ၃၀ ရက်က တရုတ်သင်္ဘောကမ်းရိုးတမ်စောင့် သင်္ဘောတွေကနေ အင်အားပြင်း မီးသတ်ပိုက်နဲ့ ထိုးခဲ့လို့ ကမ်းရိုးတမ်းစောင့်သင်္ဘောနဲ့ ဖိလစ်ပိုင်အစိုးရသင်္ဘောတစီး ထိခိုက်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ရေပြင်မှာ အန္တရာယ်ဖြစ်အောင်လုပ်မှု၊ ရန်လိုမှုတွေကြောင့် မနီလာမြို့တော် တရုတ်သံရုံးမှာ ဒုတိယအကြီးဆုံး တာဝန်ရှိသူ Zhou Zhiyong ကိုဆင်ခေါ်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာက ပြောပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ တင်းမာမှုတွေ ပိုဖြစ်အောင် တရုတ်က လုပ်နေတယ်လို့ ဖိလစ်ပိုင်ဘက်က စွပ်စွဲပြောကြားခဲ့ပါတယ်။ Scarborough ကျွန်းစုတွေနားမှာ တရုတ်နဲ့ ဖိလစ်ပိုင်ကြား ထိပ်တိုက်တွေ့မှုဖြစ်နေတာ နှစ်နဲ့ချီရှိပါပြီ။

ဖိလစ်ပိုင်က အမေရိကန်၊ ဂျပန်နိုင်ငံတို့နဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုတိုးတက်လာခဲ့ပြီးနောက်ပိုင်း တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ နေရာတွေဟာ သူတို့ပိုင်တယ်ဆိုတာ ပြသတဲ့ လုပ်ရပ်တွေကို ပိုပြီး ခိုင်ခိုင်မာမာလုပ်လာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ငါးတွေပေါများသလို နိုင်ငံတော်တော်များများရဲ့ အဓိက ရေလမ်းကြောင်းတွေနဲ့နီးတဲ့ နေရာဟာ ဖိလစ်ပိုင်အထူးစီးပွားရေးဇုံသတ်မှတ်ထားတဲ့ နေရာထဲမှာ ရှိနေပါတယ်။ တရုတ်ကလည်း အဲဒီနေရာဟာ သူတို့ပိုင်ဆိုင်တယ်လို့ ပြောနေပေမဲ့ ဘယ်နိုင်ငံရဲ့ နယ်နိမိတ်ထဲမှာမှ တရားဝင် ရှိမနေပါဘူး။

ရေကြောင်းကုန်သွယ်ရေးအတွက် အချက်အခြာကျတဲ့ တောင်တရုတ်ပင်လယ် ရေပြင်နယ်နိမိတ်အများစုကို တရုတ်က သူတို့ပိုင်ဆိုင်တယ်လို့ ပြောနေသလို ဖိလစ်ပိုင်၊ ဗိယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းတို့ကလည်း တချို့နေရာတွေက သူတို့ပိုင်ဆိုင်တယ်လို့ ပြောပြီး အငြင်းပွားနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG