သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်လွှတ်တော်ဥက္ကဌဟောင်းအိမ် ဝင်ရောက်တိုက်ခိုက်သူ ထောင်အနှစ် ၃၀ ကျ

အမေရိကန်အောက်လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ နန်စီပလိုစီကို ပြန်ပေးဆွဲဖို့ ကြံစည်ခဲ့သူ David DePape။
အမေရိကန်အောက်လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ နန်စီပလိုစီကို ပြန်ပေးဆွဲဖို့ ကြံစည်ခဲ့သူ David DePape။

[သတင်းဖြည့်စွက်ချက်]

အမေရိကန်အောက်လွှတ်တော် ဥက္ကဌဟောင်း Nancy Pelosi ကို ပြန်ပေးဆွဲဖို့ ကြိုးစားမှု၊ သူ့အမျိုးသားကို တူနဲ့ ထုရိုက်မှုတို့အတွက် David DePape ကို ထောင်ဒဏ် အနှစ် ၃၀ ချလိုက်ပါတယ်။ ပြည်ထောင်စုအစိုးရ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတယောက်ကို ပြန်ပေးဆွဲဖို့ ကြိုးစားမှု၊ မိသားစုဝင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့နဲ့ အပြစ်ရှိတယ်လို့ ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့တာမို့ တရားသူကြီးက ထောင်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် David DePape ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက အောက်လွှတ်တော် ဥက္ကဌဟောင်း Nancy Pelosi ရဲ့ နေအိမ်ထဲအထိ ဝင်ရောက်ပြီး သူ့အမျိုးသားကို တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် Paul Pelosi ဟာ ဦးခေါင်း အက်ကွဲဒဏ်ရာ အပါအဝင် တခြား ထိခိုက်ဒဏ်ရာတွေရပြီး ဆေးရုံတက် ကုသခဲ့ရပါတယ်။

သူကို ထောင်ဒဏ် အနှစ် ၄၀ ချဖို့ အစိုးရရှေ့နေတွေဘက်က တောင်းဆိုခဲ့ပါတယ်။ ပြန်ပေးဆွဲဖို့ ကြိုးစားမှုအတွက် ထောင်ဒဏ် အနှစ် ၂၀၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့တာမို့ တပေါင်းထဲပြစ်ဒဏ် အနှစ် ၃၀ ကျခံရမှာ ဖြစ်ပါတယ်။ သူ့ကို တရားစီရင်နေစဉ် ဖမ်းဆီးထားတဲ့ ၁၈ လအတွက် လျှော့ရက်ရမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အောက်လွှတ်တော်ဥက္ကဋ္ဌဟာ သမ္မတနဲ့ ဒုသမ္မတပြီးရင် ရာထူးအမြင့်ဆုံး ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG