သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံး


အီရန်သမ္မတ Ebrahim Raisi
အီရန်သမ္မတ Ebrahim Raisi

အီရန်သမ္မတ Ebrahim Raisi နဲ့ နိုင်ငံခြားရေးဝန်ကြီး Hossein Amirabdollahian တို့ရဲ့ အလောင်းတွေကို နိုင်ငံမြောက်ပိုင်းက ရဟတ်ယာဉ်ပျက်ကျတဲ့ နေရာမှာ ဒီကနေ့ တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြလိုက်ပါတယ်။ အီရန်နိုင်ငံ အရှေ့အာဇာဘိုင်ဂျန်ပြည်နယ်ရှိ Varzaqan အနီးမှာ တနင်္ဂနွေနေ့ ရာသီဥတုဆိုးရွားနေချိန် ရဟတ်ယာဉ်ပျက်ကျပြီးနောက် ရှာဖွေကယ်ဆယ်ရေးတွေ ဒီကနေ့ အပျက်အဆီးတွေကို တွေ့ရှိခဲ့တာပါ။

အီရန်သမ္မတဟာ အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev နဲ့ အတူ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ရေကာတာဖွင့်ပွဲ အခမ်းအနားကိုတက်ရောက်ပြီး အီရန်နိုင်ငံကို အပြန်မှာ အခုလို ရဟတ်ယာဉ် ပျက်ကျပြီး သေဆုံးခဲ့ရတာပါ။ အဇာဘိုင်ဂျန်သမ္မတ ကလည်း ရဟတ်ယာဉ်ပျက်ကျမှုအတွက် စိတ်ထိခိုက်ရကြောင်းနဲ့ အလေးအနက်ထား ဆုတောင်းပေးနေတယ်လို့ X လူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်။

အီရန်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသေဆုံးတာ၊ ဒါမှမဟုတ် တာဝန်ဆက်လက် မထမ်းဆောင်နိုင်တော့တဲ့ အခြေအနေမှာ ဒုတိယသမ္မတ (၁) က ရက်ပေါင်း ၅၀ အတွင်း သမ္မတရွေးကောက်ပွဲ ကျင်းပပြီး သမ္မတသစ် ရွေးချယ်ပြီးတဲ့ အချိန်အထိ တာဝန်ယူရမှာ ဖြစ်ပါတယ်။

အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံး
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG