သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ဗုဒ္ဓမွေးနေ့ ကျင်းပ


 ဗုဒ္ဓနေ့ အခမ်းအနား မြင်ကွင်း (အိန္ဒိယနိုင်ငံ ၊ မေ ၂၃၊ ၂၀၂၄)
ဗုဒ္ဓနေ့ အခမ်းအနား မြင်ကွင်း (အိန္ဒိယနိုင်ငံ ၊ မေ ၂၃၊ ၂၀၂၄)

ဒီကနေ့မှာကျရောက်တဲ့ ဗုဒ္ဓနေ့ အခမ်းအနားတွေကို အိန္ဒိယနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဗာရာဏသီ နဲ့ ဂါယာမြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။ ဒီကနေ့ဟာ ဂေါတမမြတ်စွာဘုရားဖွားမြင်တဲ့နေ့ဖြစ်သလို ဘုရားအဖြစ်ကိုရောက်ရှိတဲ့နေ့လည်း ဖြစ်တဲ့အပြင် ပရိနိဗ္ဗာန်စံတဲ့နေ့လည်းဖြစ်တာကြောင့် ဗုဒ္ဓနေ့အဖြစ် နဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဘီဟားပြည်နယ်၊ ဗုဒ္ဓဂါယာမှာတော့ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ ဘုရားပွင့်ရာနေရာကို စီတန်းလမ်းလျှောက်ပြီး သွားရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာ ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေအပါအဝင် တခြား ဗုဒ္ဓဘာသာဝင်နိုင်ငံအတော်များများက သံဃာတော်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဗာရာဏသီမှာရှီတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာလည်း ဗုဒ္ဓ ပထမဆုံးတရားဟောခဲ့တဲ့ တိဘက်ဘုန်းတော်ကြီးကျောင်းကို သွားရောက်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden တို့ကလည်း အခုလို ဗုဒ္ဓနေ့ကို ကျင်းပနေကြတဲ့ ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာဝင်တွေကို နွေးထွေးစွာ နှုတ်ခွန်းဆက်သပါကြောင်း ဒီကနေ့ မေလ ၂၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဗုဒ္ဓနေ့ အခမ်းအနား မြင်ကွင်း (အိန္ဒိယနိုင်ငံ ၊ မေ ၂၃၊ ၂၀၂၄)
ဗုဒ္ဓနေ့ အခမ်းအနား မြင်ကွင်း (အိန္ဒိယနိုင်ငံ ၊ မေ ၂၃၊ ၂၀၂၄)

မြန်မာနဲ့ အိန္ဒိယအပါအဝင် အာရှတိုက်အတွင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာ ဂေါတမမြတ်စွာဘုရားပွင့်တဲ့နေ့ကို အသီးသီး ကျင်းပကြတာမှာ နိုင်ငံတခုနဲ့တခု ကျင်းပတဲ့ရက်အနည်းငယ် ကွာခြားပါတယ်။​ မြန်မာနိုင်ငံမှာတော့ မေလ ၂၂ ရက် မနေ့ ဗုဒ္ဓဟူးနေ့ဟာ ကဆုန်လပြည့်နေ့၊​ ဗုဒ္ဓနေ့ဖြစ်ပါတယ်။​ အိန္ဒိယနိုင်ငံမှာတော့ ဗုဒ္ဓလပြည့်နေ့လို့ လူသိများတဲ့ ဗုဒ္ဓနေ့ကို နှစ်စဉ် မေလရဲ့ လပြည့်နေ့မှာ ကျင်းပတာဖြစ်ပြီး ကျန် အာရှနိုင်ငံအများစုကတော့ ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ ဗုဒ္ဓနေ့အဖြစ် ကျင်းပကြပါတယ်။

အိန္ဒိယမှာ ဗုဒ္ဓမွေးနေ့ ကျင်းပ
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG