သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတနဲ့ ရဟတ်ယာဉ် ပျက်ကျသေဆုံးသူတွေ ဈာပန တီဟီရန်မှာကျင်းပ


အီရန်သမ္မတနဲ့ ရဟတ်ယာဉ် ပျက်ကျသေဆုံးသူတွေ ဈာပန တီဟီရန်မှာကျင်းပနေစဉ် (မေ ၂၂၊ ၂၀၂၄)
အီရန်သမ္မတနဲ့ ရဟတ်ယာဉ် ပျက်ကျသေဆုံးသူတွေ ဈာပန တီဟီရန်မှာကျင်းပနေစဉ် (မေ ၂၂၊ ၂၀၂၄)

အီရန်သမ္မတ Ebrahim Raisi နဲ့ နိုင်ငံခြားရေး ဝန်ကြီးအပါအဝင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့ကြတဲ့သူတွေအတွက် ဈာပန အခမ်းအနားကို အီရန်ရဲ့ ဘာသာရေးခေါင်းဆောင်ကိုယ်တိုင် ကြီးမှူးပြီး ဒီနေ့ကျင်းပခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei (အယာတိုလာ အလီ ခါမေနီ) ဦးဆောင်တဲ့ ဈာပန အခမ်းအနားကို တီဟီရန်တက္ကသိုလ်မှာ ကျင်းပခဲ့ပြီး ခေါင်းတလားတွေပေါ်မှာ အီရန်အလံနဲ့ သူတို့ရဲ့ ဓာတ်ပုံတွေကို တင်ထားပါတယ်။ အီရန်နိုင်ငံ ဦးသျှောင် Khamenei ကတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ် ကုရ်အာန်ကျမ်းစာသုံး အာရဗီဘာသာနဲ့ ကွယ်လွန်သူတွေအတွက် ဆုတောင်းခဲ့ပါတယ်။

ဆုတောင်းအပြီးမှာတော့ လူအများက ကြွေးကြော်သံတွေကို ရွတ်ဆိုပြီး ခေါင်းတလားတွေကို နောက်တွဲကားတွေပေါ်တင်ဆောင်ပြီး တီဟီရန်မြို့လယ်ကနေ ယခင်က Raisi မိန့်ခွန်းပြောကြားခဲ့တဲ့ လွတ်မြောက်ရေး ရင်ပြင်ရှိရာ Azadi မျှော်စင်ရှိရာသို့ စီတန်းလှည့်လည် ခဲ့ကြပါတယ်။

အီရန်သမ္မတနဲ့ ရဟတ်ယာဉ် ပျက်ကျသေဆုံးသူတွေ ဈာပန တီဟီရန်မှာကျင်းပ
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG