သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို ရွေးကောက်ပွဲမှာ ပထမဆုံး အမျိုးသမီးသမ္မတ အနိုင်ရနိုင်ခြေရှိ


မက္ကဆီကိုစီးတီးမြို့တော်ဝန်ဟောင်း Sheinbaum (ဇွန် ၃၊ ၂၀၂၄)
မက္ကဆီကိုစီးတီးမြို့တော်ဝန်ဟောင်း Sheinbaum (ဇွန် ၃၊ ၂၀၂၄)

မက္ကဆီကိုနိုင်ငံ သမ္မတရွေးကောက်ပွဲ တနင်္လာနေ့အစောပိုင်း တရားဝင်ထုတ်ပြန်တဲ့ ကနဦးမဲရလဒ်တွေအရ လက်ရှိအာဏာရပါတီ ကိုယ်စားလှယ်လောင်း Claudia Sheinbaum က မဲ ၅၈ ရာခိုင်နှုန်းနဲ့ ၆၀ ရာခိုင်နှုန်းကြား အနိုင်ရတယ်လို့ အမျိုးသားရွေးကောက်ပွဲကော်မတီက ပြောပါတယ်။

မက္ကဆီကိုစီးတီးမြို့တော်ဝန်ဟောင်း Sheinbaum က မက္ကဆီကိုသမိုင်းကြောင်းတလျှောက် နှစ် ၂၀၀ အတွင်း သူ့အနေနဲ့ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ကနဦးမဲရလဒ်တွေ ကြေညာအပြီး သူ့ထောက်ခံသူတွေကို ပြောပါတယ်။ သူ့ပြိုင်ဘက် စီးပွါးရေးလုပ်ငန်းရှင် အထက်လွှတ်တော်အမတ် Xóchitl Gálvez က မဲ ၂၆ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းကျော်လောက်ရပြီး၊ အလယ်အလတ်ဝါဒီ ကိုယ်စားလှယ်လောင်း Jorge Álvarez Máynez က မဲ ၉ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကျော် အနိုင်ရတာပါ။

ကနဦး မဲရလဒ်တွေအရ Sheinbaum ရဲ့ Morena ပါတီက မက္ကဆီကိုကွန်ဂရက်လွှတ်တော်နှစ်ရပ်စလုံးမှာ နေရာအများစုကို အနိုင်ရထားပါတယ်။ မက္ကဆီကိုဟာ ဒီမိုကရေစီနိုင်ငံတခုဖြစ်တာကို မဲပေးတဲ့လုပ်ငန်းစဉ်တွေက ထင်ဟပ်ပြနေသလို မက္ကဆီကိုပြည်သူတွေကိုကျေးဇူးတင်ကြောင်း၊ သူ့အနေနဲ့ တရားမျှတပြီး ပိုမိုသာယာဝပြောတဲ့ နိုင်ငံတခုတည်ဆောက်သွားမယ်လို့ Sheinbaum က ကတိပြုပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG