သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတရဲ့ဥရောပခရီး ကုန်သွယ်ရေးတင်းမာမှုလျှော့ချဖို့ ကြိုးပမ်းဖွယ်ရှိ


တရုတ်သမ္မရှီကျင့်ဖျင် (ဧပြီ ၂၆၊၂၀၂၄)
တရုတ်သမ္မရှီကျင့်ဖျင် (ဧပြီ ၂၆၊၂၀၂၄)

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အခုစတင်လိုက်တဲ့ ဥရောပခရီးစဉ်မှာတော့ တရုတ်နဲ့ အီးယူ ဥရောပနိုင်ငံတွေကြား ကုန်သွယ်ရေးတင်းမာမှုကို လျှော့ချဖို့ ကြိုးပမ်းဖွယ်ရှိတယ်လို့ သုံးသပ်သူတွေက ယူဆကြပါတယ်။ တရုတ်သမ္မတ Xi Jinping ဟာ ၂၀၁၉ ခုနှစ်ကတည်းကဆိုရင် ပထမဆုံးအဖြစ် အခု ဥရောပ ၆ ရက်တာခရီးကို တနင်္ဂနွေနေ့က စခဲ့တာပါ။

အီးယူဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုတွေရှိနေချိန် ရုရှားကို တရုတ်ထောက်ခံမှုတွေနဲ့ပတ်သက်လို့ ဥရောပမှာ စိုးရိမ်နေချိန်မှာပဲ ဒီခရီးစဉ်ဖြစ်လာပြီး ခရီးစဉ်မှာ တရုတ်သမ္မတဟာ ပြင်သစ်၊ ဆာဗီးယားနဲ့ ဟန်ဂေရီတို့ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ယူကရိန်းက ရုရှားစစ်နဲ့ အစ္စရေး-ဟာမတ်စ်ပဋိပက္ခကိစ္စတွေ အရေးပါလာချိန်မှာပဲ ဥရောပနဲ့ ကုန်သွယ်ရေးတင်းမာမှုကိုဖြေရှင်းနိုင်ဖို့ သမ္မတရှီကျင့်ဖျင်က ပထမဆုံးကြိုးပမ်းလိမ့်မယ်လို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။

တရုတ်ရဲ့မမျှတတဲ့ကုန်သွယ်ရေးကို စုံစမ်းစစ်ဆေးရမယ်ဆိုပြီး ဥရောပဘက်မှာဖြစ်လာချိန်မှာပဲ အခု သမ္မတရှီကျင့်ဖျင်ခရီးစဉ်ဟာ တရုတ်အပေါ် တင်းမာတဲ့ကုန်သွယ်ရေးစည်းမျဉ်းတွေ အီးယူကချမှတ်ဖို့လုပ်နေတာတွေ နှောင့်နှေးလာဖို့ လုပ်တာလို့ ထိုင်ဝမ် Dong Hwa အမျိုးသားတက္ကသိုလ်က အီးယူ-တရုတ် ဆက်ဆံရေး ကျွမ်းကျင်သူ Zsuzsa Anna Ferenczy က သုံးသပ်ပါတယ်။ တရုတ်က ကမကထလုပ်တဲ့ တရုတ်နဲ့ အရှေ့နဲ့ဗဟိုဥရောပကြား ပူးပေါင်းဆောင်ရွက်ရေးကနေ နိုင်ငံအတော်များများ နှုတ်ထွက်လာချိန်မှာပဲ အခု ဟန်ဂေရီနဲ့ ဆာဗီးယားခရီးကိုကြည့်မယ်ဆိုရင် အရှေ့နဲ့ဗဟိုအာရှဒေသကို တရုတ်က လွှမ်းမိုးထားတုန်းပဲဆိုတာကိုပြဖို့ ရှီကျင့်ဖျင်က မျှော်လင့်ထားပုံရတယ်လို့လည်း Ferenaczy က သုံးသပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG