သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဖာမြို့မှာ အစ္စရေးရဲ့ထိုးစစ် ချက်ခြင်းရပ်ဖို့ EU တောင်းဆို

လေကြောင်းတိုက်ခိုက်မှုကြောင့် Rafah မြို့မှာ မီးခိုးလုံးတွေကိုမြင်ရစဉ် (မေ ၆၊ ၂၀၂၄)
လေကြောင်းတိုက်ခိုက်မှုကြောင့် Rafah မြို့မှာ မီးခိုးလုံးတွေကိုမြင်ရစဉ် (မေ ၆၊ ၂၀၂၄)

ဂါဇာကမ်းမြောင်တောင်ပိုင်း Rafah မှာ ပြုလုပ်နေတဲ့ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေ ချက်ခြင်း ရပ်တန့်ဖို့ EU ဥရောပသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒီစစ်ဆင်ရေးကြောင့် ဂါဇာမှာလုပ်နေတဲ့ စာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို အနှောက်အယှက် ဖြစ်စေတဲ့အပြင်‌ နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် တိုးလာတာ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ လူသားတွေ ဘေးဒုက္ခရောက်ရတဲ့ အခြေအနေတွေ ပိုပြီး ဆိုးရွားလာစေတယ်လို့ ဆိုပါတယ်။

အစ္စရေးအနေနဲ့ သူ့နိုင်ငံနဲ့ လူမျိုးအတွက် ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုပေမယ့် နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာဖို့လိုအတယ်လို့ အီးယူ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဟာမတ်စ်အနေနဲ့လည်း ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ချွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

အစ္စရေးက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်မှာရှိတဲ့ ပစ်မှတ် ၈၀ လောက်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို ကြည်းတပ်ကလည်း Rafah မြို့ အရှေ့ခြမ်းကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အစ္စရေးစစ်တပ်က ဒီကနေ့ ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဂါဇာတောင်ပိုင်း Rafah တဝိုက်မှာ အစ္စရေးစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာတဲ့အပေါ် သူ့အနေနဲ့ ထိတ်လန့်တုန်လှုပ်မိကြောင်း မနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။

ရာဖာမြို့မှာ အစ္စရေးရဲ့ထိုးစစ် ချက်ခြင်းရပ်ဖို့ EU တောင်းဆို
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG