သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမှာ အဝေးပြေးလမ်း ပြိုကျမှုကြောင့် ၁၉ ဦး သေဆုံး


တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် Meizhou မြို့ မှာ ပြိုကျသွားတဲ့ Meizhou-Dabu အဝေးပြေးလမ်းမ (မေ ၁၊ ၂၀၂၄)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် Meizhou မြို့ မှာ ပြိုကျသွားတဲ့ Meizhou-Dabu အဝေးပြေးလမ်းမ (မေ ၁၊ ၂၀၂၄)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်း ပြည်နယ်မှာ ဒီနေ့ အစောပိုင်းက အဝေးပြေးလမ်း ပြိုကျမှုကြောင့် အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့ပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် အဝေးပြေးလမ်းမကြီးရဲ့ အရှည် ၅၈.၇ ပေရှိတဲ့ လမ်းပိုင်း ပြိုကျခဲ့ပြီး အဲ့ဒီလမ်းပေါ်မှာ သွားနေတဲ့ ကား ၁၈ စီးက ပြိုကျခဲ့တဲ့အထဲကို ပါသွားခဲ့တယ်လို့ ကွမ်တုန်းပြည်နယ် Meizhou မြို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

ကိုယ်တိုင် တွေ့သူတွေရဲ့ ပြောဆိုချက်အရ ကျယ်လောင်တဲ့ ဆူညံသံကို ကြားခဲ့ရပြီးတဲ့နောက် သူတို့ဖြတ်မောင်းလာတဲ့ အဝးပြေးလမ်းဟာ ပျက်စီးပြိုကျနေတာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံမီဒီယာတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာတော့ မီးခိုးလုံးတွေနဲ့ မီးလောင်မှုတွေကို မြင်တွေ့ရပြီး အဝေးပြေးလမ်းမ တလျှောက်မီးလောင်ကျွမ်းနေတာကိုလည်း တွေ့မြင်နေရပါတယ်။

ကယ်ဆယ်ရေးသမားတွေက လူပေါင်း ၃၀ ကို ဆေးရုံကို ခေါ်ဆောင်သွားခဲ့တယ်လို့လည်း နိုင်ငံပိုင်ရုပ်သံ CCTV သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG