သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်တွင်းအစာငတ်ခံ ဆန္ဒပြသူ ထိုင်းတက်ကြွလှုပ်ရှားသူ သေဆုံး

ထိုင်းတက်ကြွလှုပ်ရှားသူ Netiporn Sanae-sangkhom (အလယ်) (စက်တင်ဘာ ၁၉၊ ၂၀၂၀)
ထိုင်းတက်ကြွလှုပ်ရှားသူ Netiporn Sanae-sangkhom (အလယ်) (စက်တင်ဘာ ၁၉၊ ၂၀၂၀)

တော်ဝင်မိသားစုကို အသရေဖျက်မှုနဲ့ ဖမ်းဆီး ထောင်ချခံထားရတဲ့ ထိုင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဟာ ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြရင်း သေဆုံးသွားတယ်လို့ ထိုင်းအကျဉ်းဦးစီးဌာနက ပြောပါတယ်။ သေဆုံးသွားသူ “Boong” ခေါ် Netiporn Sanae-sangkhom ဟာ ဒီမိုကရေစီအရေး လိုလားတဲ့ “Thaluwang” အဖွဲ့ဝင် တဦးဖြစ်ပြီး သူ့အပေါ်တင်ထားတဲ့ စွဲချက်တွေကို စစ်ဆေးဖို့ အချုပ်ချခံထားရသူ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်း ၂၀၂၀ ပြည့်နှစ်က လူငယ်တွေဦးဆောင်ပြုလုပ်တဲ့ တော်ဝင်မိသားစုဝင်တွေရဲ့ ယာဉ်တန်းကို တားဆီး ဟန့်တားတဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အတွက် Netiporn Sanae-sangkhom ကို ဘုရင်စံနစ်ကို စော်ကားတဲ့ ဥပဒေနဲ့ ဖမ်းဆီးထားတာပါ။ ထိုင်းနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဘုရင်စနစ်ကိုစော်ကားတဲ့သူတွေကို အရေးယူတဲ့ အငြင်းပွားစရာ ဥပဒေအရ ဘုရင် Maha Vajiralongkorn နဲ့ တော်ဝင်မိသားစုဝင်တွေကို ‌စော်ကားသူတွေအနေနဲ့ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ အသက် ၂၈ နှစ်အရွယ် Netiporn Sanae-sangkhom က ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတာမှာ သူ့ကျန်းမာရေးအခြေအနေ ဆိုးရွားလာတဲ့အတွက် ထောင်အာဏာပိုင်တွေက သူ့ကို ဆေးရုံပို့ ကုသမှု‌ပေးနေခဲ့တာပါ။ အကျဉ်းထောင်က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ သူမဟာ ခြေထောက်တွေ၊ လက်တွေ အားနည်းနေးပြီး သွေးအားနည်းတဲ့ရောဂါကို ခံစားနေရသူဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်တွင်းအစာငတ်ခံ ဆန္ဒပြသူ ထိုင်းတက်ကြွလှုပ်ရှားသူ သေဆုံး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG