သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး နှစ်ဘက်အသိုင်းအဝိုင်းပူးပေါင်းစောင့်ကြည့်အဖြေရှာသင့်


ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတိုက်ပွဲတွေပြင်းထန်နေချိန် ဒေသခံရခိုင်နဲ့မူဆလင်တွေ ဖမ်းဆီးခံရတာ နေအိမ်မီးရှို့ခံရတာတွေရှိလာနေပါတယ်။ နှစ်ဘက်အသိုင်းအဝိုင်းခေါင်းဆောင်တွေလူမှုအဖွဲ့အစည်းတွေကနေ ဖြစ်စဉ်တွေကို လူထုအခြေပြု သတိထားစောင့်ကြည့် သတိပေးသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာတွေက အကြံပြုပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA နဲ့ မြန်မာစစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေပြီး အာရက္ခတပ်တော်ဘက်က အချက်အခြာကျတဲ့ နေရာတော်တော်များများကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ရေးပဋိပက္ခတွေတင်းမာနေချိန် ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံနေရတာရှိသလို ဒေသခံရခိုင် နဲ့မူဆလင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရ ဖမ်းဆီးခံရ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်နေပါတယ်။ ဒီအခြေအနေအပေါ် နှစ်ဘက်အသိုင်းအဝိုင်းခေါင်းဆောင်တွေ ရပ်မိရပ်ဖတွေ လူမှုအဖွဲ့အစည်းတွေကနေ ဖြစ်စဉ်တွေကို လူထုအခြေပြု သတိထား စောင့်ကြည့် သတိပေးသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာတွေက အကြံပြုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်ကိုအောင်မြိုင်ကို Skype ကနေဆက်သွယ်မေးမြန်းထားတာကို ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန်က တင်ဆက်ထားပါတယ်။

Forum

XS
SM
MD
LG